Connect with us

Hi, what are you looking for?

သတင်း

၁၀၂၇အပိုင်း(၂)အတွင်း မူးယစ်ဆေးဖြင့် ဖမ်းမိသူ ၃၀၀ကျော်အား TNLAက အကျင့်စာရိတ္တပြုပြင်ရေးကျောင်းဖွင့်လှစ်ပြီး ပြုပြင်ပေး

ကျောက်မဲမြို့နယ်တွင် စစ်ကောင်တပ်ထိန်းချုပ်စဥ်က ၎င်းတို့၏ခွင့်ပြုချက်ဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် မူးယစ်ဆေးဝါးသုံးစွဲသူအများအပြားရှိခဲ့သည်ဟု TNLAက ထပ်မံ အသိပေးထားသည်။

(မူးယစ်ဆေးဖြင့် ဖမ်းမိသူများနှင့် TNLA​၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ရဲဘော်များ။ ဓာတ်ပုံ - TNLA)
(မူးယစ်ဆေးဖြင့် ဖမ်းမိသူများနှင့် TNLA​၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ရဲဘော်များ။ ဓာတ်ပုံ - TNLA)

-People’s Spring

၁၀၂၇စစ်ဆင်ရေးအပိုင်း(၂)အတွင်း သိမ်းပိုက် အုပ်ချုပ်ခဲ့သည့် နယ်မြေများအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူများနှင့် သုံးစွဲသူ ၃၂၀ဦးအား ဖမ်းဆီးပြီး အကျင့်စာရိတ္တပြုပြင်ရေးကျောင်းဖွင့်လှစ် ပြုပြင်ပေးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က အသိပေးသည်။

ကျောက်မဲမြို့နယ်ရှိ PSLF/TNLA ၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ (မူးယစ်ဆေးဝါးတိုက် ဖျက်ရေးဌာန)က မူးယစ်ဆေးဝါးသုံးစွဲသူ ၃၂၀ဦးအား အကျင့်စာရိတ္တပြုပြင်ရေးကျောင်းဖွင့်လှစ်ပြီး ပြုပြင်ပေးခဲ့ခြင်းဟု ဆိုသည်။

ကျောက်မဲမြို့နယ်တွင် စစ်ကောင်တပ်ထိန်းချုပ်စဥ်က ၎င်းတို့၏ခွင့်ပြုချက်ဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် မူးယစ်ဆေးဝါးသုံးစွဲသူအများအပြားရှိခဲ့သည်ဟု TNLAက ထပ်မံ အသိပေးထားသည်။

Public Service Announcement

Public Service Announcement

မူးယစ်ဆေးဝါးဖြင့် ဖမ်းဆီးရမိသူများအား အကျင့်စာရိတ္တပြုပြင်ရေးကျောင်းင်း၌ ၆ လတိတိ အကျင့်စာရိတ္တပြုပြင်ပေးခဲ့သည်ဟု ဆိုသည်။ သို့သော် မူးယစ်ဆေးဝါးရောင်းဝယ်သူများကိုမူ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်ခဲ့ကြောင်း ထပ်မံအသိပေးထားသည်။

ထို့အပြင် လိုက်လံဖမ်းဆီးအရေးယူပြီးနောက်ပိုင်း ကျောက်မဲမြို့အပါအဝင် PSLF/TNLA အုပ်ချုပ်သည့်နယ်မြေများတွင် အေးချမ်းသာယာပြီး မူယစ်ဆေးဝါးကင်စင်နယ်မြေအဖြစ် မိဘပြည်သူများကလည်း အေးချမ်းစွာနေထိုင် ကြသည်ဟုလည်း TNLAက ဆိုသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

တစ်ချိန်က ကမ္ဘာ့မူးယစ်ဆေးဝါးမြေပုံပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ရွှေတြိဂံဒေသဟာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု တစ်ကျော့ပြန် မြင့်တက်လာမှုကြောင့် နိုင်ငံတကာကပြန်လည်အာရုံစိုက်စောင့်ကြည့်လာရတဲ့ ဒေသတစ်ခု ဖြစ်လာနေပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

သတင်း

ရှမ်းပြည်နယ်၊ ဝမ်ဟိုင်းကနေ ရခိုင်ပြည်နယ်သို့သယ်ဆောင်ရောင်းဝယ်မယ့်ကျပ် ၃၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဟာ အာရက္ခတပ်တော်(AA)နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး အာဏာသိမ်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်ဟာ ယုတ္တိမရှိတဲ့ စွပ်စွဲချက်သာဖြစ်ပြီးAAနဲ့ဆက်စပ်မှုမရှိဘူးလို့ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုပါတယ်။

Facebook