Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူနှင့် ရေစကြိုတွင် စစ်သားနှစ်ဦးအလင်းဝင် လာ၊ ကျပ်သိန်း ၄၀စီ ပေးအပ်

စစ်ကောင်စီလက်အောက်မှ ဝန်ထမ်းများအနေဖြင့် ပြည်သူရင်ခွင်ခိုလှုံကြရန် ရေစကြိုတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Southern YSO PDF)က တိုက်တွန်းထားသည်။

(အလင်းဝင်စစ်သား၂ဦးအား တွေ့ရစဥ်။ဓာတ်ပုံ - Southern YSO PDF)
(အလင်းဝင်စစ်သား၂ဦးအား တွေ့ရစဥ်။ဓာတ်ပုံ - Southern YSO PDF)

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူနှင့် ရေစကြိုမြို့နယ်တွင် လက်နက်ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင် လာသည့် စစ်သား နှစ်ဦးအား ကျပ်သိန်း ၄၀စီပေးအပ်ခဲ့ကြောင်း ရေစကြိုမြို့နယ်တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၇ရက်က ပခုက္ကူစက်မှုဇုန်စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသည့် ပခုက္ကူမြို့၊ အမှတ်(၂၅၉) ခြေလျင်တပ်ရင်းမှ တပ်သား ပြည့်ဖြိုးအောင်နှင့် ပခုက္ကူမြို့နယ် မြောက်လူးကန် အထိုင်စခန်းတွင် တာဝန်ထမ်းဆောင်နေသော စလင်းမြို့၊ အမှတ်(၂၅၅)ခြေလျင်တပ်ရင်းမှ တပ်သား ကောင်းမင်းခန့်တို့ အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း ရေစကြိုတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Southern YSO PDF) အဖွဲ့က အသိပေးသည်။

(အလင်းဝင်စစ်သား၂ဦးအား တွေ့ရစဥ်။ဓာတ်ပုံ - Southern YSO PDF)
(အလင်းဝင်စစ်သား၂ဦးအား တွေ့ရစဥ်။ဓာတ်ပုံ – Southern YSO PDF)

၎င်းတို့နှစ်ဦးယူဆောင်လာသော MA1 သေနတ် ၂ လတ်၊ကျည်ဘောက် ၆ ဘောက်၊ ကျည်ဆံ ၁၂၀ တို့အား PDF အဖွဲ့ထံ အပ်နှံခဲ့ကြောင်း၊ ထို့ကြောင့် ရဲဘော် ၂ ဦးအား တစ်ဦးလျှင် ကျပ်သိန်း ၄၀စီပေးခဲ့ကြောင်း Southern YSO PDF အဖွဲ့ တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ယခုအချိန်ထိ Southern YSO PDFအဖွဲ့ ထံအလင်းဝင်ရောက်လာသော စစ်သား အများအပြားရှိနေပြီး အချို့အား ၎င်းတို့နေထိုင်လိုသော ဒေသသို့ ပို့ဆောင်ပေးထားကြောင်း၊ အချို့ကမူ အာဏာရှင်တော်လှန်ရေး လုပ်ငန်းစဉ်များအတွင်း ပူးပေါင်းပါဝင်နေကြောင်း Southern YSO PDF အဖွဲ့က အသိပေးသည်။

ထို့ကြောင့် စစ်ကောင်စီလက်အောက်မှ ဝန်ထမ်းများအနေဖြင့် ပြည်သူရင်ခွင်ခိုလှုံကြရန် ရေစကြိုတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Southern YSO PDF)က တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။