Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော် – မိုးမောက်ကြားနှင့် နောင်ချိုတွင် တိုက်ပွဲဆက်ဖြစ်

လက်ရှိ မိုးမောက်ဒေသ စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

(ရှမ်းမြောက်၌ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) အတွင်း တွေ့ရသော TNLA ရဲဘော်တစ်ဦး။ ဓာတ်ပုံ - TNLA)
(ရှမ်းမြောက်၌ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) အတွင်း တွေ့ရသော TNLA ရဲဘော်တစ်ဦး။ ဓာတ်ပုံ - TNLA)

▪️MNDAA သိမ်းထားသည့် လားရှိုးမြို့တွင် ဖုန်းလိုင်းအချို့ပြန်ရ

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဗန်းမော် – မိုးမောက် မြို့နယ် ကြားတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ (နိုဝင်ဘာ ၉ရက်) တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ရှမ်းမြောက် နောင်ချိုမြို့နယ်တွင်လည်း တအာင်းတပ်မတော်(TNLA) ၊ မန္တလေး PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ဆက်ရှိနေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

” ဗန်းမော် မိုးမောက် အောင်မြေကျေးရွာအနီးတဝိုက် ဒီမနက်အစောပိုင်းကနေ တိုက်ပွဲများပြင်းထန်နေပါတယ် ၊ ရှမ်းမြောက် နောင်ချိုမြို့နယ် ဆမ္မဆယ် ၊ ဂန့်ဂေါ်နဲ့ ဘန့်ဘွေးအနီးတဝိုက်မှာလည်း စကစနှင့် TNLA MDY PDF တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွါးနေပါတယ်” ဟု စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ရှမ်းမြောက်ရှိ လားရှိုး၊ နောင်ချို၊ သိန္နီနှင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့ကို ပြန်လည်ရရှိရေး ကြိုးပမ်းနေပြီး ထိုးစစ်ဆင်လာ၍ ယခုကဲ့သို့တိုက်ပွဲများ ဆက်ရှိနေသည်ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

” စကစရဲ့လေကြောင်းသတင်းအထူးသတိပြုဖို့လိုပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က တိုက်ပွဲဖြစ်ရာ ဒေသရှိ ပြည်သူလူထုများကို အသိပေးသည်။

KIAသည် မိုးမောက်မြို့နယ် ခမရ(၄၃၇)တပ်ရင်းကို ဩဂုတ်တတိယပတ်က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်း၊ တင့်ကား၊ သံချပ်ကာယာဉ် နှင့်လက်နက်ကြီး ပစ်ကူများ ရယူပြီး ဗန်းမော်မှ မိုးမောက်မြို့နယ်ဘက်သို့ ထိုးစစ်ဆင်နေ၍ KIAက ခုခံတိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့သည်။

လက်ရှိ မိုးမောက်ဒေသ စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

တစ်ဖက်တွင်လည်း ကိုးကန့် တပ်မတော် (MNDAA) သိမ်းပိုက်ထားသည့် လားရှိုးမြို့ နေရာအချို့တွင် MPTနှင့်MyTel ဖုန်းလိုင်းများ ပြန်ရနေကြောင်း လားရှိုးမြို့ရှိ သတင်းရင်းမြစ်တစ်ဦးက အသိပေးထားသည်။

MNDAAက လားရှိုးမြို့ကို သိမ်းပိုက်ခဲ့သည့် ဩဂုတ် ၃ရက် နောက်ပိုင်းတွင်ဆက်သွယ်ရေးလိုင်းများဖြစ်သည့် ဖုန်းနှင့် အင်တာနက်များ ပြန်လည် အသုံးပြုနိုင်ရေး ဆောင်ရွက်ခဲ့သော်လည်း စစ်ကောင်စီက ဩဂုတ်လကုန်မှစ၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာ၍ စက်တင်ဘာလတွင် ဖုန်းလိုင်းများ ပြန်လည်ပြတ်တောက်သွားရာ ယခု နိုဝင်ဘာ ၉ရက်တွင် ဖုန်းလိုင်းအချို့ ပြန်ရခြင်းလည်းဖြစ်သည်။

ယခင်က လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သော်လည်း ယခုရက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု သတင်း ပြန်လည်ငြိမ်သက်လျက်ရှိသည်။

စစ်ကောင်စီနှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိတို့ ဩဂုတ်အတွင်း တွေ့ဆုံပြီးနောက် လားရှိုးမြို့အပါအဝင် ရှမ်းမြောက်နှင့် ကချင်ပြည်နယ် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်များ ထိန်းချုပ်ရာ မြို့ရွာများကို စစ်ကောင်စီက လေကြောင်း စစ်ဆင်ရေးများ အရှိန်မြှင့်ပြုလုပ်ပြီး စစ်ရေးအရ ဖိအားပေးခဲ့သည်ဟု စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြောထားသည်။

တစ်ဖက်တွင်လည်း တရုတ်အစိုးရက တိုင်းရင်းသား တပ်ဖွဲ့ထိန်းချုပ်နယ်မြေရှိ နယ်စပ်ဂိတ်များ ပိတ်ပင်ခြင်း၊ တိုင်းရင်းသားတပ်ဖွဲ့များအား စစ်ကောင်စီကို ဆက်လက်မတိုက်ခိုက်ရန် ဖိအားပေးခြိမ်းခြောက်ခြင်းများလုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

” တရုတ်အစိုးရဘက်မှ နယ်စပ်ဂိတ်များကို ကုန်ပစ္စည်းကန့်သတ်ပိတ်လိုက်တော့ အဓိက ပြည်သူတွေပိုပြီးအခက်တွေ့နေရတယ်။မူဆယ်မှာ စက်သုံးဆီရဖို့ ပြည်သူတွေတန်းစီရတာ ဒီနေ့ပိုမိုများလာပြီး ဆီစျေးများတက်နေဆဲ။စကစနဲ့တရုတ်ပူးပေါင်းပြီး ဖိအားပေးနေသော်လည်း အဓိကတော့ အရပ်သားပြည်သူတွေပိုပြီးထိခိုက် နေရတာ”ဟု ဦးဇော်ဆန်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။