Connect with us

Hi, what are you looking for?

သတင်း

အညာတွင်တိုက်ပွဲများ​ဖော်​ဆောင်ရန် BPLA တပ်သားသစ်ခေါ်ယူ

အမှတ်(၃၀၈)၊ အညာစစ်ဒေသအတွက် BPLA က တပ်သားသစ်များ စိစစ်ရွေးချယ်ခေါ်ယူနေပြီဖြစ်ပြီး BPLA Facebook Page Messenger မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ကြောင်း နိုဝင်ဘာ ၆ရက်တွင် တရာဝင်အသိပေးထုတ်ပြန်ထားသည်။

(BPLA ကွပ်ကဲ​ရေးမှူး ကို​ဆောင်းခ နှင့် BPLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-BPLA)
(BPLA ကွပ်ကဲ​ရေးမှူး ကို​ဆောင်းခ နှင့် BPLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-BPLA)

“BPLA က အညာကို နေရာပြောင်းလိုက်တာမဟုတ်ပါဘူး။ BPLA က အညာသားတွေ အညာကိုပြန်လာကြတာဖြစ်ပါတယ်။”

-ကိုဆောင်းခ(BPLA ကွပ်ကဲ​ရေးမှူး)

People’s Spring

ကရင် နှင့် ရှမ်းမြောက်၌ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်နေသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA )က အညာ​ဒေသတွင် တိုက်ပွဲများ​ဖော်​ဆောင်နိုင်ရန် အညာစစ်​ဒေသအတွက် တပ်သားသစ်များ ခေါ်ယူ​နေခြင်းဖြစ်ကြောင်းBPLA ကွပ်ကဲရေးမှူး ကိုဆောင်းခက​ပြောကြားသည်။

အမှတ်(၃၀၈)၊ အညာစစ်ဒေသအတွက် BPLA က တပ်သားသစ်များ စိစစ်ရွေးချယ်ခေါ်ယူနေပြီဖြစ်ပြီး BPLA Facebook Page Messenger မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ကြောင်း နိုဝင်ဘာ ၆ရက်တွင် တရာဝင်အသိပေးထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“BPLA က အညာကို နေရာပြောင်းလိုက်တာမဟုတ်ပါဘူး။ BPLA က အညာသားတွေ အညာကိုပြန်လာကြတာဖြစ်ပါတယ်။ ဒီကာလကိုရောက်ဖို့ ကျနော်တို့ ၃ နှစ်ကျော်လောက် အချိန်ယူပြင်ဆင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အခုတော့ ခိုင်မာတဲ့မူဝါဒတွေနဲ့ စည်းစနစ်ကျတဲ့တပ်တော်တစ်ခုဖြစ်လာခဲ့ပါပြီ။ မကြာခင် အညာဒေသမှာ တိုက်ပွဲဖော်ဆောင်နိုင်ဖို့ တပ်ဖွဲ့ဝင်အသစ်များစုဆောင်းနေတာဖြစ်ပါတယ်” ဟု ကိုဆောင်းခက People’s Spring သို့သည်။

BPLA အနေဖြင့် အညာဒေသတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ PDF တပ်ရင်းများ၊ အခြားသောတော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်းကာ တော်လှန်ရေးအမြန်ဆုံးအောင်မြင်ရန် ကြိုးစားသွားမည်ဟုကိုဆောင်းခက အောက်တိုဘာ လကုန်ပိုင်းတွင်စတင်အသိပေးခဲ့သည်။

BPLA အနေဖြင့် တပ်တည်ထောင်ခြင်း ၃ နှစ်ကျော်ကာလအတွင်း ကနဦးအနေဖြင့် ကရင်ပြည်နယ် အမှတ်( ၁၀၇) စစ်ဒေသ နှင့် ရှမ်းမြောက်အခြေစိုက် အမှတ် (၂၀၃) စစ်ဒေသဟူ၍ အခြေစိုက်လှုပ်ရှားနယ်မြေ နှစ်နေရာရှိခဲ့သည်။ ယခုအခါ အညာဒေသ၌ပါ အမှတ်(၃၀၈)၊ အညာစစ်ဒေသ ဟူ၍ သုံးခု​မြောက်စစ်ဒသတိုးချဲ့လာခြင်းဖြစ်သည်။

BPLA သည် NUG လက်အောက်ခံတပ်မဟုတ်ကြောင်း၊ သို့ရာတွင် ညီညွတ်ရေးကိုရှေးရှုပြီး အညာဒေသခံတပ်ဖွဲ့တွေအားလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် အစဉ် ကြိုးစားမည်ဖြစ်ကြောင်း ကွပ်ကဲရေးမှူး ကိုဆောင်းခက​ ​အောက်တိုဘာ ၂၇ ရက်တွင် ​ဖေစ်ဘွခ်၌ ​ရေးသားခဲ့သည်။

BPLA အနေဖြင့် ဗမာလူမျိုးစုကိုယ်စားပြုနိုင်ရေးနှင့် ဗမာလူထု၏ အသိအမှတ်ပြုမှု ရရှိ​ရေးကို တဆင့်ချင်း လုပ်ဆောင်မည်ဟုလည်းဆိုသည်။

