Connect with us

Hi, what are you looking for?

သတင်း

တောင်ဒဂုံက ပျူစောထီးအဖွဲ့ကို မြို့ပြပြောက်ကျားရဲဘော်များ တိုက်ခိုက်

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၌ ပြည်သူများ ဖိနှိပ်နေသည့် သိန်းငှက်‌ပျူစောထီးအဖွဲ့ကို မြို့ပြကြွက်ကွန်ရက်အတွင်းရှိ ပြောက်ကျားရဲဘော်များက လက်လုပ်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူကပြောသည်။

တောင်ဒဂုံမြို့နယ် (၇၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဇူလိုင်-၁၅၊၂၀၂၅။သတိုး/People’s Spring

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၌ ပြည်သူများ ဖိနှိပ်နေသည့် သိန်းငှက်‌ပျူစောထီးအဖွဲ့ကို မြို့ပြကြွက်ကွန်ရက်အတွင်းရှိ ပြောက်ကျားရဲဘော်များက လက်လုပ်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူကပြောသည်။

“တောင်ဒဂုံ (၇၁)ရပ်ကွက်ရုံးကနေ ပျူအင်အား ဆယ်ယောက်ကျော် ဆိုင်ကယ်ငါးစီးနဲ့ ထွက်အလာကို စောင့်ပြီးတိုက်တာပါ။သူတို့စီးလာတဲ့ ဆိုင်ကယ်တွေ မြောက်တတ်ပြီး ဆိုင်ကယ်နှစ်စီး မီးလောင်သွားပါတယ်။” ဟု ၎င်းက ပြောသည်။

အဆိုပါအဖွဲ့သည် စစ်ကောင်စီ၏ ရွေးကောက်ပွဲဖြစ်မြောက်ရေးနှင့် စစ်မှုထမ်းအတွက် ပြည်သူများကို ဖိနှိပ်မှုများ ပြုလုပ်နေသောကြောင့် ဇူလိုင် ၁၄ရက် ည ၁၀နာရီခန့်တွင် မြို့ပြကြွက် UG ကွန်ရက်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“သုံးယောက်ကတော့ မြောက်ဥက္ကလာပဆေးရုံမှာ ကုသနေရပါတယ်။ သေလောက်တဲ့ဒဏ်ရာရသွားပါတယ်။”ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

ယင်းစစ်ဆင်ရေးအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက ရပ်ကွက်အတွင်းဆဲဆိုမှုများပြုလုပ်ကာ စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။

“ရွေးကောက်ပွဲကို မပူးပေါင်းကြဖို့နဲ့ ရွေးကောက်ပွဲကို တတ်ကြွစွာ ပါဝင်ပတ်သတ်နေသူတွေ အနားမှာလဲ မနေကြဖို့ပါပဲ”ဟု မြို့ပြကြွက်အဖွဲ့တာဝန်ရှိသူက ပြည်သူများကို တိုက်တွန်းသည်။

ထို့အပြင် စစ်ကောင်စီနှင့် ပူးပေါင်းလျက်ရှိသော ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ ပျူစောထီးများ ၊ သတင်းပေးများအနေဖြင့် အမြန်ဆုံးနှုတ်ထွက်ရန်နှင့် စစ်ကောင်စီအတွက် ထောက်ပံ့ပေးနေသူသည့် ထောက်တိုင်များအနေဖြင့် ဆက်လက်ထောက်ပံ့ခြင်းမပြုရန် မြို့ပြကြွက်က ပြင်းပြင်းထန်ထန် သတိပေးထားသည်။

စစ်ကောင်စီ၏ထောက်တိုက်အားလုံးသည် မြို့ပြကြွက်၏ရန်သူဖြစ်ပြီး အချိန်မရွေးတိုက်ခိုက်သွားမည်ဟု ယင်းအဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။