Connect with us

Hi, what are you looking for?

သတင်း

ခေါပုတ်စခန်းမှ လက်နက်ကြီး ၁၅လက်အပါအဝင် လက်နက်၂၄လက်ရဟု KNLA တပ်မဟာ(၅) အသိပေး

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)အမှတ်(၅)တပ်မဟာနှင့် ပူးပေါင်းစစ်သည်များသည် ခေါပုတ်စခန်းကို အောက်တိုဘာ ၂၉ရက်တွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ဖာပွန်ခရိုင်ရှိ ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်းမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - တပ်မဟာ (၅)
ဖာပွန်ခရိုင်ရှိ ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်းမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - တပ်မဟာ (၅)

ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် ရှိ ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်း ၆၀ မမ ၁၁လက်အပါအဝင် လက်နက်ကြီး ၁၅လက်နှင့် လက်နက်ငယ် ၉လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)အမှတ်(၅)တပ်မဟာနှင့် ပူးပေါင်းစစ်သည်များသည် ခေါပုတ်စခန်းကို အောက်တိုဘာ ၂၉ရက်တွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ လက်ကျန်စစ်ဗျူဟာစခန်းတစ်ခုဖြစ်သည့် ခေါပုပ်စခန်းအားအပြီးသတ် သိမ်းပိုက်ပြီးနောက် လက်နက်ကြီး ၁၅လက် အပါအဝင် လက်နက်၂၄လက် ရဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ခေါပုတ်တပ်စခန်းသည် မဟာဗျူဟာအရ အရေးပါသည့်စခန်းတစ်ခုဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါတပ်စခန်းသည် ၁၉၉၂ကတည်းက တပ်စွဲထားသည့် တပ်စခန်းဖြစ်ပြီး နှစ်ပေါင်း ၃၀ ကျော်အကြာတွင် KNLAက သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ဖာပွန်ခရိုင်ရှိ ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်းမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - တပ်မဟာ (၅)
ဖာပွန်ခရိုင်ရှိ ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်းမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – တပ်မဟာ (၅)

ယင်းတပ်စခန်းသည် လာရောက်တပ်စွဲထားပြီးသည့်အချိန်မှစ၍ ဒေသတွင်းရှိအပြစ်မဲ့ပြည်သူများအား ညှင်းပန်းနှိပ်စက်ခြင်း၊ အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ပေါ်တာဆွဲခိုင်းစေခြင်းများ စဥ်ဆက်မပြတ်ပြုလုပ်နေသည့်တပ်စခန်းတစ်ခုဖြစ်သည်ဟုလည်း KNU တပ်မဟာ (၅)က ထုတ်ပြန်သည်။

ခေါပုတ်တပ်စခန်းသည် အင်အား ၁၀၀ကျော်ခန့်ရှိသည့် ခလရ(၁၉)၊ ခမရ(၄၃၄)၊ ခမရ(၃၄၀)နှင့် ခမရ(၃၄၁)တပ်ရင်းများက စုပေါင်းတပ်စွဲထားခြင်းဖြစ်ကြောင်း၊ ယခုတိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်မှ သေဆုံးမှု၊ ထိခိုက်ရရှိမှုနှင့် ထွက်ပြေးပြီးလက်ရဖမ်းဆီးနိုင်မှု အခြေအနေများ လက်ရှိ အချိန်ထိ အတည်ပြုမရသေးကြောင်း စခန်းသိမ်းတိုက်ပွဲ၌ ပါဝင်သည့် တပ်မှူးများကို ကိုးကား ဖော်ပြထားသည်။

ဆက်စပ်သတင်းများ