Connect with us

Hi, what are you looking for?

သတင်း

ရေကြီးနေသည့် ရွှေပြည်သာမြို့၌ ဓာတ်ကြိုးပြတ်ကျ၍ အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံး

မိုးကြီးပြီးနောက် လမ်းမပေါ် ရေတင်နေစဉ် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၌ လျှပ်စစ်ဓာတ်ကြိုးပြတ်ကျ၍ အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့သည်။

ရွှေပြည်သာမြို့နယ် တနေရာ၌ ရေကြီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

လူအေး/People’s Spring

မိုးကြီးပြီးနောက် လမ်းမပေါ် ရေတင်နေစဉ် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၌ လျှပ်စစ်ဓာတ်ကြိုးပြတ်ကျ၍ အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့သည်။

ရွှေပြည်သာမြို့နယ်၊ (၁၂)ရပ်ကွက်၊ ပိတောက်လမ်းတွင် ယနေ့နံနက် ၅နာရီခန့်က ယင်းဖြစ်စဉ် ဖြစ်ခဲ့ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

” စက်ရုံအလုပ်သမားအမကြီးပါ။ သူတို့ရှေ့လမ်းမှာ ဖြစ်တာ။ ဓာတ်ကြိုးက ပြတ်ကျပြီး ဓာတ် လိုက်တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူသည် မနော်ဖူးဆိုသည့် အသက် (၄၅)နှစ်ခန့် အမျိုးသမီးတစ်ဦးဖြစ်သည်။ထိုဖြစ်ရပ်အတွက် စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာန၌ တာဝန်ရှိကြောင်း ဒေသခံများကပြောသော်လည်း ယင်းဌာနက တာဝန်ယူခြင်းမရှိဟု ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်ကလည်း ပဲခူးမြစ်‌ရေမြင့်တက်ပြီး ရေကြီးနေသည့်ပဲခူးမြို့တွင် ရေထဲသို့ ပြတ်ကျနေသည့် လျှပ်စစ်ကြိုးမှ ဓာတ်လိုက်ပြီး အမျိုးသားနှစ်ဦး သေဆုံးခဲ့သည်။ အဆိုပါဖြစ်ရပ်တွင်လည်း စစ်ကောင်စီက တာဝန်ယူ‌ဆောင်ရွက်ပေးခြင်းမရှိခဲ့ပေ။

ရွှေပြည်သာမြို့နယ်အပါအဝင် ရန်ကုန်မြို့တွင်းမြို့နယ်များအပြား၌ အောက်တိုဘာ၂၁ရက်မှစ၍ ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ပြီး ယနေ့ ရေအနည်းငယ်ပြန်ကျနေကြောင်း သတင်းရရှိသည်။

ရေဘေးအဆုံးရွားဆုံးမှာ ရွှေပြည်သာမြို့နယ်ရဖြစ်ပြီး ရပ်ကွက်အချို့တွင် ယနေ့ နေ့လည်ပိုင်းအထိ နှစ်ပေခန့်အထိရေမြင့်တက်နေဆဲဟု မြို့ခံအချို့ထံမှ သိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးပြီး ခါးလောက်နီးပါးထိ ရေမြုပ်နေတဲ့ နေရာမှာ ကျင်းပခဲ့တဲ့ ဖိလစ်ပိုင် မင်္ဂလာပွဲ တစ်ခုဟာ လူမှုကွန်ရက်ပေါ်မှာ လူပြောများနေပါတယ်။

သတင်း

နီပေါနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုမှာ ကလေးနှစ်ဦးကို လက်တွဲပြီး ပြေးလာရင်း အသက်ဘေးကနေ ကပ်လွတ်ခဲ့တဲ့ မိခင်တစ်ဦးရဲ့ ရင်ထိတ်စရာ အခြေအနေကို ဗီဒီယိုနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံက နာမည်ကျော် ဂရန်းကန်ညွန် (Grand Canyon) ချောက်ကြီးထဲမှာ ရုတ်တရက် ရေကြီးမှု တစ်ခုကြောင့် တောတောင် ခြေလျင်ခရီးသွား ၁၅ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

ရေဘေးကြုံနေတဲ့ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ လှေတစ်စီးရေစီး နဲ့ မျောပါတိမ်းမှောက်သွားလို့ အမျိုးသားတစ်ဦး ပျောက်ဆုံးနေပါတယ်။