Connect with us

Hi, what are you looking for?

သတင်း

သံအမတ်ကြီးဦးကျော်မိုးထွန်းအား ကုလမှာ ဆက်လက်ခန့်ထားရေး စစ်ကိုင်းတိုင်းက ပြည်သူတွေ ဆန္ဒပြတောင်းဆို

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီးဦးကျော်မိုးထွန်းအား ကုလသမဂ္ဂမှာ ဆက်လက်ခန့်ထားရေးအတွက် ဒီကနေ့ (အောက်တိုဘာ ၂၃) မှာ အသီးသီး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

သုည/People’s Spring

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီးဦးကျော်မိုးထွန်းအား ကုလသမဂ္ဂမှာ ဆက်လက်ခန့်ထားရေးအတွက် ဒီကနေ့ (အောက်တိုဘာ ၂၃) မှာ အသီးသီး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ ကုလသမဂ္ဂဆိုင်ရာ သံအမတ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားရေး လူထုလုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အတုအယောင် ရွေးကောက်ပွဲပြုလုပ်ဖို့ စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူနေမှုကိုလည်း ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ရွှေဘိုမြို့နယ်မှာလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း “Our Ambassador Myanmars Voice ငါတို့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံ ဖြစ်သည်” စတဲ့ စာသားတွေ ကိုင်ဆောင်ပြီး လူထုဆန္ဒကို ထုတ်ဖော်ခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်စစ်ကြောင်းက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ခန့်အပ်ရေး တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ ရွှေဘိုမြို့နယ်လူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့အ​ခြေစိုက်၊တပ်မ(၃၃)ကိုပြန်လာတဲ့ စစ်တပ်ယာဉ်တန်း ဒီက​နေ့မှာမိုင်းဆွဲခံရပြီးထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့မှာ မနေ့က မေလ ၁၁ရက်တစ်ရက်တည်း လူ ၁၅၀နီးပါး စစ်တပ်ရဲ့ ဖမ်းဆီးပေါ်တာဆွဲခံရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်က ကျေးရွာတွေ စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခံထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေအတွက် “စစ်ကိုင်းဆီသို့” ကမ်ပိန်းမှ ထောက်ပို့တဲ့ကာကွယ်ရေးပစ္စည်းများ လက်ခံရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။