Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့ပေါ်ရှိ ကုန်စုံဆိုင် အနုကြမ်းစီးခံရ

ရွှေဆိုင်ဓါးပြမှုမှ ကျူးလွန်သူများအနက် သုံးဦးအား လက်နက်များဖြင့် မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဖမ်းဆီးရမိခဲ့သည်။

(မုံရွာမြို့ပေါ်တနေရာအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)
(မုံရွာမြို့ပေါ်တနေရာအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ ကုန်စုံဆိုင်တစ်ဆိုင် အနုကြမ်းစီးခံရကြောင်း သတင်းရရှိသည်။

ယမန်နေ့(နိုဝင်ဘာ ၆ရက်) ညနေပိုင်းက မုံရွာမြို့၊ ရန်ကင်းရပ်ကွက်၊ အသောကကျောင်းအနီးရှိ ပြုံးပြုံးသာ ကုန်စုံဆိုင်ကို လက်နက်ကိုင်သူ သုံးဦး ရောက်ရှိလာပြီး ငွေသားနှင့် တန်ဖိုးကြီးပစ္စည်းများအား ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

“ဖုန်းနှစ်လုံးရော ယူသွားတယ်။ ကေပေး တွေရော Password တောင်းသွားတယ်။ ဆန်အိတ် တွေရောတင် သွားတာ။”ဟု ရပ်ကွက်ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အနုကြမ်းစီးခံရပြီးနောက် ညပိုင်းတွင် စစ်ကောင်စီတပ်က ပြုံးပြုံးသာ ကုန်စုံဆိုင်သို့ ရောက်ရှိလာပြီး စစ်ဆေးသွားကြောင်း သိရသည်။ ထို့အပြင် ဆုံးရှုံးသွားသော ငွေကြေးနှင့်ပစ္စည်းပမာဏကိုမူ မသိရသေးပေ။

ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းကလည်းမုံရွာမြို့ပေါ် ရေကူးကန်လမ်းရှိ နေအိမ် ၆အိမ်ခန့်ဓါးပြတိုက်ခံခဲ့ရသေးသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၅နှင့် ၂၆ရက်က မုံရွာမြို့ပေါ်ရှိ ရွှေဆိုင်တစ်ဆိုင်အပါအဝင် သုံးနေရာ ဓါးပြတိုက်ခံခဲ့ရသေးသည်။

ရွှေဆိုင်ဓါးပြမှုမှ ကျူးလွန်သူများအနက် သုံးဦးအား လက်နက်များဖြင့် မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဖမ်းဆီးရမိခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မုံရွာမြို့ပေါ်ရှိ ရွှေဆိုင်များ၊ ဖုန်းဆိုင်စတိုးဆိုင်များ၊ လူနေအိမ်များ ဓါးပြတိုက်ခံရပြီး လူထိခိုက်သေဆုံးမှုများပင် ရှိခဲ့သည်။

၂၀၂၂စက်တင်ဘာ ၁၁ ရက်က မုံရွာမြို့လယ်မီးပွိုင့်အနီးရှိ သန်းတရာရွှေဆိုင် ဓါးပြတိုက်ခံရပြီး ရွှေအချိန်(၁၀)ပိဿာကျော်ပါသွားခဲ့သည်။

၂၀၂၂ ဒီဇင်ဘာ ၂၀ ရက်ကလည်း မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ​ရွှေမုံရွာ ရတနာရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသားပါ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

၂၀၂၃မတ်လ ၂၁ရက်ကလည်း မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ပေါ်ဦးရွှေဆိုင်ဓါးပြတိုက်ခံရပြီး ဆိုင်ရှိ ရွှေထည်၊ရွှေတုံးများ ပိဿာလိုက်ပါသွားပြီး ကျပ်သိန်းထောင်ချီလည်း ယူဆောင်သွားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှောင်လမ်းမှာ ညဘက်ဖြတ်သန်းသွားတဲ့ ယာဥ်တွေ အနုကြမ်းစီးခံနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မုံရွာမြို့နယ်အတွင်းက လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေမှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေကို တစ်ခု ကျပ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ခန့်အထိပေးကာ လိုက်လံဝယ်ယူသူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် စစ်ကောင်စီတပ်ဂိတ်အနီးသေဆုံးနေတဲ့ အမျိုးသမီးဟာ ကြာပိုင်ကျေးရွာကနေ ဘုန်းကြီးမွေးနေ့ပွဲသွားရင်း ပျောက်ဆုံးသွားသူဖြစ်နေကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ်တစ်စီးကို သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံးခဲ့ရပါတယ်။