Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်မြို့နယ်တွင် တိုက်ပွဲဖြစ်

စစ်ကောင်စီစစ်ကြောင်းကြောင့် ဘုတလင်မြို့ပေါ်ရပ်ကွက်များနှင့် ပဲပြစ်တောရွာအပါအဝင် ဖိုကုန်း၊စီပါ၊မွန်အို၊ညောင်ကန် စိုင်းပြင်လေးနှင့် ဘေးပတ်ဝန်းကျင်ရွာများမှဒေသခံတစ်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေကြရသည်။

(စက်တင်ဘာ လကုန်ပိုင်းတွင် စစ်​​ကောင်စီတပ် စစ်​ကြောင်းတ​ကြောင်းလုံးပြုတ်​အောင် PDF ပူး​ပေါင်းတပ်များက တိုက်ခိုက်ပြီး​နောက် စစ်သုံ့ပန်းများကို PDF များကဖမ်းဆီးထားစဥ်။ဓါတ်ပုံ-CJ)
(စက်တင်ဘာ လကုန်ပိုင်းတွင် စစ်​​ကောင်စီတပ် စစ်​ကြောင်းတ​ကြောင်းလုံးပြုတ်​အောင် PDF ပူး​ပေါင်းတပ်များက တိုက်ခိုက်ပြီး​နောက် စစ်သုံ့ပန်းများကို PDF များကဖမ်းဆီးထားစဥ်။ဓါတ်ပုံ-CJ)

ဇော်ရမ်း/People’s Spring

ဘုတလင်မြို့နယ်အတွင်း အင်အားဖြည့်ထားသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ယနေ့ နံနက် တိုက်ပွဲဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။

“ဘုတလင်ရဲ့အရှေ့ဘက်ကို စစ်ကြောင်းထွက်လာတာ။ ဒီမနက် တိုက်ပွဲ စဖြစ်နေတယ်” ဟု ကာကွယ်ရေးရဲတပ်ဖွဲ့ဝင်တဦးကပြောသည်။

တိုက်ပွဲအသေးစိတ်အခြေအနေကိုမသိရသေးဘဲ စစ်ကောင်စီက လေကြောင်းမှ ကင်းပတ်နေကြောင်း ​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

ယင်းစစ်ကြောင်းသည်အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ အောက်တိုဘာလပထမလပတ်ထဲတွင် ဘုတလင်မြို့သို့ဝင်ရောက်လာပြီး စစ်ကြောင်းထိုးခဲ့သည်။ ‌အောက်တိုဘာလ၁၂ရက်၊ ၁၃ရက်နှင့် ၁၈ရက်တွင် ဗန္ဓုလကွက်သစ်ရပ်ကွက်၊မြောက်ပြင်ရပ်နှင့်စီပါရွာကိုစီးနင်းပြီး ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခဲ့ရာ ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ဒေသခံ စုစုပေါင်း ၂၄ဦး သေဆုံးခဲ့သည်။ ထို့ပြင် အရပ်သား ၉၀ ဦးခန့်ကို ဖမ်းဆီး၍ လူသားဒိုင်းအဖြစ် ပြုလုပ်ထား​ကြောင်းသိရသည်။

စစ်​ကောင်စီ၏ မူလစစ်ကြောင်း၌ အင်အား ၁၀၀ ခန့်ရှိပြီးအောက်တိုဘာလ၂၅ရက်နံနက်ပိုင်းတွင် နမခမှ နောက်ထပ် ကားငါးစီးလိုက်လာကာ လက်နက်ခဲယမ်းများနှင့် လူအင်အား ထပ်ဖြည့်ထားသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ဘုတလင်မြို့ပေါ်ရပ်ကွက်များနှင့် ပဲပြစ်တောရွာအပါအဝင် ဖိုကုန်း၊စီပါ၊မွန်အို၊ညောင်ကန် စိုင်းပြင်လေးနှင့် ဘေးပတ်ဝန်းကျင်ရွာများမှဒေသခံတစ်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေကြရသည်။

ဘုတလင်မြို့နယ်တွင် ပြီးခဲ့သည့်စက်တင်ဘာလ၃၁ရက်နေ့က အင်အား ၈၅ ဦးပါ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်​ကြောင်းတ​ကြောင်းလုံးပြုတ်​အောင်တိုက်ခိုက် ချေမှုန်းခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook