Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူတွင် စစ်ကားတိမ်းမှောက်ပြီး စစ်သားတစ်ဦး လက်ကျိုး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်ရာ စစ်သားတစ်ဦး လက်ကျိုးသွားကြောင်း ဒေသခံများက ပြောသည်။

(အာဏာသိမ်းကာလအစောပိုင်း ၂၀၂၁ ခုနှစ် မတ်လအတွင်းက ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်တွင် စစ်ကောင်စီယာဥ်တစ်စီး တိမ်းမှောက်ခဲ့စဥ်။ဓာတ်ပုံ-CJ)
(အာဏာသိမ်းကာလအစောပိုင်း ၂၀၂၁ ခုနှစ် မတ်လအတွင်းက ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်တွင် စစ်ကောင်စီယာဥ်တစ်စီး တိမ်းမှောက်ခဲ့စဥ်။ဓာတ်ပုံ-CJ)

ဟာနာဆန်/People’s Spring

ယနေ့(နိုဝင်ဘာ ၇ ရက်) နံနက် ၁၁နာရီခွဲခန့်က ဆယ်မိုင်လမ်းဆုံမှ အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံသို့ သွားသော စစ်ကားတစ်စီးသည် အုန်းမှင်ကျေးရွာနှင့် ချထောက်ကျေးရွာကြား၌ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်၏ တာဝန်ရှိသူက ပြောသည်။

“ ချထောက်ဘက်ကနေ လာလို့ရှိရင် အဆင်းတနေရာရှိတယ်။ အဲဒီအဆင်းမှာ သူတို့အရှိန်မထိန်းနိုင်ဘဲ ကားမှောက်တယ်လို့ သိရတယ်။လက်ရှိမှာတော့ တစ်ကောင်လက်ကျိုးတယ်လို့သိရတယ်။” ဟု ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်၏ တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ကားပေါ်ပါ အခြားစစ်သားများ ထိခိုက်မှုနှင့် ကားပျက်စီးမှုအခြေအနေ မသိရသေးပေ။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် အောက်တိုဘာ ၄ရက်ကလည်း ဧရာဝတီတိုင်းမှ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကို စစ်ကူသွားသည့် စစ်ကားတစ်စီး တိမ်းမှောက်ရာ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က စစ်ကောင်စီတပ်ရဲ့ ဂိတ်စခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား လေးဦးသေပြီး လက်နက်ခဲယမ်းအချို့သိမ်းရရှိခဲ့တယ်လို့ ပခုက္ကူခရိုင်စစ်ဌာနက ဒီကနေ့ (အောက်တိုဘာ ၂၈ရက်)မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ပေါက်မြို့နယ်အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ−၂၄) ရောက်လာသည့် စစ်ကောင်စီယာဥ်တန်းများနှင့် တပ်သားများသည် ဆိပ်ဖြူမြို့နယ်ရှိ ကပစ(၂၂)နှင့် ယောဒေသဘက်သို့ အင်းအားဖြန့်ခွဲပြီး စစ်ကြောင်းထိုးလာကြောင်း သတင်းရရှိသည်။

သတင်း

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ အရပ်သား ခုနစ်ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်၊လက်ဆည်ရဲစခန်းကိုတော်လှန်​ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့သည်။