Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်နှင့် နောင်ချိုမြို့ လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၂၀ဦးသေဆုံး၊ ၂၄ဦးဒဏ်ရာရ

(မိုးကုတ်မြို့နှင့် နောင်ချိုမြို့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(မိုးကုတ်မြို့နှင့် နောင်ချိုမြို့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)

◾️စစ်ရေးသတိရှိရန်၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန်ကာကွယ်မှုဆိုင်ရာ ထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန် TNLAက သတိပေး

ဒီးဒီ/People’s Spring

စစ်ခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကပြန်ရောက်အပြီးတွင် မိုးကုတ်မြို့နှင့် နောင်ချိုမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၂၀ဦးသေဆုံးပြီး ၂၄ဦး ဒဏ်ရာရရှိခဲ့သည်။

ကမ္ဘာ့တန်ဖိုးအကြီးဆုံးပတ္တမြားများထွက်ရှိရာ မိုးကုတ်မြို့ကို စစ်ကောင်စီက တနင်္လာည သန်းခေါင်ယံအချိန်တွင် ဂျက်တာဖြင့် ဗုံး (၅)လုံးကြဲချတိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုအတွင်း ‌ဒေသခံပြည်သူ (၉)ဦး သေဆုံးပြီး (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းတပ်မတော်(TNLA)က အသိပေးထားသည်။

(မိုးကုတ်မြို့နှင့် နောင်ချိုမြို့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(မိုးကုတ်မြို့နှင့် နောင်ချိုမြို့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဥ်။ ဓာတ်ပုံ – TNLA)

မိုးကုတ်မြို့ကို TNLA ၊PDF ပူးပေါင်းတပ်များနှင့် မိုးကုတ်ဗျူဟာတို့က ပြီးခဲ့သည့် ဇွန်လ ၂၅ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်၂၄ရက်တွင် သိမ်းယူခဲ့သည်။

Public Service Announcement

Public Service Announcement

မိုးကုတ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် TNLAတို့က မြို့နယ်အုပ်ချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေသည်။

တိုက်ပွဲများဖြစ်ပွားစဉ်က တိမ်းရှောင်ခဲ့သည့်ဒေသခံများသည် မိုးကုတ်မြို့၌ ပြန်လည် အခြေချနေသည်။ ယခုအခါ စစ်ကောင်စီက လေကြောင်းမှ တကြော့ပြန်ဗုံးကြဲတိုက်ခိုက်လာ၍ မြို့ခံများစိတ်ပူနေကြသည်။

(မိုးကုတ်မြို့နှင့် နောင်ချိုမြို့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(မိုးကုတ်မြို့နှင့် နောင်ချိုမြို့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဥ်။ ဓာတ်ပုံ – TNLA)

စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် (၃၅)မိုင်ကွာဝေးသော ရှမ်းမြောက်ရှိ နောင်ချိုမြို့ကိုလည်း စစ်ကောင်စီက အင်္ဂါနေ့ နေ့လယ် ၂နာရီခွဲခန့်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

နောင်ချိုမြို့ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်ကို ပေါင် ၅၀၀ဗုံးကြဲချတိုက်ခိုက်ရာ အရပ်သား ၁၁ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရခဲ့သည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၄ လုံးနှင့် ခရီးသည်တင်ကားများ မီးလောင်ပျက်စီးသွားခဲ့သည်ဟု TNLAက အသိပေးထားသည်။

” လန်းဆန်းလက်ဖက်ရည်ဆိုင်ပေါ် တည့်တည့်ကျတာ”ဟု နောင်ချိုမြို့မှ PDF ရဲဘော်က ပြောသည်။

စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်သည် တနင်္ဂနွေနေ့တွင် တရုတ်နိုင်ငံမှပြန်ရောက်ရှိလာအပြီးတွင် စစ်ကောင်စီက မြို့ရွာများ ဗုံးကြဲတိုက်ခိုက်နေသည်။

(မိုးကုတ်မြို့နှင့် နောင်ချိုမြို့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(မိုးကုတ်မြို့နှင့် နောင်ချိုမြို့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဥ်။ ဓာတ်ပုံ – TNLA)

စစ်ကောင်စီသည် အင်္ဂါနေ့တစ်ရက်တည်း မကွေးတိုင်း ပွင့်ဖြူမြို့၊ ချင်းပြည်နယ် မင်းတပ်မြို့နှင့် ရခိုင်ပြည်နယ် အမ်းမြို့နယ်တို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီသည် TNLA သိမ်းပိုက်ထိန်းချုပ်ထားသော နောင်ချိုမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏပြုလုပ်နေသည်။ တနင်္ဂနွေနေ့ကလည်း နောင်ချိုမြို့ရှိ ရဲစခန်း၊ စျေးရပ်ကွက်နှင့် တောင်ရပ်ကွက်ကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်လိုအပ်ကြောင်း၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန်ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLAက အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။