Connect with us

Hi, what are you looking for?

သတင်း

အင်း​တော်မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်

အင်းတော်မြို့သိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ(PDF)များ ​ဒေသခံ ပကဖများ ၊ABSDF တပ်ဖွဲ့ဝင်များအပါအဝင် ​တော်လှန်​​ရေးတပ်ဖွဲ့များပူး​ပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။​​

(အင်း​တော်မြို့မ ရဲစခန်းကို PDF များကသြဂုတ်လကုန်ပိုင်းတွင်သိမ်းပိုက် ပြီး​နောက်​​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(အင်း​တော်မြို့မ ရဲစခန်းကို PDF များကသြဂုတ်လကုန်ပိုင်းတွင်သိမ်းပိုက် ပြီး​နောက်​​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

▪︎စစ်​တပ်က ​​နောက်ဆုံးတပ်စွဲရာ​နေရာကို​လေ​ကြောင်းပစ်ကူဖြင့်​ခုခံ

အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲသည် ရက်သတ္တပတ်တစ်ပတ်ကြာလာသည့်တိုင် တိုက်ပွဲဆက်လက်ပြင်း‌ထန်နေပြီး စစ်ကောင်စီတပ်က ​​နောက်ဆုံးတပ်စွဲထား​သော ဂျပန်လှိုဏ်ဂူဘုရားမှနေ၍ လေကြောင်းပစ်ကူယူပြီး အပြင်းအထန်ခုခံနေကြောင်း ​ဒေသခံ နှင့် PDF အချို့က​ပြောသည်။

“ပထမတပ်စွဲထားတာ သုံးနေရာ။ နှစ်နေရာကနေ သူဆုတ်သွားပြီး ဂျပန်လှိုဏ်ဂူဘုရားမှာ ခံပစ်နေတယ်ဗျ။ ‌နောက်ပြီး လေကြောင်းက‌နေအဓိက ပစ်ပြီး တောင့်ခံနေတာပါ”ဟု အင်းတော်မြို့ခံတဦးကပြောသည်။ ​တော်လှန်​ရေးတပ်များက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်​နေ​သော​ကြောင့် စစ်တပ်မှာကုန်း​ကြောင်းမှစစ်ကူမပို့နိုင်​တော့ဘဲ ​လေ​ကြောင်းမှသာစစ်ကူ​ပေး​နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လလယ်တွင် ​တော်လှန်​ရေးတပ်ဖွဲ့များက အင်း​တော် ၊ပင်လည်ဘူး နှင့်ထီးချိုင့်မြို့တို့ကို တပြိုင်နက်မြို့သိမ်းတိုက်ပွဲ တိုက်ခိုက်ခဲ့သည်။သို့​သော် မသိမ်းနိုင်​​သေးဘဲ တိုက်ပွဲ ​ခေတ္တရပ်နားပြီး​နောက် နိုဝင်ဘာ ၁ ရက်တွင်အင်းတော်မြို့သိမ်း

Public Service Announcement

Public Service Announcement

တိုက်ပွဲကို PDFများဦး​ဆောင်သည့် ​တော်လှန်​ရေးတပ်များကပြန်လည်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။PDF များက ပင်လည်ဘူးမြို့ကို​အောက်တိုဘာ ၈ ရက်တွင်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။

အင်း​တော်မြို့သိမ်းတိုက်ပွဲ ၇ ရက်အတွင်းစစ်တပ်က လေကြောင်းမှ ​နေ့စဥ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလဆန်းပိုင်းတိုက်ပွဲတွင် စစ်‌ကောင်စီဘက်၌ သေဆုံးမှုများပြားနေသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်တွင်လည်း ထိခိုက်မှုအချို့ရှိ​ကြောင်းစုံစမ်းသိရသည်။

နိုင်ဝင်ဘာလ ၅ရက်က အင်းတော်မြို့နယ်၌ တိုက်ပွဲပြင်းထန်နေစဉ် မြို့နှင့် ဆက်စပ်နေသော မော်လူးမြို့ ဆေးရုံးကို စစ်ကောင်စီလေကြောင်းမှဗုံကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင်ထိခိုက်ခဲ့ပေ။

အင်းတော်မြို့သိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ(PDF)များ ​ဒေသခံ ပကဖများ ၊ABSDF တပ်ဖွဲ့ဝင်များအပါအဝင် ​တော်လှန်​​ရေးတပ်ဖွဲ့များပူး​ပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။​​

