Connect with us

Hi, what are you looking for?

သတင်း

လားရှိုး၊ ဆဒုံးနှင့် မိုးမောက်-ဗန်းမော်ကြားကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နှင့် ကချင်ပြည်နယ် ဆဒုံးမြို့နှင့်မိုးမောက် – ဗန်းမော်ကြား (၇)မိုင်နေရာများကို စစ်ကောင်စီက ယမန်နေ့ညတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ညက လားရှိုးမြို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - FYV

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နှင့် ကချင်ပြည်နယ် ဆဒုံးမြို့နှင့်မိုးမောက် – ဗန်းမော်ကြား (၇)မိုင်နေရာများကို စစ်ကောင်စီက ယမန်နေ့ညတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက အကြိမ်ကြိမ်လေကြောင်း တိုက်ခိုက်နေသလို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နယ်မြေများကိုလည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ အောက်တိုဘာ ၂၁ရက်ည သန်းခေါင်ကျော်တွင် လားရှိုးမြို့တွင်းကို စစ်ကောင်စီက ဗုံးကြဲခဲ့ရာ ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်သည်ဟု စစ်ရေး၊နိုင်ငံရေး လေ့လာသူ ဦးဇော်ဆန်က ပြောသည်။

လားရှိုးမြို့ လေကြောင်းတိုက်ခိုက်ခဲ့သည့် နေရာသည် လားရှိုးမြို့ ရပ်ကွက် (၈)ရှိ မန်ဆူဘုရားအနီးဟု သိရပြီးအထိအခိုက် မသိရသေးဟု လားရှိုး ဒေသသတင်းရင်းမြစ်က ယမန်နေ့ညတွင် လူမှုကွန်ရက်၌ ရေးသားထားသည်။

လားရှိုးမြို့ရှိ ပရဟိတအဖွဲ့တစ်ခုကလည်း လေကြောင်း တိုက်ခိုက်မှုကြောင့် လူသေဆုံးမှုမရှိသော်လည်း ဒဏ်ရာရသူရှိခဲ့ဟု အသိပေးထားသည်။

ထို့ပြင် ယမန်နေ့ည ၉နာရီ ဝန်းကျင်တွင် မိုးမောက် – ဗန်းမော် ကြား (၇)မိုင် အောင်မြေရွာအနီးကို လေယာဉ်ဖြင့် ၂ကြိမ် ဗုံးကြဲခဲ့သည်ဟု ဦးဇော်ဆန်က ပြောသည်။

“မနေ့ည ၁၁နာရီ ဝန်းကျင်မှာ ဆဒုံးဗျူဟာကုန်းမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့မှတ်တမ်း။ သုံးကြိမ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

မြေပြင် အခြေအနေတော့ သေချာမိသရသေးပါဘူး”ဟု ဦးဇော်ဆန်က ပြောသည်။

စစ်ရေး ၊ နိုင်ငံရေး အဖက်ဖက်ကရှုံးနေသည့် စစ်ကောင်စီအနေဖြင့် ပိုမိုဆိုးရွာသည့် လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်လာနိုင်ကြောင်းလည်း ၎င်းက သုံးသပ်သည်။

“အထူးသဖြင့် KIA၊ MNDAAနဲ့ TNLA သုံးဖွဲ့ ထိန်းချုပ်ထားတဲ့ မြို့ကျေးရွာက ပြည်သူတွေ စကစရဲ့ လေကြောင်း သတင်းအထူးသတိပြု နေထိုင်ဖို့ လိုပါတယ်”ဟု ဦးဇော်ဆန်က ပြောသည်။

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း KIA နယ်မြေ လိုင်ဇာအနီး၊ ကိုးကန့်နယ်မြေ လောက်ကိုင်၊ TNLAနယ်မြေ နောင်ချို ၊ နမ့်ခမ်း မြို့နယ်များကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာအရပ်သား ပြည်သူ သေဆုံးထိုခိုက်မှုများ ရှိခဲ့သည်။ လေကြောင်း တိုက်ခိုက်ခဲ့သည့် နေရာအများစုသည် အရပ်သား ပြည်သူလူထုနေထိုင်ရာများဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။