Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ် စက်လှေတိမ်းမှောက်မှု ရုပ်အလောင်း ၁၁လောင်းတွေ့ရှိထား

လူ ၇၀ခန့်ပျောက်ဆုံးနေ၊ အသက်ရှင်လျှက် ကိုးဦးဆယ်ယူရရှိကာ

စက်လှေမှောက်မှုအတွင်း ရှာဖွေတွေ့ရှိထားသော ရုပ်အလောင်းအချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာရွာမှတဆင့် မြိတ်မြို့သို့ ပြေးဆွဲသည့် စက်လှေတစ်စီးတိမ်းမှောက်မှုဖြစ်စဥ်အတွင်း ရုပ်အလောင်း ၁၁ လောင်းတွေ့ရှိထားပြီး လူ ၇၀ကျော်ပျောက်ဆုံးနေကြောင်း အဆိုပါကျေးရွာဒေသခံများက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(အောက်တိုဘာ ၂၀ ရက်)ည ၉နာရီခွဲခန့်က ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့ ပြေးဆွဲနေသော စက်လှေတစ်စီးမှာ လှေစထွက်ပြီး မိနစ်ပိုင်းအကြာတွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ကျောက္ကာရွာအလွန်လေးတင် လှေကမှောက်သွားတာ။ လိုက်ပါတဲ့လူဦးရေကလည်း အရမ်းများသွားတယ်။ မြိတ်ကို ကျောင်းတက်ဖို့ပြန်တဲ့ ကျောင်းသား၊ ကျောင်းသူတွေပါတယ်။ ပြီးတော့ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေလည်းပါတယ်။ လှေပေါ်မှာ လူဦးရေဘယ်လောက်ပါတယ်ဆိုတာကိုတော့ တိတိကျကျမပြောနိုင်သေးဘူး။ ၇၀ကျော်လို့ခန့်မှန်းသလို လူ ၉၀ ဝန်းကျင်လည်းဖြစ်သွားနိုင်တယ်”ဟု ကျောက္ကာရွာမှ ဒေသခံတစ်ဦးက ပြော သည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် မြိတ်မြို့မှလာသော လူမှုကူညီရေးအသင်းများနှင့် ဒေသခံများပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်လျှက်ရှိရာ ယနေ့(အောက်တိုဘာ ၂၁ ရက်) ညနေ ၃ နာရီအထိ အသက်ရှင်လျှက်ပြန်တွေ့သူ ကိုးဦးနှင့် ရုပ်အလောင်း ၁၁ လောင်းရှာဖွေတွေ့ရှိထားကြောင်း ၎င်းက ဆက်ပြောသည်။

“မြိတ်ကနေ သီတင်းကျွတ်ရွာပြန်ကြတာ။သီတင်းကျွတ်ပြီးလို့ မြိတ်ပြန်ကြတော့ လမ်းမှာ ရေဝဲနဲ့တွေ့ပြီး ဆုံးကုန်ကြတာ။ ကျမတူမတွေ သုံးယောက်ပါသွားတယ်။ တစ်ယောက်ပဲ အလောင်းရတယ်”ဟု စက်လှေတိမ်းမှောက်ရာတွင် ဆွေမျိုးသားချင်းတချို့ပါသွားသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ကျောက္ကာနှင့် မြိတ်သို့ပြေးဆွဲသည့် စက်လှေ(မော်တော်)များသည် ပေါင်းမိုးအပါအဝင် နှစ်ထပ်စက်လှေများဖြစ်ပြီး ခရီးသည်အပြင် ကုန်ပစ္စည်းပါပေါင်းတင်သည့် ခရီးသည်တင်ရေယာဥ်များဖြစ်ကာ ပုံမှန်အခြေအနေတွင် စက်လှေတစ်စီးလျှင် လူဦးရေ ၄၀ ဝန်းကျင်ခန့်သာတင်လေ့ရှိပြီး ကျောက္ကာနှင့်မြိတ် ၃နာရီခန့် မောင်းနှင်ရသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာက စစ်ကောင်စီတပ် စခန်းအပါအဝင် မြို့နယ်အတွင်းရှိ တပ်စွဲရာနေရာ၄ခုကို တပြိုင်တည်းတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလား(ပုလော)မြို့နယ်၊ ပလောကျေးရွာအုပ်စု တောင်ယာကမ်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဒီကနေ့ မတ်လ ၁၄ရက် မနက်မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း လက်ရှိအထိ စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်နေဆဲ အခြေအနေဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် အမှတ်(၁) တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။