Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူတွင် စစ်ကားတိမ်းမှောက်ပြီး စစ်သားတစ်ဦး လက်ကျိုး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်ရာ စစ်သားတစ်ဦး လက်ကျိုးသွားကြောင်း ဒေသခံများက ပြောသည်။

(အာဏာသိမ်းကာလအစောပိုင်း ၂၀၂၁ ခုနှစ် မတ်လအတွင်းက ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်တွင် စစ်ကောင်စီယာဥ်တစ်စီး တိမ်းမှောက်ခဲ့စဥ်။ဓာတ်ပုံ-CJ)
(အာဏာသိမ်းကာလအစောပိုင်း ၂၀၂၁ ခုနှစ် မတ်လအတွင်းက ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်တွင် စစ်ကောင်စီယာဥ်တစ်စီး တိမ်းမှောက်ခဲ့စဥ်။ဓာတ်ပုံ-CJ)

ဟာနာဆန်/People’s Spring

ယနေ့(နိုဝင်ဘာ ၇ ရက်) နံနက် ၁၁နာရီခွဲခန့်က ဆယ်မိုင်လမ်းဆုံမှ အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံသို့ သွားသော စစ်ကားတစ်စီးသည် အုန်းမှင်ကျေးရွာနှင့် ချထောက်ကျေးရွာကြား၌ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်၏ တာဝန်ရှိသူက ပြောသည်။

“ချထောက်ဘက်ကနေ လာလို့ရှိရင် အဆင်းတနေရာရှိတယ်။ အဲဒီအဆင်းမှာ သူတို့အရှိန်မထိန်းနိုင်ဘဲ ကားမှောက်တယ်လို့ သိရတယ်။လက်ရှိမှာတော့ တစ်ကောင်လက်ကျိုးတယ်လို့သိရတယ်။”ဟု ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်၏ တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ကားပေါ်ပါ အခြားစစ်သားများ ထိခိုက်မှုနှင့် ကားပျက်စီးမှုအခြေအနေ မသိရသေးပေ။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် အောက်တိုဘာ ၄ရက်ကလည်း ဧရာဝတီတိုင်းမှ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကို စစ်ကူသွားသည့် စစ်ကားတစ်စီး တိမ်းမှောက်ရာ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က တပ်မ ၄ခုအထိသုံးပြီး မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်က ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ) တွေကို အင်အားထပ်ဖြည့်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်တပ် ရှေ့ပြေးကင်းအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ခြောက်ဦးထက်မနည်းသေဆုံးတယ်လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံကိုသူရိန်က လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ပါရာမော်တာတစ်စီးပျက်ကျတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့ကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်နဲ့ ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးကာ နေအိမ် ၂၀ကျော်နဲ့ ဈေးဆိုင်ခန်းတွေ မီးလောင်ပျက်စီးခဲ့ပါတယ်။