Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့လေကြောင်းတိုက်ခိုက်မှု ပြည်သူတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

သိန္နီမြို့လေကြောင်းတိုက်ခိုက်မှု ဘုရားကျောင်းနှင့် နေအိမ်ပျက်စီး

နောင်ချိုမြို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်နှင့် သိန္နီမြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်ခဲ့ရာ နောင်ချိုဖြစ်စဉ်တွင် ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် သိန္နီမြို့လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွင် လူထိခိုက် သေဆုံးမှုမရှိကြောင်း သတင်းရရှိသည်။

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို စစ်ကောင်စီက အောက်တိုဘာ ၂၇ရက် ညပိုင်းတွင် ဖျက်အားပြင်း ဗုံးများအပါအဝင် ဗုံး ၁၁လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ် သပြေရပ်ကွက်နေ အသက်(၆၀)အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး အသက် (၅၀) ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိကာ နေအိမ် သုံးလုံးပျက်စီးခဲ့ဟု TNLAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ယနေ့နံနက် အစောပိုင်းကလည်း မုံးစီးဒေသကို ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ လူနေအိမ် ပျက်စီးမှု ရှိခဲ့သည်ဟု အသိပေးသည်။

၁၀၂၇စစ်ဆင်ရေးတွင် စစ်ရှုံးနေသည့် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့သည့် မြို့နယ်၊ ကျေးရွာနှင့် နေရာဒေသများကို လေကြောင်းဖြင့် နေ့စဉ်ရက်စက် အသုံးပြုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ဒေသခံပြည်သူများအနေဖြင့် ထိခိုက်သေဆုံးမှုများ ရှိသကဲ့သို့ ပြည်သူပိုင်နေအိမ်၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အဦးများလည်း ထိခိုက်ပျက်စီးမှု အများအပြားရှိခဲ့ဟု TNLAက ထုတ်ပြန်သည်။

ကိုးကန့်တပ်မတော်(MNDAA) ထိန်းချုပ်ထားသည့် သိန္နီကိုလည်း စစ်ကောင်စီက ယမန်နေ့ညက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကချင်ခရစ်ယာန်ဘုရားကျောင်း ပျက်စီးခဲ့ပြီး နေအိမ်နှင်ယာဉ်အချို့လည်း ပျက်စီးခဲ့သည်ဟု MNDAAက ထုတ်ပြန်သည်။

လူနေရပ်ကွက်များတွင် ကျရောက်ခဲ့သော ကျန်ဗုံးများသည် လူနေအိမ်အချို့ ပျက်စီးစေခဲ့ပြီး လမ်းများနှင့် သောက်ရေပိုက်လိုင်းများကဲ့သို့သော အများသူငှာ အဆောက်အဦများ ထိခိုက်ပျက်စီးမှုအမျိုးမျိုးဖြင့် ပျက်စီးခဲ့ရပြီး လူထိခိုက်သေဆုံးမရှိဟု အသိပေးထားသည်။

စစ်ကောင်စီတပ်သည် TNLAနှင့် MNDAA ထိန်းချုပ် ထားသည့် မြို့ရွာများကို လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ယောဒေသက ဆောမြို့နယ် နဲ့ထီးလင်းမြို့နယ်ကြားကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။