လတ်တလော BPLA အနေဖြင့် ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေး နှင့် ကရင်ပြည်နယ်အတွင်း ဖာပွန်မြို့သိမ်းစစ်ဆင်ရေးတို့၌ဒေသခံတိုင်းရင်းသားတော်လှန်ရေးတပ်များနှင့်အတူ ပူးပေါင်းပါဝင်တိုက်ခိုက်လျှက်ရှိသည်။

အညာ​ဒေသဟု​ခေါ်သည့် စစ်ကိုင်းတိုင်း၊မ​ကွေးတိုင်း နှင့် မန္တ​လေးတိုင်းတို့တွင် အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) ၊ ကာကွယ်​ရေးဝန်ကြီး ဌာန လက်​အောက်ခံ PDF တပ်ရင်းများ ၊ပကဖများ ၊ ​ဒေသခံကာကွယ်​ရေးအဖွဲ့-LPDFများအပြင် အခြား​တော်လှန်​ရေးတပ်ဖွဲ့ များစွာရှိသည်။ NUG ကာကွယ်​ရေးဝန်ကြီးဌာန အမှတ် (၁)စစ်​ဒေသ ​အောက်ရှိ PDF များ ၊ပကဖ နှင့်​တော်လှန်​ရေးအင်အားစုများက စစ်ကိုင်းတိုင်းတွင် ခမ်းပါတ် ၊​ရွှေပြည်​အေး ၊​မော်လူး ၊မြို့သစ် ၊ ပင်လည်ဘူး မြို့များကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ယခုအခါ အင်း​တော်မြို့ကိုအပြီးသတ်သိမ်းပိုက်ရန် ထိုးစစ်ဆင်​နေသည်။

မန္တ​လေးတိုင်းတွင်လည်း ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (မန္တ​လေး) က စဥ့်ကူးမြို့နှင့် မတ္တရာမြို့ ရှိစစ်တပ်စခန်းများစွာကိုသိမ်းပိုက်ထားသည်။

မန္တ​လေးPDF ၊ မိုးကုတ်PDF တို့မှာ TNLA နှင့် ပူး​ပေါင်း၍ မိုးကုတ် ၊​နောင်ချို စ​သောမြို့များကိုလည်းထိုးစစ်ဆင်သိမ်းပိုက်ထားသည်။ထိုအပြင် PDF များနှင့် ​တော်လှန်​ရေးအင်အားစုများမှာ မန္တ​လေးမြို့ရှိ သပိတ်ကျင်း ၊တ​ကောင်းမြို့များကိုသိမ်းပိုက်ထိန်းချုပ်ထားသည်။ ထို​ကြောင့် PDF များဦး​ဆောင်တိုက်ခိုက်သိမ်းပိုက်ထား​သောမြို့ အနည်းဆုံး ၈ မြို့ ရှိ​နေပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တည်ထောင်ခြင်းနှစ်ပတ်လည်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့ပြီး BPLAဟာ အားကိုးထိုက်တဲ့ တပ်တော်တခု အဖြစ် ဝင့်ထည်စွာ ရပ်တည်နိုင်ခဲ့ပြီလို့ ဖော်ပြထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်မှာရှိတဲ့ အမှတ်(၁၆)ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံ(ကပစ-၁၆)အနီးနဲ့ ပန်းတောင်းနယ်မြေစစ်ဆင်ရေးတွေမှာအာရက္ခတပ်တော်(AA)နဲ့အတူပူးပေါင်းတိုက်ခိုက်နေတယ်လို့ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က သတင်းထုတ်ပြန်ပါတယ်။

မေးမြန်းခန်း

မောင်ဆောင်းခ – အထူးသဖြင့်တော့ ကျနော်တို့က လက်နက်ကိုင်တော်လှန်ရေးကို အစောပိုင်းကတည်းက ရွေးချယ်ခဲ့တာဖြစ်တဲ့အတွက် အဲဒီအပိုင်းကို နည်းနည်းပိုပြီးတော့ ပြောချင်ပါတယ်။ စစ်အနိုင်တိုက်ရေးစဉ်းစားကြပေမယ့်လည်း စစ်တပ်တွေဖြစ်အောင် အစောတလျှင် မတည်ဆောက်နိုင်ခဲ့တာကတော့ အားနည်းချက်လို့ ကျနော်တို့မြင်ပါတယ်။

သတင်း

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ NCO(အကြပ်) အပတ်စဉ် (၂)သင်တန်းကို တော်လှန်ရေးမဟာမိတ်အဖွဲ့များက ရဲဘော်များတက်ရောက်ခဲ့ပြီး အာရက္ခတပ်တော်(AA)မှ သင်တန်းမှူးများက လေ့ကျင့်သင်ကြားပို့ချခဲ့ဟု သင်တန်းတက်ရောက်ခဲ့သည့် အဖွဲ့တခုဖြစ်သော Force For Federal Democracy (FFD) တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။