Connect with us

Hi, what are you looking for?

သတင်း

ပုသိမ် – ချောင်းသာ – ငွေဆောင်လမ်းပိုင်း၌ စစ်တပ်က ခရီးသွားများအား ဖမ်းဆီးစစ်သားသစ်စုဆောင်းနေ

ပုသိမ် – ချောင်းသာ၊ ပုသိမ် – ငွေဆောင်ကမ်းခြေသွားလမ်းပိုင်း၌ စစ်ကောင်စီတပ်က ခရီးသွားများအား အဓမ္မဖမ်းဆီးပြီး တပ်သားစုဆောင်းမှုပြုလုပ်နေကြောင်း ပုသိမ်ဒေသခံချို့ကပြောသည်။

ခရီးသွားယာဉ်များအား စစ်ဆေးနေသော စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ - စကစ

အိမ်သွင်/People’s Spring

ပုသိမ် – ချောင်းသာ၊ ပုသိမ် – ငွေဆောင်ကမ်းခြေသွားလမ်းပိုင်း၌ စစ်ကောင်စီတပ်က ခရီးသွားများအား အဓမ္မဖမ်းဆီးပြီး တပ်သားစုဆောင်းမှုပြုလုပ်နေကြောင်း ပုသိမ်ဒေသခံချို့ကပြောသည်။

ပုသိမ်မြို့မှ မိုင်(၄၀)ကျော်ကွာဝေးသည့် ယင်းလမ်းပိုင်းနှစ်ခု၌ အောက်တိုဘာလလယ်ကစ၍ စစ်ကောင်စီတပ်က ဂိတ်စခန်းအသစ်များ ထပ်တိုးလိုက်ပြီး ခရီးသွားများအား ဖမ်းဆီးမှုများရှိနေခြင်းဟု စုံစမ်းသိရှိရသည်။

Public Service Announcement

Public Service Announcement

” ဂိတ်တွေက အရင်က ငွေဆောင်လမ်းခွဲအပါအဝင် အဓိနေရာငါးခုပဲရှိတာ။ အခုက တော်တော်ကို များတယ်။အဖမ်းခံရတာက လူငယ်တွေများတယ်။ အပျင်းပြေဖမ်းပြီး ငွေညှစ်တာမျိုးတွေလည်း ရှ်ိတယ်”ဟု ပုသိမ်၊ချောင်းသာလမ်းပိုင်း ကျေးရွာတစ်ရွာတွင် နေထိုင်နေတစ်ဦးက ပြောသည်။

ပုသိမ်မြို့မှ သွားရောက်ပါက ငွေဆောင်နှင့် ချောင်းသာလမ်းခွဲတွင် စစ်ကောင်စီတပ်ကအင်အားများအပြား အထိုင်ချထားပြီး ယင်းနေရာနှင့် ချောင်းသာအဝင် ဥတိုတံတားထိပ် စစ်ဆေးဂိတ်သည် ခရီးသွားများအား ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်၍ငွေတောင်းခြင်းများ အဆိုးဆုံး ပြုလုပ်နေသည်ဟု ခရီးသွားအချို့ကပြောသည်။

” မလုံခြုံမှုဗျ။ အဖမ်းခံထားရတဲ့လူငယ်တွေတွေ့တယ်။ မိဘကရွေးထုတ်နိုင်ရင်တော့ တော်တယ်။ မဟုတ်ရင် စစ်သားစစ်ဆောင်ရေးထဲပါသွားလိမ့်မယ်။ ဒါတွေကရွာတွေမှာတင် မဟုတ်ဘူး။ လမ်းမပေါ်မှာဖြစ်နေတာပါ”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ချောင်းသာနှင့် ငွေဆောင်အပြင် ဧရာဝတီတိုင်းအတွင်း ကမ်းရိုးတန်းဒေသများသည် ရခိုင်ကန်ရိုးတန်းနှင့် တစ်ဆက်တည်းဖြစ်ပြီး ချောင်းသာအနီး ရွှေသောင်ယံမြို့နယ်သည် ရခိုင်ပြည်နယ် ဂွမြို့နယ်နှင့် ဆက်စပ်နေသည်။

ဂွမြို့နယ်တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများသည် ရေလမ်းချင်းဆက်စပ်နေသည့် ရွှေ သောင်ယံမြို့၊ ကုန်းလမ်းချင်းဆက်စပ်နေသည့် ငါးသိုင်းချောင်း၊ရေကြည်မြို့များသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

ဂွမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထွက်ပြေးနေသလို ရခိုင်ပြည်နယ် နှင့် နယ်စပ်ဖြစ်‌သော ဧရာဝတီတိုင်းမှ ကျေးရွာအချို့ကို စစ်ကောင်စီက အတင်းအကျပ်ဖယ်ရှားခိုင်းနေကြောင်း သတင်းရရှိသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ဧရာဝတီတိုင်းမှ စစ်သားစုဆောင်းခံရသူ သင်တန်းသားအများအပြားကို ရခိုင်ပြည်နယ်သို့ ပို့ဆောင်နေသည်။

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ် ကွင်းကောက် မြို့ရှိ အမှတ်(၅)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းနှင့် ပုသိမ်မြို့ရှိအမှတ်(၆)စစ်အခြေခံ လေ့ကျင့်ရေးတပ်တွင် စစ်သင်တန်းပေးနေသူများကို ငါးသိုင်းချောင်း-ဂွလမ်းမှတဆင့် ရခိုင်ပြည်နယ်သို့ ကားများဖြင့် ပို့ဆောင်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။