Connect with us

Hi, what are you looking for?

သတင်း

ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲ လက်နက် ၁၀၀ကျော် KIAသိမ်းရ

သတင်းရင်းမြစ်အချို့ဖော်ပြလာသည့် ရုပ်သံ၌ပင် လက်နက်ငယ် အလက် ၈၀ဝန်းကျင် နှင့် ကျည်များ၊ RPG ကျည်များစုပုံထားသည်ကို တွေ့ရသည်။

(ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲအတွင်း KIAသိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - ကချင်တောင်တန်း)
(ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲအတွင်း KIAသိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - ကချင်တောင်တန်း)

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကန်ပိုက်တီမြို့ တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များထံမှ လက်နက် ၁၀၀ကျော်သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့က အသိပေးသည်။

နိုဝင်ဘာ ၂၀ရက်ညနေပိုင်းတွင် ကန်ပိုက်တီမြို့ကို KIAက သိမ်းပိုက်ပြီးနောက် ယနေ့ (နိုဝင်ဘာ ၂၁ရက်)တွင် ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲအတွင်း KIA ရရှိခဲ့သည့် လက်နက်ခဲယမ်းများ စုပုံထားသည့် ရုပ်သံကို ကချင်သတင်းရင်းမြစ်အချို့က အသိပေးဖော်ပြလာခြင်းဖြစ်သည်။

” ကန်ပိုက်တီက လက်နက် ၁၀၀ကျော်ရတယ်”ဟုလည်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် သတင်းရင်းမြစ်အချို့ဖော်ပြလာသည့် ရုပ်သံ၌ပင် လက်နက်ငယ် အလက် ၈၀ဝန်းကျင် နှင့် ကျည်များ၊ RPG ကျည်များစုပုံထားသည်ကို တွေ့ရသည်။

KIAသည် ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲကို ယမန်နေ့ နံနက်ကစတင်ခဲ့ရာ နောက်တစ်ရက်တွင် အောင်မြင်မှုရခဲ့ခြင်းဖြစ်သည်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ တရုတ်ဘက်ထွက်ပြေးသွားခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

ကန်ပိုက်တီမြို့သိမ်းပိုက်နိုင်မှုအပါအဝင် စစ်ရေး အခြေအနေများ မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံဆက်သွယ်ထားဆဲဖြစ်သည်။

KIA အနေဖြင့်တိုက်ပွဲအတွင်း လက်နက်ခဲယမ်းရရှိမှု ထိခိုက်ကျဆုံးနှင့် စစ်သုံ့ပန်းဖမ်းဆီးရရှိမှု အခြေအနေများကို အသေးစိတ် သတင်းထုတ် ပြန်လေ့မရှိပေ။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။