Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင်ကို ဖိနပ်ချွတ်အရိုအသေပေးသည့်ဇာတ်မင်းသားဖိုးချစ်အား ကြံ့ဖွတ်ပါတီဝင်များကပါ လှောင်ပြောင်

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပေးသည့် ဂုဏ်ပြုလွှာလက်ခံစဉ် ဖိနပ်ချွတ်၍ လူသိရှင်ကြားအရိုအသေပေးခဲ့သည့် ဇာတ်မင်းသားဖိုးချစ်အား စစ်ကောင်စီအမာခံ ပြည်ခိုင်ဖြိုးပါတီဝင်များ ကိုယ်တိုင်ကပါလှောင်ပြောင်သရော်နေကြသည်။

ကြံ့ဖွတ်ပါတီတွင်း လူသိများသူတစ်ဦးက ဖိုးချစ် အား လူမှုကွန်ရက်၌လှောင်ပြောင်သရော်ထားစဉ်

အိမ်သွင်/People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပေးသည့် ဂုဏ်ပြုလွှာလက်ခံစဉ် ဖိနပ်ချွတ်၍ လူသိရှင်ကြားအရိုအသေပေးခဲ့သည့် ဇာတ်မင်းသားဖိုးချစ်အား စစ်ကောင်စီအမာခံ ပြည်ခိုင်ဖြိုးပါတီဝင်များ ကိုယ်တိုင်ကပါလှောင်ပြောင်သရော်နေကြသည်။

ဇာတ်မင်းသားဖိုးချစ်သည် ပြီးခဲ့သည့်ရက် အနည်းငယ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ပေးသည့် ဂုဏ်ပြုလွှာကို လက်ခံရယူစဉ် ဖိနပ်စီး၍တက်ရသည့်စင်ပေါ်သို့ ဖိနပ်ချွတ်တက်ကာ လက်ခံခဲ့သည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်အတူ တွဲလျက်ရှိနေသည့် ဓာတ်ပုံသည် လူမှုကွန်ရက်၌ အလွန်ပျံ့နှံ့ခဲ့သည်။ ၎င်းသည် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။

စင်ပေါ်ရှိသူအားလုံးဖိနပ်စီးထားပြီး ၎င်းတစ်ဦးသာ စစ်ခေါင်းဆောင်ကို ပုံမှန်ထက်လွန်ခဲ့သည့် အရိုအသေပေးခဲ့ခြင်းဖြစ်သည်။

ထိုလုပ်ရပ်အပေါ် နေပြည်တော်မှ ပြည်ခိုင်ဖြိုးပါတီဝင်များကပါ လှောင်ပြောင်သရော်နေခြင်းဖြစ်သည်။

” မကြိုက်ကို မကြိုက်တာ။နောက်တခါ ထပ်ပြောမယ် မကြိုက်ဘူး။နောက်တခါ ထပ်ပြောမယ် မကြိုက်ဘူး။ကြိုက်လား မကြိုက်ဘူး” ဟု ၂၀၂၁ ခုနှစ်က အနုပညာရှင်များဦး‌ဆောင်သည့် လူထုသပိတ်များအားကောင်းစဉ်က ၎င်းပြောခဲ့သည့် စကားများကို ပြန်သုံးကာ လှောင်ပြောင်နေကြသည်။

၎င်းကို အားပေးသည့်ပရိသတ်တစ်ဦးကလည်း ဇာတ်မင်းသားဖိုးချွတ်ဟု ပြောကာ ပြစ်တင်ဝေဖန်ထားသည်။

ဖိုးချစ်သည် ၂၀၂၂ နိုဝင်ဘာကုန်ပိုင်းက စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး တစ်လခန့်အကြာတွင် ပြန်လည်လွတ်မြောက်လာပြီးနောက် စစ်ကောင်စီအားဝေဖန်ခြင်းမရှိတော့ချေ။

ထို့အပြင် စစ်ကောင်စီကကျင်းပသည့် ဝါဒဖြန့်ချိရေး ပွဲများတွင် ၎င်းက ပေါ်ပေါ်ထင်ထင်တက်ရောက်နေသည်။ထိုလုပ်ရပ်များသည် အရှက်ကင်းမဲ့သည့်လုပ်ရပ်များဖြစ်သည်ဟု ၎င်းအား အားပေးခဲ့ဖူးသည့် ပရိသတ်များကိုယ်တိုင်က ဝေဖန်ရှုတ်ချကြသည်။

၂၀၂၁က အနုပညာရှင်များဦး‌ဆောင်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်များတွင် ဇာတ်မင်းသားဖိုးချစ်နှင့်အတူ လူပြက်ခင်လှိုင်၊ ရာဇာနေဝင်း၊ ကျော်ရဲအောင်၊ ရန်အောင်ထိုကဲ့သို့ နာမည်ကြီးများလည်းပါဝင်ခဲ့ပြီး အများစုသည် ယခုအခါ အာဏာသိမ်းစစ်တပ်နှင့် တပူးပူးတတွဲတွဲ ရှိနေသလို စစ်ကောင်စီကပြုလုပ်သည့် ဝါဒဖြန့်ချိရေးပွဲများတွင် တွေ့မြင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

ရွေးကောက်ပွဲ ကို နိုင်ငံတကာက အသိအမှတ်ပြု ၊ မပြု နားမလည်ဘူးလို့ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်က ဒီနေ့ (ဇန်နဝါရီလ ၂၅ ရက် )မှာ မန္တလေးက မဲရုံတွေကိုလိုက်လံကြည့်ရှုချိန်မှာပြောသွားပါတယ်။

သတင်း

ကြိုတင် ခန့်မှန်းထားတဲ့အတိုင်း အာဏာသိမ်း ဂီနီရာ စစ်တပ်က ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မာမာဒီ ဒွမ်ဘူယာကပဲ အနိုင်ရသွားခဲ့ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှာ စစ်အုပ်စုက ဥပဒေမဲ့ ပြုလုပ်ခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပါဝင်ခဲ့တဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါ စုစုပေါင်း ၆ဦးကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ကြေညာလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က နိုဝင်ဘာ ၂၅ရက် နေ့စွဲနဲ့ ထုတ်ပြန် ကြေညာပါတယ်။

သတင်း

ကျားဖြန့်လုပ်ငန်းအချို့ ဝင်ရောက်စီးနင်းသယောင် ဟန်ပြလုပ်ဆောင်မှုကို ကြည့်ပြီး စစ်တပ် လှည့်ကွက်ထဲ မဝင်မိစေဖို့ သတိပေး

Facebook