Connect with us

Hi, what are you looking for?

သတင်း

ကွမ်းလုံမြို့နယ် ဗုံးကြဲတိုက်ခိုက်မှု စစ်တပ်ကင်းထောက်လေယာဉ်လာသည်ကို သတိထားမိပြီး လူစုခွဲခဲ့၍ လူထိခိုက်မှုမရှိခဲ့

ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့် ကွမ်းလုံမြို့နယ် နမ့်ဟူးရွာကိုစစ်ကောင်စီကယနေ့မနက်အစောတွင်လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနေအိမ်နှင့် ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ရှိသော်လည်းလူထိခိုက်သေဆုံးမရှိခဲ့ဟု ဒေသ သတင်းရင်းမြစ်ကပြောသည်။

စစ်တပ်ဗုံးကြဲမှု​ကြောင့် အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

ထားမြတ်/People’s Spring

ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့် ကွမ်းလုံမြို့နယ် နမ့်ဟူးရွာကိုစစ်ကောင်စီကယနေ့မနက်အစောတွင်လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနေအိမ်နှင့် ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ရှိသော်လည်းလူထိခိုက်သေဆုံးမရှိခဲ့ဟု ဒေသ သတင်းရင်းမြစ်ကပြောသည်။

စစ်ကောင်စီသည် ယမန်နေ့မနက်အစောတွင်လောက်ကိုင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယနေ့မနက်အစော(ယမန်နေ့ည သန်းခေါင်ကျော်)တွင် ကွမ်းလုံနမ့်ဟူးရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“တည့်တည့်ထိမှန်ခဲ့တဲ့နေရာက ဘုန်းကြီးကျောင်းနဲ့ကပ်လျက် သုံးထပ်အိမ် အရပ်သားအိမ်ဖြစ်တယ်။ ဘုန်းကြီးကျောင်းလည်း အနည်းငယ်ထိခိုက်မှုရှိတယ်လို့ပြောတယ်။ မနေ့ကနမ့်ဟူးကျေးရွာရဲ့ အခြေအနေက ဘာလဲဆိုတော့ ပြီးခဲ့တဲ့ ၂ရက် သုံးရက်လောက်က ဒီ ကိုးကန့်တပ်ဖွဲ့တွေလည်း အဲဒီမှာကလေးတွေကိုကာကွယ်ဆေးထိုးပေးနေတာ။ အဲဒီမှာ MNDAAတပ်ဖွဲ့ဝင်တွေလည်း ရောက်ရှိနေတဲ့ အပိုင်းတော့ ရှိတယ်။ ပြီးတော့ မနေ့က ညမှာဆို ဘုန်းကြီးကျောင်းမှာပွဲရှိတယ်။ သုံးထပ်အိမ်မှာလည်း လူတွေအများကြီးရှိနေတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်အပေါ်မှာ ပျံဝဲနေတဲ့အချိန်မှာ ဘုန်းကြီးကျောင်းရော အဲဒီ သုံးထပ်အိမ်မှာ စုဝေးနေတဲ့ သူတွေအားလုံးက မီးတွေ အကုန်ပိတ်ပြီး အခြားနေရာကို ပြောင်းရွှေ့သွားတာ” ဟု စစ်ရေး နိုင်ငံရေး လေ့လာသူဦးဇော်ဆန်က ပြောသည်။

ထို့နောက် စစ်ကောင်စီက ည ၁၂နာရီခွဲ ဝန်းကျင်တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဗုံး ၄လုံးအနက် ၃လုံး ပေါက်ကွဲခဲ့သည်ဟုသည်။

“ကင်းထောက်လေယာဉ်ပျံဝဲနေတဲ့အချိန်မှာလူတွေ ကြိုပြီးတော့ ရှောင်သွားနိုင်တာအများကြီးကောင်းသွားတယ်။ ကင်းထောက်လေယာဉ်လာတာကို သတိထားမိလို့တော်သေးတာပေါ့။ မဟုတ်ရင်တော့ မတွေးဝံ့စရာပေါ့။ အများကြီးအသက်ဆုံးရှုံးနိုင်တယ်ဒါက။” ဟု ဦးဇော်ဆန်က​ပြောသည်။

စစ်ကောင်စီ အနေဖြင့် ကချင်လွတ်ပ်ရေးတပ်မတော်(KIA) နှင့် MNDAA အပါအဝင် တိုင်းရင်းသား တပ်ဖွဲ့များ ထိန်းချုပ်နယ်မြေများကိုလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာနိုင်သည်ဟု ဦးဇော်ဆန်က ပြောသည်။

ယမန်နေ့ကလည်း တအာင်းတပ်မတော်(TNLA) နယ်မြေ နောင်ချိုမြို့နယ်ကိုစစ်ကောင်စီက မနက်ပိုင်းနှင့် နေလည်ပိုင်းတွင်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် အပါအဝင် ၃ဦးသေဆုံးပြီး ၆ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင်KIA ဌာနချုပ်လိုင်ဇာအနီး လမိုင်ယာန်ရွာကို စစ်ကောင်စီ ဗုံးကြဲခဲ့၍ ပြည်သူ ၂ဦး သေဆုံးခဲ့သည်။ MNDAA နယ်မြေ လောက်ကိုင်မြို့ကိုလည်းစစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရှေးဟောင်းမြို့တော် ပုဂံမြို့တဖက်ကမ်းက မကွေးတိုင်း၊ပခုက္ကူခရိုင်က မြစ်ခြေမြို့ကို စစ်တပ်က ၂ပတ်နီးပါးကြာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး ပြည်သူ ၇ဦးခန့် ဒဏ်ရာရရာကာ နေအိမ်ပျက်စီးမှုတွေဆက်တိုက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို စစ်တပ်ကလေကြောင်းကနေ ထပ်မံဗုံးကြဲနေတဲ့အပြင် ကသာမြို့မှာလည်း ဗုံးကြဲလို့ သီလရှင်တစ်ပါး ကွယ်လွန်ခဲ့ပါတယ်။

Facebook