Connect with us

Hi, what are you looking for?

သတင်း

၁၀၂၇အပိုင်း(၂)အတွင်း မူးယစ်ဆေးဖြင့် ဖမ်းမိသူ ၃၀၀ကျော်အား TNLAက အကျင့်စာရိတ္တပြုပြင်ရေးကျောင်းဖွင့်လှစ်ပြီး ပြုပြင်ပေး

ကျောက်မဲမြို့နယ်တွင် စစ်ကောင်တပ်ထိန်းချုပ်စဥ်က ၎င်းတို့၏ခွင့်ပြုချက်ဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် မူးယစ်ဆေးဝါးသုံးစွဲသူအများအပြားရှိခဲ့သည်ဟု TNLAက ထပ်မံ အသိပေးထားသည်။

(မူးယစ်ဆေးဖြင့် ဖမ်းမိသူများနှင့် TNLA​၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ရဲဘော်များ။ ဓာတ်ပုံ - TNLA)
(မူးယစ်ဆေးဖြင့် ဖမ်းမိသူများနှင့် TNLA​၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ရဲဘော်များ။ ဓာတ်ပုံ - TNLA)

-People’s Spring

၁၀၂၇စစ်ဆင်ရေးအပိုင်း(၂)အတွင်း သိမ်းပိုက် အုပ်ချုပ်ခဲ့သည့် နယ်မြေများအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူများနှင့် သုံးစွဲသူ ၃၂၀ဦးအား ဖမ်းဆီးပြီး အကျင့်စာရိတ္တပြုပြင်ရေးကျောင်းဖွင့်လှစ် ပြုပြင်ပေးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က အသိပေးသည်။

ကျောက်မဲမြို့နယ်ရှိ PSLF/TNLA ၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ (မူးယစ်ဆေးဝါးတိုက် ဖျက်ရေးဌာန)က မူးယစ်ဆေးဝါးသုံးစွဲသူ ၃၂၀ဦးအား အကျင့်စာရိတ္တပြုပြင်ရေးကျောင်းဖွင့်လှစ်ပြီး ပြုပြင်ပေးခဲ့ခြင်းဟု ဆိုသည်။

ကျောက်မဲမြို့နယ်တွင် စစ်ကောင်တပ်ထိန်းချုပ်စဥ်က ၎င်းတို့၏ခွင့်ပြုချက်ဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် မူးယစ်ဆေးဝါးသုံးစွဲသူအများအပြားရှိခဲ့သည်ဟု TNLAက ထပ်မံ အသိပေးထားသည်။

Public Service Announcement

Public Service Announcement

မူးယစ်ဆေးဝါးဖြင့် ဖမ်းဆီးရမိသူများအား အကျင့်စာရိတ္တပြုပြင်ရေးကျောင်းင်း၌ ၆ လတိတိ အကျင့်စာရိတ္တပြုပြင်ပေးခဲ့သည်ဟု ဆိုသည်။ သို့သော် မူးယစ်ဆေးဝါးရောင်းဝယ်သူများကိုမူ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်ခဲ့ကြောင်း ထပ်မံအသိပေးထားသည်။

ထို့အပြင် လိုက်လံဖမ်းဆီးအရေးယူပြီးနောက်ပိုင်း ကျောက်မဲမြို့အပါအဝင် PSLF/TNLA အုပ်ချုပ်သည့်နယ်မြေများတွင် အေးချမ်းသာယာပြီး မူယစ်ဆေးဝါးကင်စင်နယ်မြေအဖြစ် မိဘပြည်သူများကလည်း အေးချမ်းစွာနေထိုင် ကြသည်ဟုလည်း TNLAက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဗိုလ်မှူးနဲ့ အမျိုးသမီးတရားသူကြီးနှစ်ဦးကိုချန်လှပ်ပြီးအမှုလမ်းကြောင်းပြောင်းဖို့စီစဥ်​

သတင်း

၁၀၂၇ စစ်ဆင်ရေးကာလမှာ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLAနဲ့ ပူးပေါင်းလာတဲ့ လီဆူတပ်ဖွဲ့ဝင် ဦးဂူဆီးဟာ လီဆူတပ်ဖွဲ့ဝင် ၅၀ ကျော်၊ လက်နက် ၅၀ခန့်နဲ့အတူ စစ်တပ်ထံ ပူးပေါင်းသွားကြောင်း PSLF/TNLAက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တပ်ဖွဲ့ဝင်တွေစစ်တပ်ထံ အလင်းဝင်ရောက်မှုမရှိဟု TNLA ပြောရေးဆိုခွင့်ရှိသူငြင်းဆို

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ လောက်ကိုင်မြို့မှာ ကျင်းပတဲ့ လမုန့်စားပွဲကို ​မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံး​ဖော်ဖြစ်တဲ့ အာရက္ခတပ်တော်(AA)၊ တအာင်တပ်မတော်(TNLA)နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ အတူတကွတက်ရောက်ခဲ့ကြပါတယ်။