Connect with us

Hi, what are you looking for?

သတင်း

သမိုင်းဆိုးတွင်ခဲ့သည့် စစ်ကောင်စီ​၏ သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းစဉ် ပြည်သူ့ဘဏ္ဏာကျပ်သန်းပေါင်း ၅,၆၀၀ကျော်အသုံးပြုခဲ့ဟု GSCB ထုတ်ပြန်

ပြည်သူများအနေဖြင့် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်ဖီဆန်၍ အာဏာရှင်စနစ် အမြန်ချုပ်ငြိမ်းရေးအတွက် အရှိန်မြှင့်ပါဝင်ပေးရန် GSCB ကတောင်းဆိုထားသည်။

(စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူရာတွင် စစ်သားများ၊ရဲများ၊ပျူ စောထီးများပါ ခေါ်လာ ကြောင်း ဒေသအချို့မှပြည်သူများက ပြောသည်။ ဓာတ်ပုံ-CJ)
(စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူရာတွင် စစ်သားများ၊ရဲများ၊ပျူ စောထီးများပါ ခေါ်လာ ကြောင်း ဒေသအချို့မှပြည်သူများက ပြောသည်။ ဓာတ်ပုံ-CJ)

သတိုး/People’s Spring

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေဘေးဒုက္ခကြုံ နေရချိန်တွင် စစ်ကောင်စီသည် အကြမ်းဖက်မှုများပြုလုပ်၍ သန်းခေါင်စာရင်းကောက်ယူခဲ့ခြင်းဖြစ်သောကြောင့် သမိုင်းဆိုးတွင်ခဲ့သည့်သန်းခေ့င်စာရင်းကောက်ယူမှုဟုအထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု- GSCB က ယနေ့(နိုဝင်ဘာ ၁၂ရက်) အသိပေးထားသည်။

စစ်ကောင်စီသည် ‌အတုအယောင်ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ရည်ရွယ်၍ သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ရက်မှ ၁၅ ရက်အတွင်း ကောက်ယူခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ထားသည့်ရက်ထက် ၁၅ ရက်ခန့်ကြာမြင့်စွာ လုပ်ဆောင်ခဲ့ရသည်ဟု GSCB က ဆိုသည်။

“ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးကို အဓမ္မ ကြိုးပမ်းခဲ့သည့် ကာလမှာ နိုင်ငံအဝှမ်းရှိ မြို့နယ်ပေါင်း (၃၃၀)၌ မြို့နယ် (၂၃၃) ခုထက်မနည်း (နိုင်ငံ၏ ဧရိယာ (၇၀) ရာခိုင်နှုန်းကျော်)၌ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ဆယ်စုနှစ် ငါးခုအတွင်းတွင် အဆိုးဆုံး ဖြစ်ခဲ့သည့် စက်တင်ဘာလအတွင်းက ရေကြီးရေလျှံမှုကြောင့် လူဦးရေ (၄၀၀) ကျော် သေဆုံးခဲ့ပြီး (၁၀၀) ဦးထက်မနည်း ပျောက်ဆုံးခဲ့၍ ရေဘေးသင့် ပြည်သူ (၁)သန်းကျော်အထိ ထိခိုက်ပျက်စီးနေမှုများ ကြုံနေရသည့် အချိန်ဖြစ်ပါသည်။”ဟု GSCB ကထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

သန်းခေါင်စာရင်းအတွက် စစ်ကောင်စီက ပြည်သူ့ဘဏ္ဏာ ကျပ်သန်းပေါင်း ၅,၆၀၀ ကျော်အသုံးပြုခဲ့ပြီး ရေးဘေးသင့်နေသည့်ဒေသများ၌ပင် စစ်တပ် ၊ ရဲ ၊ ပျူစောထီးများကို အသုံးပြုကာ လက်နက်ဖြင့် ခြိမ်းခြောက်၍ အတင်းအကျပ် ဖိအားပေးကာ ‌ကောက်ယူမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သန်းခေါင်စာရင်းကောက်ယူမှုအတွက် ပညာရေးဝန်ထမ်းများကို အဓမ္မစေခိုင်းခဲ့ခြင်းဖြစ်ပြီး ယင်းလုပ်ငန်းဆောင်ရွက်သူများအနေဖြင့် အပြသဘောဖြင့်လုပ်ဆောင်ခဲ့သလို ပြည်သူများဘက်ကလည်း ပူးပေါင်းပါဝင်မှုမရှိသောကြောင့် သမိုင်းတလျှောက် လုံး၌ အဆင့်အတန်းမရှိသော၊ အားကိုးယုံကြည်ဖွယ်ရာ မရှိသော ပုံပျက်ပန်းပျက် သန်းခေါင်စာရင်း ကောက်ယူရန် ကြိုးပမ်းမှု အဖြစ်သာ သမိုင်းဆိုးတွင်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

“သန်းခေါင်စာရင်းလာကောက်တာ အိမ်မှာ ဘယ်နှစ်ယောက်ရှိလဲမေးပြီး ပြန်ထွက်သွားတာ။ ဘယ်လိုတွေလုပ်မှာလဲတော့ မသိဘူး”ဟု ရန်ကုန် မြို့၌ နေထိုင်သူတစ်ဦးက ပြောသည်။

“အကြမ်းဖက် စစ်အုပ်စု၏ အဓမ္မ သန်းခေါင်စာရင်း ကောက်ယူခဲ့သည့် လုပ်ငန်းစဉ် တလျောက်လုံးတွင် နည်းနာမျိုးစုံဖြင့် ဆန့်ကျင်၍ ပူးပေါင်းမှု မပြုခဲ့ကြသော ပြည်သူလူထုနှင့် တော်လှန်ရေး အင်အားစုများ၏ တော်လှန်ရေးအပေါ် ပါဝင် ပံ့ပိုးပေးမှုများကိုလည်း ကျွန်ုပ်တို့က အလေးအမြတ်ပြုအပ်ပါသည်”ဟု GSCB​၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့အပြင် ပြည်သူများအနေဖြင့် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်ဖီဆန်၍ အာဏာရှင်စနစ် အမြန်ချုပ်ငြိမ်းရေးအတွက် အရှိန်မြှင့်ပါဝင်ပေးရန် GSCB ကတောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။