Connect with us

Hi, what are you looking for?

သတင်း

အဓမ္မစစ်မှုထမ်းခံရသော စစ်သားနှစ်ဦး လက်နက်ခဲယမ်းများနှင့် PDFထံ အလင်းဝင်

၎င်းတို့ နှစ်ဦးအား လုံခြုံသောနေရာသို့ ပို့ဆောင်ထားပြီး ဂုဏ်ပြုဆုငွေပေးအပ်သွားမည်ဟု ကြိုးကြာနီတပ်ရင်းက အသိပေးသည်။

(အလင်းဝင်စစ်ကောင်စီတပ်သား ၂ ဦးအား တွေ့ရစဥ်။ဓာတ်ပုံ - ကြိုးကြာနီ)
(အလင်းဝင်စစ်ကောင်စီတပ်သား ၂ ဦးအား တွေ့ရစဥ်။ဓာတ်ပုံ - ကြိုးကြာနီ)

ဟာနာဆန်/People’s Spring

အဓမ္မစစ်မှုထမ်းခံရသော စစ်ကောင်စီတပ်သား နှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း မကွေးအရှေ့ခြမ်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်တော်၊ တပ်ရင်း(၇) ကြိုးကြာနီတပ်ရင်းက ထုတ်ပြန်သည်။

မတရားစစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မစစ်မှုထမ်းခဲ့ရသော စစ်ကောင်စီ တပ်သား နှစ်ဦးသည် ကြိုးကြာနီတပ်ရင်း တပ်ရင်း (၇) ထံ MA-11 သေနတ် ၂ လက်နှင့် ကျည်ခဲယမ်းများယူဆောင်ကာ အလင်းဝင်ခဲ့ကြောင်း အဆိုပါ တပ်ရင်းက နိုဝင်ဘာ ၁၁ရက်တွင် အသိပေးသည်။

အဆိုပါ စစ်သားနှစ်ဦး အဓမ္မစစ်မှုထမ်းခံခဲ့ရသည့်ဖြစ်စဥ်နှင့်ပတ်သက်၍ “သူတို့ကို ခဏဆိုပြီးတော့ ခေါ်သွားတယ်။ ခေါ်သွားပြီး လေ့ကျင့်ရေးစစ်တပ်ထဲ ရောက်သွားတယ်။ နောက်တစ်ယောက်ကတော့ မနက်ဖြန်လိုနေ့ သူလိုက်ရတော့မယ်ဆိုရင် ဒီနေ့လိုနေ့မှဖွင့်ပြောလို့ ရှောင်ချိန်တိမ်းချိန်မရှိအောင် တန်းပြီးဆွဲခေါ်ထုတ်သွားတဲ့သဘောမျိုး။”ဟု တပ်ရင်း(၇) ကြိုးကြာနီတပ်ရင်း၏တပ်ရင်းမှူး ဗိုလ်ကျီးဇိုးက ပြောသည်။

Public Service Announcement

Public Service Announcement

၎င်းတို့ နှစ်ဦးအား လုံခြုံသောနေရာသို့ ပို့ဆောင်ထားပြီး ဂုဏ်ပြုဆုငွေပေးအပ်သွားမည်ဟု ကြိုးကြာနီတပ်ရင်းက အသိပေးသည်။

အဆိုပါ စစ်ကောင်စီတပ်သား ၂ ဦး၏ တပ်ရင်းအပါအဝင် အခြားအသေးစိတ်အချက်အလက်များအား ထပ်မံထုတ်ပြန်ပေးမည်ဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းဝန်းကျင်တိုက်ပွဲမှာအာရက္ခတပ်တော် (AA)က စစ်တပ်ဆီကလက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေ ကပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်မှုထမ်းခေါ်ယူမှုကို ခရိုင်အဆင့်က စတင်ကိုင်တွယ်နေပြီး စစ်မှုထမ်း ရှောင်တဲ့သူတွေကို ရှောင်တဲ့နေရာလိုက်ဖမ်းဖို့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်က ​မြှောက်​ပေးပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။