Connect with us

Hi, what are you looking for?

သတင်း

တောင်ဒဂုံမြို့နယ် (၂၆)ရပ်ကွက်ရုံး ဖောက်ခွဲတိုက်ခိုက်ခံရ

ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ် (၂၆)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့် အဝေးထိန်းမိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon UG People Army (YUPA) မှတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတိုး/People’s Spring

ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ် (၂၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့် အဝေးထိန်းမိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon UG People Army (YUPA) မှတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

“ဖောက်ခွဲတိုက်ခိုက်ပြီးချင်း (၂၆)ရပ်ကွက်ရုံးထဲက မီးခိုးတွေအများကြီးထွက်လာတယ်။ ရုံးပတ်ဝန်းကျင်တစ်ခုလုံးအမှောင်ချသွားတာကိုမြင်ခဲ့ရပါတယ်။ ပေါက်ကွဲအားပြင်းတဲ့အတွက် ဒီကောင်တွေ ထိခိုက်သေဆုံးမှုတော့ရှိနိုင်တယ်” ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုကို အောက်တိုဘာ ၂၅ ရက် ည ၇နာရီခွဲခန့်တွင် YUPA နှင့် မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၂)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

“စကစ သက်ဆိုးရှည်ဖို့အတွက် ပြည်သူတွေကိုခြိမ်းခြောက်ငွေညှစ်ပြီး သန်းခေါင်စာရင်း ကောက်ခံနေတယ်လို့တိုင်ကြားစာတွေလက်ခံရရှိခဲ့ပါတယ်”ဟု ယင်းရုံးကိုတိုက်ခိုက်ရသည့်အကြောင်းကို ၎င်းကပြောသည်။

ယင်းရုံးအတွင်း၌ အုပ်ချုပ်ရေးအဖွဲ့ဝင်များရှိသည့်အချိန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြင်းအားမြင့် မိုင်းများဖြစ်သောကြောင့် ထိခိုက်မှုများနိုင်ကြောင်း ၎င်းက ဆိုသည်။

“တိုက်ခိုက်ပြီးမကြာဘူး အဲ့နေရာပတ်ဝန်းကျင်မှာ ပိတ်ဆို့စစ်ဆေးတာတွေကော အရပ်ဝတ်ကားတွေဆိုင်ကယ်တွေနဲ့ကော တောက်လျှောက်ပတ်နေတယ်လို့ မြေပြင်သတင်းရပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

၎င်းတို့အဖွဲ့အနေဖြင့် စစ်ကောင်စီနှင့် ထောက်တိုင်များကို တိုက်ခိုက်သည့် စစ်ဆင်ရေးများဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ ‌ပါဝင် ကူညီပေးရန် ၎င်းက တောင်းဆိုသည်။

“ပြည်သူတွေအနေနဲ့ အတက်နိုင်ဆုံး စကစတွေနဲ့ အဝေးမှာနေပေးကြဖို့နဲ့ တက်နိုင်သလောက် ပါဝင် ထောက်ပို့ကူညီပေးကြပါလို့ပြောပါရစေ” ဟု ၎င်းက ပြောသည်။

စက်တင်ဘာ ၉ ရက် ညကလည်း တောင်ဒဂုံမြို့နယ်၊ အမှတ် (၂၆)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ သန်းခေါင်စာရင်းကောက်ယူမှုနှင့် ပတ်သက်ပြီး အစည်းအဝေးပြုလုပ်နေစဉ် မိုင်းခွဲတိုက်ခိုက်ခံရမှုဖြစ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ်(၂)လမ်းမပေါ်မှာ YBSနဲ့ အငှားယာဉ်တိုက်မိပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ သု၀ဏ္ဏပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၌ ပြည်သူများ ဖိနှိပ်နေသည့် သိန်းငှက်‌ပျူစောထီးအဖွဲ့ကို မြို့ပြကြွက်ကွန်ရက်အတွင်းရှိ ပြောက်ကျားရဲဘော်များက လက်လုပ်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူကပြောသည်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၁၄၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား မတ်လ ၈ရက် ည ၁၀ နာရီခန့်တွင် လက်ပစ်ဗုံးသုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA)အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

သတင်း

ကားသည် အရှိန်ပြင်းပြီး အတိုက်ခံရသူမှာ ကားနှင့်အတူ ပေ(၁၅၀)ခန့်အထိ တရွတ်တိုက်ပါသွားကာ သေဆုံးသွားသည်ဟု ဆိုသည်။