Connect with us

Hi, what are you looking for?

သတင်း

ပင်လောင်း-ဖယ်ခုံနယ် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က အရပ်သား ၂၀၀ကျော်ကို ဖမ်းဆီးထားဟု KNDF ပြော

ဖယ်ခုံ-ပင်လောင်းနယ်စပ်သို့ စစ်ကောင်စီစစ် ကြောင်းထိုးမှုကြောင့် စစ်ရှောင်ပြည်သူ ၂၀,၀၀၀ ထက်မနည်းရှိကြောင်း ကရင်နီအရပ်ဘက်လူမှုအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

(ဖယ်ခုံ-ပင်လောင်းနယ်စပ်ရှိကျေးရွာများကို စစ်ကောင်စီတပ် ဖျက်ဆီးထားသည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ KNDF)
(ဖယ်ခုံ-ပင်လောင်းနယ်စပ်ရှိကျေးရွာများကို စစ်ကောင်စီတပ် ဖျက်ဆီးထားသည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ KNDF)

ရဲခေါင်/People’s Spring

ပင်လောင်း-ဖယ်ခုံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က အရပ်သား ၂၀၀ကျော်ကို ဖမ်းဆီးထားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပြောသည်။

ယခုလ ၁၁ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ပူချယ်ကျေးရွာမှ ကောက်ရိတ်ပြန်လာသော အရပ်သားပြည်သူ ၂၀၀ထက်မနည်းကို ပင်လောင်း-ဖယ်ခုံမြို့နယ်တွင် စစ်ကြောင်းထိုးနေသာ စစ်ကောင်စီတပ်ဖွဲ့မှ မတရားဖမ်းဆီးခဲ့ကြောင်း ရှေ့တန်းမြေပြင်သတင်းများအရ KNDF က အသိပေးသည်။

(ဖယ်ခုံ-ပင်လောင်းနယ်စပ်ရှိကျေးရွာများကို စစ်ကောင်စီတပ် ဖျက်ဆီးထားသည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ KNDF)
(ဖယ်ခုံ-ပင်လောင်းနယ်စပ်ရှိကျေးရွာများကို စစ်ကောင်စီတပ် ဖျက်ဆီးထားသည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ KNDF)

ဖမ်းဆီးခံရသော ပြည်သူများကို စစ်ကောင်စီမှ​ ပင်လောင်းမြို့အားကစားရုံအတွင်း ထိန်းသိမ်းထားကြောင်း ကနဦးသိရှိရပြီး ဖမ်းစီးခံရသူ ပြည်သူများမှာ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် အမျိူးသား၊ အမျိုးသမီး မည်မျှပါဝင်သည်ကို KNDF က စုံစမ်းနေဆဲ ဖြစ်သည်။

Public Service Announcement

Public Service Announcement

“စစ်ရှောင်ဖို့ကြိုတင်သတိပေးခဲ့တယ်။သူတို့က ဒေသစွဲကြီးတော့ ပေတေပြီး ရသလိုနေ ကျန်ရစ်ခဲ့တာပေါ့။ စကစ စစ်ကြောင်းနဲ့ တိုးပြီး ဖမ်းခံရတာ”ဟု ဖယ်ခုံအခြေစိုက် စစ်ရှောင်ပြည်သူများကို ကူညီနေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဖယ်ခုံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပင်လောင်း-ဖယ်ခုံ ကြားရှိ နန့်ဖာမူ၊ ပင်စုံ၊ လွုင်ကြိုင်း၊ ကုန်းပေါ၊ ဗန်းမောက်၊ ကျေးရွာများနှင့် ဖယ်ခုံမြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များအား ဖောက်ထွင်း လုရက်ခြင်း၊ မီးရှို့ခြင်းများကို လုပ်ဆောင်ခဲ့သည်။

စစ်ကြောင်းထိုးရာ လမ်းတလျှောက်တွင်လည်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုအကြိမ်(၁၀၀)မက လုပ်ဆောင်ခဲ့သည့်အပြင်​ တိုက်ပွဲနှင့် မသက်ဆိုင်သည့် ကျေးရွာများ၊ စစ်ရှောင်စခန်းများကိုလည်း လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

နိုဝင်ဘာလအတွင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုတို့ကြောင့် (၈)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူ(၆) ဦးသေဆုံးခဲ့ရပြီး (၅)ဦး ထိခိုက်ဒဏ်ရာ ရရှိထားသည်။

စစ်ဖက်ရေးရာအချက်အလက်များအရ ပင်လောင်း-ဖယ်ခုံသို့ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်၏ မြေလှန်စစ်ကြောင်းထိုးမှုမှာ သုံးလဝန်းကျင်ရှိပြီလည်းဖြစ်သည်။

ဖယ်ခုံ-ပင်လောင်းနယ်စပ်သို့ စစ်ကောင်စီစစ် ကြောင်းထိုးမှုကြောင့် စစ်ရှောင်ပြည်သူ ၂၀,၀၀၀ ထက်မနည်းရှိကြောင်း ကရင်နီအရပ်ဘက်လူမှုအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။