Connect with us

Hi, what are you looking for?

သတင်း

KIA/PDF များအား ပြန်တိုက်ရန် ဦးဇခုန်တိန့်ယိန်း၏ သားက BGF နှင့် ပြည်သူ့စစ်များအားစည်းရုံး

BGF (၁၀၀၁)တပ်ရင်း အခြေစိုက်ရာ ဖီမော်ဒေသ၌ ဇခုန်ယိန်းဆောင် ရှိနေဟုဆို

KIA တပ်ဖွဲ့ဝင်များက အမှတ် ၁၀၀၂ နယ်ခြား​စောင့်တပ် (BGF 1002) ဆိုင်းဘုတ်ကိုဖြုတ်ချစဥ််

ထားမြတ်/People’s Spring

စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း၏ သား ဇခုန်ယိန်းဆောင်က ၎င်းတို့၏ လက်အောက်ရှိ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့(BGF) တပ်ဖွဲ့ဝင်များအား လိုက်လံစည်းရုံံးကာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များကို ပြန်လည်တိုက်ခိုက်ရန် တိုက်တွန်းနေသည်ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ဇခုန်ယိန်းဆောင်သည် လက်ရှိတွင် နယ်ခြားစောင့်တပ်(BGF)-၁၀၀၁ တပ်ရင်း အခြေစိုက်ရာ ချီဖွေမြို့နယ် ဖီမော်ဒေသ၌ ရောက်ရှိနေသည်ဟုဆိုသည်။

” ဒီဟာကတော့ ဇခုန်ယိန်းဆောင်ဆိုတဲ့ ဇခုန်တိန့်ယိန်းရဲ့သားပေါ့ သူက ဖီမော်မှာ ရောက်နေတယ်တဲ့။ BGFနဲ့ ပြည်သူ့စစ်တွေကို KIAနဲ့ PDF ကို တိုက်ဖို့ရန်အတွက် လိုက်ပြီးမှ စည်းရုံးနေတယ်တဲ့။ မဖြစ်နိုင်တဲ့ အရာတွေ လျှောက်လုပ်နေတယ် ဒီကောင်တွေကွာ။ တကယ်ဆို မင်းအောင်လှိုင်ဘက်မှာ သူတို့ မင်းအောင်လှိုင်အတွက် အလုပ်လုပ်နေတဲ့သူတွေ။ သူတို့ မိသားစု စီးပွားရေးအတွက် လူတွေကို သေခိုင်းနေတာ။ မင်းအောင်လှိုင်နဲ့သိပ်မကွာဘူး ဒီအဖွဲ့တွေ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ(၁)နယ်မြေရှိ မြို့နှင့် စစ်ကောင်စီစခန်း၊ ပြည်သူ့စစ်စခန်းနှင့် BGFစခန်းများကို KIAက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ လက်ရှိတွင် ချီဖွေ၊ ဆဒုံး၊ဆော့လော်၊ ပန်ဝါမြို့များနှင် တပ်စခန်းကြီးငယ် ၅၀ကျော်ကိုသိမ်းပိုက်ရရှိထားသည်။ သိမ်းထားသည့် တပ်စခန်းများအနက် BGF -၁၀၀၂၊ BGF -၁၀၀၃ တပ်ရင်းဌာနချုပ်များလည်း ပါဝင်ပြီး ကန်ပိုက်တီ၊ ဖီမော် အပါအဝင် ဒေသအချို့ရှိ တပ်စခန်းအနည်းင်သာ သိမ်းပိုက်ရန်ကျန်နေခြင်းဖြစ်သည်။

ကချင်အထူးဒေသ(၁)နယ်မြေအတွင်း စစ်ဆင်ရေး၌ KIA အနေဖြင့် ပြည်သူ့စစ်နှင့် BGFများ လက်နက်ချ ပူးပေါင်းရန် ဖိတ်ခေါ်ထားရာ KIAနှင့်လာရောက်ပူးပေါင်းသည့် ပြည်သူ့စစ် များလည်းရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်တို့က ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကလည်း ယမန်နေ့ အောက်တိုဘာ ၂၅ရက်က ကျရောက်သည့် KIO တည်ထောင်ခြင်းနှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြည်သူ့စစ်လုပ်နေသည့် ကချင်လူမျိုးများ KIA နှင့် ပူးပေါင်းရန် ထပ်လောင်းဖိတ်ခေါ်ထားသည်။

” စစ်အာဏာရှင်ကျဆုံးရေးနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နွေဦးတော်လှန်ရေးမှာ မြန်မာပြည်သူ ပြည်သားနဲ့လက်တွဲပြီး စစ်အာဏာရှင်ကိုမကျမချင်း တိုက်မယ်ဆိုတဲ့ စကားတော့ ပြောသွားတယ်။ ကျန်တဲ့ဟာက KIO အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ဟာ ပြောတာတော့ရှိတယ်။ ပြီးတော့ ဒီ ပြည်သူ့စစ် လုပ်နေတဲ့ ကချင်လူမျိုးတွေကိုလည်း သူက လက်နက်ချပြီးမှ KIAနဲ့ ပူးပေါင်းရန် တိုက်တွန်းတာရှိတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က KIO ဥက္ကဋ္ဌ ၏ ကချင်ဘာသာ မိန့်ခွန်းကို ဘာသာပြန်ပြောပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

ပြည်သူ့စစ်တွေအသတ်ခံရပြီးနောက် စစ်တပ်အင်အား၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး

သတင်း

ထိုင်းတရားရုံးကဖမ်းဝရမ်းထုတ်ထားတဲ့အာဏာသိမ်းစစ်တပ်လက် အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) အမှတ် (၄) ရဲ့တပ်န​ယ်မှုး ဗိုလ်မှုးချုပ်စောမုတ်သုန် လူမြင်ကွင်းကနေ ပျောက်သွားတာ တစ်လနီးပါးရှိလာပြီလို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

Facebook