ပထမတကြိမ်မြို့သိမ်းတိုက်ပွဲကို ဩဂုတ်လ ၁၆ရက်က စတင်ခဲ့ပြီး နဘားလမ်းဆုံစစ်ကောင်စီစခန်း၊ နဘားကျေးရွာအတွင်း ဘုန်းကြီးကျောင်းတွင်တပ်စွဲထားသော စစ်ကောင်စီစခန်းနှင့် အင်းတော်မြို့မရဲစခန်းကို PDFများကသိမ်းယူနိုင်ခဲ့သည်။ ဆုတ်ခွာသွားသည့် စစ်ကောင်စီသည် အင်းတော်မြို့မ ဘုန်းကြီးကျောင်း၊ စစ်တပ်ကုန်းနှင့် ဘုရားကုန်းတွင် တပ်စွဲပြီး ဒေသခံများကိုဖမ်းဆီးကာ လူသားတံတိုင်းအဖြစ်ထားရှိခဲ့သည်။

ထို့ကြောင့် ပြည်သူ့ကာကွယ်‌ ရေးတပ်ဖွဲ့များက ထိုးစစ်ရပ်ခဲ့ရသည်။ ဩဂုတ်လ နှောင်းပိုင်းမှစတင်၍ အောက်တိုဘာလကုန်အထိ တိုက်ပွဲရပ်ထားခဲ့ပြီး ယခုအခါ ပြန်လည်တိုက်ခိုက်ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ အင်း​တော်မြို့သည် ထီးချိုင့် ၊ ကသာ မြို့တို့ နှင့် ဖိုဂ​နောက်ဆိုင်တည်ရှိသည်။အင်း​တော်မြို့သို့ ကသာမှကားလမ်းအတိုင်းသွားလျင် ၁၆ မိုင် ၊ ထီးချိုင့်မှကားလမ်းအတိုင်းသွားလျင် ၄၂ မိုင်ခန့်ကွာ​ဝေးသည်။ မန္တ​လေး-မြစ်ကြီးနားရထားလမ်း​ပေါ်တွင်တည်ရှိ​သော်လည်း ထိုရထားလမ်းမှာစစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​တော်လှန်​ရေးအဖွဲ့များက ဖြတ်​တောက်ထားပြီး ရထားများ​ပြေးဆွဲနိုင်ခြင်းမရှိ​တော့​ပေ။

တိုက်ပွဲကြောင့် အင်းတော် – ကသာလမ်းပိုင်းနှင့် မန္တလေး – မြစ်ကြီးနား လမ်းပိုင်းကို ယာယီပိတ်ထားကြောင်း သတင်းရရှိသည်။အင်းတော်မြို့တွင် စစ်ကောင်စီ‌ခြေမြန်တပ်ရင်း ခမရ(၇၇) လက်အောက်ခံတပ်များဖွဲ့များနှင့် ပြည်သူ့စစ်များအပါအဝင် အင်အား ၅၀၀ ခန့် ရှိနေသည်ဟုသတင်းရရှိသည်။

နိုင်ငံတဝန်း​တော်လှန်​ရေးတပ်ဖွဲ့များသိမ်းပိုက်ထား​​သောမြို့​ပေါင်း ၈၆ မြို့ရှိရာတွင် PDF များဦး​ဆောင်တိုက်ခိုက်သိမ်းပိုက်ထား​သောမြို့ ၈ မြို့ရှိသည်။စစ်ကိုင်းတိုင်းတွင် ခမ်းပတ် ၊​မော်လူး ၊​ရွှေပြည်​အေး ၊မြို့သစ် ၊ပင်လည်ဘူး မြို့တို့နှင့် မန္တ​လေးတိုင်းတွင် စဥ်ကူး ၊သပိတ်ကျင်း ၊တ​ကောင်းမြို့တို့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာသည့်အပေါ် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယောတပ်တော်တာဝန်ရှိသူက ပြောသည်။

သတင်း

တိုက်ခိုက်မှုကို မင်းဘူးခရိုင်၊ အမှတ် (၆)တပ်ရင်း၊ မင်းဘူးခရိုင်၊ အမှတ်(၈)တပ်ရင်းနှင့် မင်းဘူးခရိုင် ပကဖ ဒရုန်းလက်ရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဟားခါး-ထန်တလန်မြို့နယ်ကြား၌ စစ်ကောင်စီတပ်စွဲထားသည့်နေရာများတွင်လည်း တိုက်ပွဲများ ဆက်ရှိနေသည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။

သတင်း

တောင်ရင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၂ နိုဝင်ဘာအတွင်းကလည်း စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ် ၁၄၀ကျော် မီးလောင်ပြာကျခဲ့ဖူးသည်။

Facebook