Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်း၌ တိုက်ခိုက်ခံရသော စစ်ကြောင်းက ကျေးရွာမီးရှို့ပြီး ပြည်သူနှစ်ဦး သတ်ဖြတ်သွား

တိုက်ခိုက်မှုကို BRAVE HEART ARMY -BHAမှ ဦးဆောင်ပြီး CHINDWIN FIGHTER GROUP-CFGနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(စစ်ကာင်စီ စစ်ကြောင်းအား ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ - File)
(စစ်ကာင်စီ စစ်ကြောင်းအား ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ - File)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ – မန္တလေးလမ်းပိုင်း၌ တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ် စစ်ကြောင်းက ပရစ်ကုန်း(တောင်)ကျေးရွာအား မီးရှိူ့ဖျက်ဆီးပြီး ပြည်သူနှစ်ဦးအား သတ်ဖြတ် သွားကြောင်း သတင်းရရှိသည်။

ယမန်နေ့(အောက်တိုဘာ ၃၁ရက်) နံနက် ၈နာရီခန့်က မုံရွာ – မန္တလေးလမ်းပိုင်း၌ လုံခြုံရေးယူရန် ထွက်လာသော မုံရွာမြို့နယ်၊ တောပုပျူစောထီးကျေးရွာမှ စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းအား ရှေ့ထွက်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း BRAVE HEART ARMY -BHAမှ ၏ ​တာဝန်ရှိသူက ပြောသည်။

“သူတို့က ၂၀လောက်ပါတယ်။ ရှေ့ထွတ်ပြောင်းမို့ အဝေးကနေပစ်တာ။ သူတို့ကအဲ့နားမှာ တာဝန်ယူရတာ။ နှစ်ကောင်သေတယ်။ကျန်တဲ့ကောင်တွေလည်း အော်ပရေးရှင်း ဝင်နေရတယ်လို့ ဒီနေ့ထပ်သိရတယ်။”ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် ပျူစောထီးနှစ်ဦး သေဆုံးကာ ၁၀ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး ပြည်သူများ​၏ ကားနှစ်စီးအား ချောဆွဲ၍ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အတွင်းသယ်ဆောင်သွားကြောင်း BHA တာဝန်ရှိသူက ဆိုသည်။

သို့သော် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

တိုက်ခိုက်မှုကို BRAVE HEART ARMY -BHAမှ ဦးဆောင်ပြီး CHINDWIN FIGHTER GROUP-CFGနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထိနာသွားသော စစ်ကြောင်းက နံနက် ၉ နာရီခန့်တွင် အင်အားဖြည့်ပြီး အနီးရှိပရစ်ကုန်းတောင်ကျေးရွာအားရမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့အပြင် ကျေးရွာအတွင်းမှ ပြည်သူ ၂ ဦးအား ဖမ်းဆီး ခေါ်ဆောင်သွားပြီး ရွာသုဿန်တွင် သတ်ဖြတ်သွားခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“သေဆုံးတာက အမျိုးသားနှစ်ယောက်ပါ။ အသက်တွေနာမည်တွေတော့ မသိရသေးပါဘူး။”ဟု အထက်ပါအဖွဲ့တာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်ခံရပြီးနောက် မုံရွာ-မန္တလေးလမ်း ယာယီပိတ်ထားခဲ့ပြီး ယနေ့တွင် ပြန်လည်ဖွင့်ထားကြောင်း သိရသည်။

ယနေ့နေ့လည်ပိုင်းတွင်လည်း တောပုပျူစောထီးရွာမှ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။