Connect with us

Hi, what are you looking for?

သတင်း

တရုတ် – မြန်မာနယ်စပ် ကန်ပိုက်တီဒေသရှိ နယ်ခြားစောင့်တပ် (၁၀၀၃)ဌာနချုပ်ကို KIA သိမ်းပိုက်

ကန်ပိုက်တည်မြို့ရှိ ခလရ(၁၅)စခန်းကိုလည်း သိမ်းပိုက်ပြီးဟုဆို

ပန်ဝါမြို့ရှိ (၁၀၀၂)တပ်ရင်းဌာနချုပ်အား KIA သိမ်းပိုက်အပြီးတွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

တရုတ် – မြန်မာနယ်စပ်မြို့ ကန်ပိုက်တီဒေသရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် – BGF (၁၀၀၃)တပ်ရင်းကို ယနေ့ ညနေပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်းစစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

အောက်တိုဘာတတိယပတ်အတွင်းက BGF (၁၀၀၃)တပ်ရင်းဌာနချုပ် ကာကင်းစခန်း ၅ခုထက်မနည်းကို KIAက သိမ်းပိုက်ခဲ့ပြီး တပ်ရင်းဌာနချုပ်ကို ယနေ့ (အောက်တိုဘာ ၂၁ရက်) ညနေပိုင်တွင် သိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အမှတ်(၁၀၀၃) နယ်ခြားစောင့်တပ် ဌာနချုပ်(စင်ကြိုင်)နှင့် ကန်ပိုက်တည်မြို့ရှိ ရှေ့တန်းခလရ(၁၅) စခန်းအား အောက်တိုဘာ ၂၁ရက် ညနေ ၅နာရီတွင် သိမ်းပိုက်ခဲ့ဟု KIA၏ စခန်းသိမ်း တိုက်ပွဲအောင်မြင်မှု သတင်းများ

ပုံမှန်ဖော်ပြနေသည့် ကချင်စစ်ရေးသတင်းရင်းမြစ်ကလူမှုကွန်ရက်မှတဆင့် အသိပေးသည်။

စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်ကလည်း “တရုတ်-မြန်မာ နယ်စပ် ကန်ပိုက်တည်နဲ့ ဆဒုံးကြား စင်ကြိုင်ကျေးရွာအနားမှာ ရှိတဲ့ BGF ၁၀၀၃ တပ်စခန်းကို ဒီကနေ့ ညနေ ၅နာရီ ဝန်းကျင်မှာ ဝင်ရောက်ရှင်းလင်းရေးတွေ လုပ်နေတယ်လို့ ကနဦး သိရှိရတယ်။ အခုလောလောဆယ်က စင်ကြိုင်ကျေးရွာ အနီးမှာ ရှိတဲ့ BGF(၁၀၀၃)တပ်စခန်းဝန်းထဲကို နယ်မြေရှင်းလင်းရေးတွေ ဆက်လက်ဆောင်ရွက်နေဆဲလို့ ကျနော်တို့ သိရှိထားပါတယ်”ဟု ဦးဇော်ဆန်က ပြောသည်။

ကန်ပိုက်တည်မြို့ကိုလည်း ယနေ့ စစ်ကောင်စီ ရဟတ်ယာဉ် တစ်စီး မိနစ်အနည်းငယ်ကြာ လာရောက်ဆင်းသက်ခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

“ညနေပိုင်းတော့ ၂နာရီကျော်ဝန်းကျင်မှာ ဟက်စကီးတစ်စီးတော့ လာသွားတယ်။ ကျနော်တို့ ဘက်က အသေးစိတ်သိရှိနိုင်ခြင်းတော့ ဘာမှ တော့ သတင်းတက်မလာသေးဘူး အဲဒီရဟတ်ယာဉ်ကိစ္စနဲ့ ပတ်သက်ပြီးတော့”ဟု ဦးဇော်ဆန်က ပြောသည်။

ကချင်သတင်းရင်းမြစ်တစ်ဦးကလည်း စစ်ကောင်စီရဟတ်ယာဉ် ကန်ပိုက်တည်သို့ မိနစ်အနည်းငယ်ကြာ ဆင်းသက်စဉ် တရုတ်ဘက်က ပစ်ခတ်မှုအချို့ ပြုလုပ်ခဲ့သည်ဟု ပြောသည်။

“အလကား လျှောက်ပစ်တာ အဲဒီတရုတ်တွေ။ ပုံမှန်ပဲ။ ဒီဘက် KIA ထိန်းချုပ်တဲ့ နေရာမှာ ရဟတ်ယာဉ်လေယာဉ်လာတိုင်း လျှောက်ပစ်နေတာပဲ”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ကန်ပိုက်တည်ဒေသခံမှာ မြို့မှစွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေကြသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၈ရက် ပန်ဝါမြို့ကို KIA သိမ်းပိုက်ခဲ့သည့် ညကလည်း KIA ဌာနချုပ်လိုင်ဇာအနီးကိုလေကြောင်းတိုက်ခိုက်ခဲ့ရာ တရုတ်နိုင်ငံဘက်ကမီးကျည်ပစ်ဖောက်သတိပေးပစ်ခတ်မှုပြုလုပ်ခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

ယခု BGF(၁၀၀၃)တပ်ရင်းဌာနချုပ် သိမ်းပိုက်မှု အခြေအနေနှင့်ပတ်သက်ပြီး အတည်ပြုနိုင်ရေး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

KIAသည် ပန်ဝါမြို့ရှိ (၁၀၀၂)တပ်ရင်းဌာနချုပ် အပါအဝင် ဒေသတွင်းရှိတပ်စခန်းများကို လည်း တိုက်ခိုက်သိမ်းပိုက်ပြီး ပန်ဝါမြို့ကို ထိန်းချုပ် ထားသည်။

ထို့ပြင် ဆော့လော်၊ ချီဖွေနှင့် ဆဒုံးမြို့များကိုလည်း သိမ်းပိုက်ထားပြီးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မူဆယ်မြို့မှစစ်ကူပို့ဆောင်ခံရသူများကို KIA က ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကြောင်းအလိုက် အထိနာကြောင်း သတင်းများထွက်ပေါ်နေသည်။

သတင်း

KIAသည် နိုင်ဘာ ၂၀ ရက်တွင် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ ကန်ပိုက်တီကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

သတင်းရင်းမြစ်အချို့ဖော်ပြလာသည့် ရုပ်သံ၌ပင် လက်နက်ငယ် အလက် ၈၀ဝန်းကျင် နှင့် ကျည်များ၊ RPG ကျည်များစုပုံထားသည်ကို တွေ့ရသည်။

သတင်း

ကချင်အထူးဒေသ(၁)၌ နောက်ဆုံးကျန်နေသည့် မြို့ဖြစ်ပြီး တရုတ် - မြန်မာတရား၀င်နယ်စပ်ကုန်သွယ်ရေး မြို့ဖြစ်သည့် ကန်ပိုက်တီကို KIAက နိုဝင်ဘာ ၂၀ရက် နံနက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ ညနေပိုင်း၌ အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။