Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့ကို နှစ်ရက်ဆက် လေကြောင်းတိုက်၊ အမျိုးသား လေးဦး ထပ်မံဒဏ်ရာရ

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား လေးဦး ထိခိုက်ဒဏ်ရာရရှိပြီး တရားရုံးအပြင် နေအိမ် သုံးလုံးနှင့် အိမ်စီးကားများလည်း ထိမှန်ပျက်စီးခဲ့သည်ဟု ဆိုသည်။

(နောင်ချိုမြို့ကို နိုဝင်ဘာ ၁၃ရက်က လေကြောင်းတိုက်ခိုက်ခံရအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(နောင်ချိုမြို့ကို နိုဝင်ဘာ ၁၃ရက်က လေကြောင်းတိုက်ခိုက်ခံရအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)

-People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို စစ်ကောင်စီက နှစ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်က ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်မှုတွင် အမျိုးသား လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်သည်။

ယမန်နေ့ (နိုဝင်ဘာ ၁၃ ရက်) ညနေ ၆နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် တရားရုံးနှင့် ရဲစခန်းနောက်ဖက်နေရာကို ပေါင်(၃၀၀)ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့သည်။

(နောင်ချိုမြို့ကို နိုဝင်ဘာ ၁၃ရက်က လေကြောင်းတိုက်ခိုက်ခံရအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(နောင်ချိုမြို့ကို နိုဝင်ဘာ ၁၃ရက်က လေကြောင်းတိုက်ခိုက်ခံရအပြီး တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား လေးဦး ထိခိုက်ဒဏ်ရာရရှိပြီး တရားရုံးအပြင် နေအိမ် သုံးလုံးနှင့် အိမ်စီးကားများလည်း ထိမှန်ပျက်စီးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“အရမ်းဆိုးဆိုးပဲ အဲ့တိုက်မှာ လူတော့ မနေနေဘူး သိရသလောက်။ ဘာမှလည်းလုပ်တဲ့အိမ်မျိုးမဟုတ်ပါဘူး”ဟု နောင်ချိုမြို့ခံ တစ်ဦးက ပြောသည်။

ထိုမတိုင်မီ နိုဝင်ဘာ ၁၂ရက်ကလည်း စစ်ကောင်စီတပ်က နောင်ချိုမြို့မစျေးရပ်ကွက်ရှိ ခရီးသည် စည်ကားနေသည့် လန်းဆန်းလက်ဖက်ရည်ဆိုင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံနှင့် ခရီးသွားပြည်သူ ၁၁ဥိီး သေဆုံးပြီး ၁၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် နေအိမ်(၁၄)လုံး၊ စျေးဆိုင်ခန်း(၁၃)ခန်း ထိခိုက်ပျက်စီးပြီး အိမ်စီးကားနှင့် ခရီးသည်ယာဥ်အပါအဝင် စုစုပေါင်းကား (၇)စီး မီးလောင် ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်