Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တစ်တိုင်းလုံး တစ်ရက် ရှစ်နာရီမီးဖြတ်မည်

ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်လေးခုစလုံးကို နိုဝင်ဘာ ၅ ရက်ကစတင်၍ တစ်ရက်လျှင် နှစ်ကြိမ်မီးပြတ်ပြီး ရှစ်နာရီ မီးဖြတ်မည်ဖြစ်ကြောင်း လျှပ်စစ်မန်နေဂျာရုံးများကကြေညာသည်။

(ရန်ကုန်မြို့တစ်​နေရာ ညပိုင်းမီးပြတ်​တောက်စဥ်။ ဓာတ်ပုံ - PS)
(ရန်ကုန်မြို့တစ်​နေရာ ညပိုင်းမီးပြတ်​တောက်စဥ်။ ဓာတ်ပုံ - PS)

သတိုး/People’s Spring

“တစ်ရက်လျှင် အနည်းဆုံး နှစ်ကြိမ်ပြတ်၍ တစ်ကြိမ်လျှင် လေးနာရီကြာပြီး တစ်ရက်လျှင် ရှစ်နာရီ မီးပြတ်ပါမည်။” ဟု လျှပ်စစ်ဝန်ထမ်းတစ်ဦးက ပြောသည်။

ယင်းအစီအစဉ်ကို ရန်ကုန်တစ်တိုင်းလုံး နိုဝင်ဘာ ၅ ရက်တွင်စတင်မည်ဖြစ်ပြီး စက်တင်ဘာ ၂၈ ရက်ကတည်းက အရှေ့ပိုင်း၊ တောင်ပိုင်း နှင့် မြောက်ပိုင်း ခရိုင်သုံးခုတွင် ယင်းစနစ်ကို ပြုလုပ်နေခြင်းဖြစ်ကာ ယခုတစ်ကြိမ်တွင် အနောက်ပိုင်းခရိုင်ကိုပါ ထည့်သွင်းလာခြင်းဖြစ်သည်။

စက်တင်ဘာ ၂၈ရက်တွင် ပြောင်းလဲခဲ့သည့် မီးပေးသည့်စနစ်တွင် နံနက် ၅ နာရီမှ ၉ နာရီတစ်ချိန်တိုးခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်မီးဖြတ်ခြင်းသည် အလုပ်သွားလာရသူများအတွက် ပြင်ဆင်မှုများအဆင်မပြေဖြစ်ကြောင်း ရန်ကုန် မြို့နေပြည်သူများက ပြောသည်။

Public Service Announcement

Public Service Announcement

စက်မှုဇုန်များကိုလည်း စက်တင်ဘာ ၂၈ရက်တွင် ကြေညာခဲ့သည့်အတိုင်း နံနက် ၉နာရီမှ ညနေ ၅ နာရီအထိသာ လျှပ်စစ်မီးပေးတော့မည်ဟု အသိပေးထားသည်။

စစ်ကောင်စီသည် မီးပေးသည့်အချိန်နည်းနေသော်လည်း လျှပ်စစ်မီတာခများကို စက်တင်ဘာကစတင်၍ ယခင်ထက် နှစ်ဆနီးပါးတိုးမြှင့်ကောက်ခံလျက်ရှိသည်။

လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင် သတ်မှတ်ရန်အတွက် ၂၀၂၄ ဇူလိုင် ၅ရက်က ပြုလုပ်ခဲ့သည့် စစ်ကောင်စီအစည်းအဝေးသဘောတူညီ ဆုံးဖြတ်ခဲ့သည်ဟု ဖော်ပြထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှုမှာ နိုင်ငံတစ်ဝန်း ဆိုးရွားစွာရင်ဆိုင်နေရကာ ပြည်ပရင်းနှီးမြှုပ်နှံမှုများဖြစ်သည့် LNG (သဘာဝဓာတ်ငွေ့ရည်) ဓာတ်အားပေးစက်ရုံများမှာလည်း ၂၀၂၃ နှစ်ဆန်းပိုင်းက ထွက်ခွာသွားခဲ့သည်။

ယင်းမတိုင်မီက တနိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အားအမြင့်ဆုံးထုတ်လုပ်နိုင်မှုသည် မဂ္ဂါဝပ် ၄,၂၀၀ ရှိခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် မဂ္ဂါဝပ် ၂,၀၀၀ခန့်သာ ထုတ်လုပ်နိုင်တော့သည်။

ယခင် ဒီချုပ်အစိုးရလက်ထက်တွင် ၂၀၁၈ ဇန်နဝါရီက မဂ္ဂါဝပ် (၃၀၀၀)ခန့်ထွက်ရှိမည့် LNG စီမံကိန်း (၃)ခုနှင့် ၂၀၁၉တွင် မဂ္ဂါဝပ် ၉၀၀ထွက်ရှိမည့် LNG စီမံကိန်း ၃ကို လုပ်ကိုင်ခွင့်စတင်ပေးခဲ့ပြီး ၃နှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်ရန်စီစဉ်ထားခဲ့သည်။

သဘာဝဓါတ်ငွေ့အရည် (LNG)ဖြင့် ဓာတ်အားထုတ်လုပ်မည့် သာကေတ ၄၀၀ မဂ္ဂါဝပ်နှင့် သန်လျင် ၃၅၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းများသည် ၂၀၂၀ဇွန်လတွင် ဓာတ်အားစတင်ထုတ်လုပ်ခဲ့သည်။

ထို့အပြင် နွေရာသီတွင် မီးမပျက်စေရန် သဘာဝဓာတ်ငွေ့သုံး စီမံကိန်းငါးခုဖြစ်သည့် ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင် နှင့်သာကေတမြို့တို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သောအစိုးရလက်ထက်တွင် တည်ဆောက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

FMIက Yoma Strategic နဲ့အတူ စီမံကိန်းကို အဆင့်လိုက်ပြန်စမယ်ဟုဆို

သတင်း

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း မတရားပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ် ၃၀ကျော်ရှိတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

"ဈေးရောင်းရတာထက် ကျားမြီးသာပြေးဆွဲချင်တယ်"လှ်ိုင်မြို့နယ်မှာ လမ်းဘေးဈေးရောင်းနေတဲ့ အမျိုးသမီးတစ်ဦးက သူမခံစားချက်ကိုပြောပါတယ်။လမ်းဘေးဈေးရောင်းသူတွေ ဈေးခင်းပြီးချိန်မှ အပြာဝတ်​တွေလာပြီဆိုရင်ပြန်သိမ်းရတာအကြိမ်ကြိမ်။

သတင်း

ဒေါ်လာတစ်သန်း၀န်းကျင်တန်တဲ့ အခန်းတွေ အပါအ၀င် ရန်ကုန်မြို့က ကွန်ဒိုတွေမှာ ကြိုပွိုင့် ၀ယ်ယူထားသူတွေ အခန်းရဖို့ မရေမရာဖြစ်နေပြီးတာဝန်ယူ၊တာဝန်ခံကာဖြေရှင်းပေမယ့် သူမရှိဖြစ်နေတယ်လို့ နစ်နာသူတွေက လူထုနွေဦးကို ပြောပါတယ်။

Facebook