Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်၊ ပင်လယ်ပြင်အတွင်း စစ်ရှောင် ၁၀၀ခန့် လိုက်ပါလာသော စက်လှေ နစ်မြုပ်ပြီး အများစု ‌ပျောက်ဆုံးနေ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာရွာအနီး ပင်လယ်ပြင်တွင် စစ်ဘေးရှောင်ပြည်သူ ၁၀၀ ခန့်လိုက်ပါလာသည့် စက်လှေတစ်စီး နစ်မြုပ်ပြီး အများစုပျောက်ဆုံးနေဆဲဖြစ်ကြောင်း ​ဒေသခံအချို့က ပြောသည်။

လူအေး/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာရွာအနီး ပင်လယ်ပြင်တွင် စစ်ဘေးရှောင်ပြည်သူ ၁၀၀ ခန့်လိုက်ပါလာသည့် စက်လှေတစ်စီး နစ်မြုပ်ပြီး အများစုပျောက်ဆုံးနေဆဲဖြစ်ကြောင်း ​ဒေသခံအချို့က ပြောသည်။

ကင်းမွန်ငါးဖမ်းမီးထွန်းလှေသည် ကျောက္ကာရွာအနီး ပင်လယ်ပြင်တွင် အောက်တိုဘာ ၂၀ ရက်နေ့ ည ၉ နာရီခန့်က နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ​ပြောသည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီရဲ့ လေကြောင်းရန်ကိုကြောက်လို့ ပြေးသူတွေရော၊ ကျောင်းတက်ဖို့ လိုက်သွားတဲ့ ကျောင်းသားတွေရော ပါသွားတာပါ။ ၁၀၀ လောက်ရှိတယ်တောင် ကြားနေရပါတယ်။ တခါတခါ သွားရဖို့လည်း မလွယ်တော့ စုပြုံတက်ရင်း ဖြစ်တာ” ဟု ပုလောမြို့ခံတစ်ဦးကပြောသည်။

အရပ်ဘက်အဖွဲ့များပါသည့် ကယ်ဆယ်ရေး‌အဖွဲ့များနှင့် ဒေသခံများက ရှာဖွေကယ်ဆယ်ရေးလုပ်နေသော်လည်း စစ်ကောင်စီလေကြောင်းရန်ကို ကြောက်နေရ၍ မထိရောက်ကြောင်း ​ဒေသခံအချို့ကပြောသည်။

ပုလောမြို့နယ်တွင် ယခုရက်ပိုင်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများမကြာခဏ ပြုလုပ်​နေသည်။ စစ်လှေပေါ်၌ လိုက်ပါလာသူများသည် မြို့နယ်အတွင်း ရွာများမှ စစ်ဘေးရှောင်ရန် ကြိုးစားကြသူများဖြစ်ကြောင်း သိရသည်။

ယနေ့(အောက်တိုဘာလ ၂၁ရက်)နံနက်အထိ ၂၀ ဦးခန့်သာ ကယ်ဆယ်ထားနိုင်ပြီး ၈၀ခန့်ပျောက်ဆုံးနေကြောင်း ဒေသခံအချို့က ပြောသည်။​ရေနစ်​သေဆုံးသူအချို့၏ ရုပ်အ​လောင်းများထဲတွင် လသားအရွယ် က​လေးငယ်တဦးပါဝင်သည်ကို​လည်းတွေ့ရသည်။

ပုလောမြို့နယ်အပါအဝင် တနင်္သာရီတိုင်းအတွင်း ယခုရက်ပိုင်းမိုးရွာနေသလိုပင်လယ်၌လည်း မိုးသက်လေပြင်းကျနေသည်ဟု သတင်းရရှိသည်။

(စစ်​လှေနစ်မြုပ်ပြီး​သေဆုံးသူ အချို့၏ရုပ်အ​လောင်းများကို ကယ်ဆယ်​ရေးအဖွဲ့များကဆယ်ယူလာစဥ်။ဓါတ်ပုံ-ကယ်ဆည်​ရေးအဖွဲ့များ)

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာက စစ်ကောင်စီတပ် စခန်းအပါအဝင် မြို့နယ်အတွင်းရှိ တပ်စွဲရာနေရာ၄ခုကို တပြိုင်တည်းတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလား(ပုလော)မြို့နယ်၊ ပလောကျေးရွာအုပ်စု တောင်ယာကမ်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဒီကနေ့ မတ်လ ၁၄ရက် မနက်မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း လက်ရှိအထိ စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်နေဆဲ အခြေအနေဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် အမှတ်(၁) တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။