Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက ဘုတလင်မြို့နယ်ကိုဗုံးကြဲ

ဘုတလင်မြို့အနီး တနေရာကို စစ်ကောင်စီက ယနေ့(​အောက်တိုဘာ ၂၇ ရက်​နေ့)ည ၆နာရီခွဲခန့်တွင် ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့​ကြောင်း​ဒေသခံအချို့က​ပြောသည်။

စစ်တပ် တိုက်​လေယာဥ် ၂ စီး စစ်​ရေး​လေ့ကျင့်​နေစဥ်။ ဓါတ်ပုံ-AFP

‌ဇော်ရမ်း/People’s Spring

ဘုတလင်မြို့အနီး တနေရာကို စစ်ကောင်စီက ယနေ့(​အောက်တိုဘာ ၂၇ ရက်​နေ့)ည ၆နာရီခွဲခန့်တွင် ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့​ကြောင်း​ဒေသခံအချို့က​ပြောသည်။

တံတားဦးလေဆိပ်မှ တက်လာသည့် ဂျက်ဖိုက်တာနှစ်စီးဖြင့် ဘုတလင်မြို့မြောက်ဘက်တနေရာကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး မြေပြင်အခြေအနေကို မသိနိုင်သေးကြောင်း ​ဒေသခံအချို့ကပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့စစ်ကြောင်းရဲ့ ရှေ့ကို ပစ်နေတာ။ ဘာမှ စစ်ရေးမလှုပ်ရှားတာကို ပစ်တာဗျ။ အကြောက်လွန်ပြီး ပစ်နေပုံပဲ” ဟု ဘုတလင်မြို့မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။

အင်အား ၁၅၀ ခန့်ရှိ ​သောစစ်ကောင်စီတပ်စစ်ကြောင်းသည် ​အောက်တိုဘာ ၂၇ ရက်တွင် ဘုတလင်မြို့ ပဲပြစ်တောကျေးရွာဝန်းကျင်၌ ဓါးစာခံများအား ရှေ့မှထားကာ စစ်ကြောင်းထိုးနေ​ကြောင်းလည်းစုံစမ်းသိရသည်။

ထိုစစ်ကြောင်းသည်အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ အောက်တိုဘာလဆန်းတွင် ဘုတလင်မြို့သို့ဝင်ရောက်လာပြီး စစ်ကြောင်းထိုး၍ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်​နေအိမ်များမီးရှို့ကာအကြမ်းဖက်နေခြင်းဖြစ်သည်။

‌အောက်တိုဘာလ၁၂ရက်၊ ၁၃ရက်နှင့် ၁၈ရက်တွင်ဘုတလင်မြို့ ဗန္ဓုလကွက်သစ်ရပ်ကွက်၊မြောက်ပြင်ရပ်နှင့်စီပါရွာကိုစီးနင်းပြီး ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခဲ့ရာ ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ဒေသခံ စုစုပေါင်း ၂၄ဦး သေဆုံးခဲ့သည်။ ထိုအပြင် အရပ်သား ၉၀ ဦးခန့်ကို ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

ထိုအပြင်မူလစစ်ကြောင်း၌အင်အား ၁၀၀ ခန့်ရှိပြီးအောက်တိုဘာလ၂၅ရက်နံနက်ပိုင်းတွင် နမခမှ နောက်ထပ် ကားငါးစီးလိုက်လာကာ လက်နက်ခဲယမ်းများနှင့် လူအင်အား ထပ်ဖြည့်ခဲ့​ကြောင်းသိရသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ဘုတလင်မြို့ပေါ်ရပ်ကွက်များနှင့် ပဲပြစ်တောရွာအပါအဝင် ဖိုကုန်း၊စီပါ၊မွန်အို၊ညောင်ကန် စိုင်းပြင်လေးနှင့် ဘေးပတ်ဝန်းကျင်ရွာများမှဒေသခံတစ်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရှေးဟောင်းမြို့တော် ပုဂံမြို့တဖက်ကမ်းက မကွေးတိုင်း၊ပခုက္ကူခရိုင်က မြစ်ခြေမြို့ကို စစ်တပ်က ၂ပတ်နီးပါးကြာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး ပြည်သူ ၇ဦးခန့် ဒဏ်ရာရရာကာ နေအိမ်ပျက်စီးမှုတွေဆက်တိုက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို စစ်တပ်ကလေကြောင်းကနေ ထပ်မံဗုံးကြဲနေတဲ့အပြင် ကသာမြို့မှာလည်း ဗုံးကြဲလို့ သီလရှင်တစ်ပါး ကွယ်လွန်ခဲ့ပါတယ်။

Facebook