Connect with us

Hi, what are you looking for?

သတင်း

ထိုင်းမှာ မြန်မာနှစ်ဦး ပစ်သတ်ခံရ၊ တရားခံတွေ လွတ်မြောက်နေဆဲ

သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေသူ နှစ်ဦးရဲ့ အလောင်းတွေကို နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းတုန်းက ရတ်ချာဘူရီမှာရှိတဲ့ ဆွန်ဖွန်ခရိုင်မှာ တွေ့ရှိခဲ့ပါတယ်။

(အခင်းဖြစ်တဲ့​နေရာကိုထိုင်းရဲများကစစ်​ဆေး​နေစဥ်။ဓါတ်ပုံ-ဘန်​ကောက်ပိုစ်)
(အခင်းဖြစ်တဲ့​နေရာကိုထိုင်းရဲများကစစ်​ဆေး​နေစဥ်။ဓါတ်ပုံ-ဘန်​ကောက်ပိုစ်)

People’s Spring

ထိုင်းနိုင်ငံမှာရွှေ့ပြောင်းလုပ်သားမြန်မာနှစ်ဦး သေနတ်နဲ့ ပစ်သတ် ခံခဲ့ရတယ်လို့ သိရပါတယ်။

သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေသူ နှစ်ဦးရဲ့ အလောင်းတွေကို နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းတုန်းက ရတ်ချာဘူရီမှာရှိတဲ့ ဆွန်ဖွန်ခရိုင်မှာ တွေ့ရှိခဲ့ပါတယ်။ အလောင်းတွေကိုဆွန်ဖွန်က ကျောက်စရစ် လမ်းတစ်ခုမှာ ရှာတွေ့ခဲ့တဲ့နောက် ရဲတွေ၊ ဆရာဝန်တစ်ဦးနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက ချက်ချင်း သွားရောက်ခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ဆိုပါတယ်။

သေဆုံးသူ တစ်ဦးဟာ အသက် ၄၃ နှစ်အရွယ်ကိုအောင်ဆန်းဆိုသူ ဖြစ်ပြီး ဦးခေါင်းနဲ့ ဝမ်းဗိုက်မှာ ကျည်တစ်ချက်စီ ထိမှန်ထားပါတယ်။ ညာလက်မှာလည်း ကျည်ထိတာ မဟုတ်တဲ့ ဒဏ်ရာတစ်ခု ရှိနေပြီး လမ်းပေါ်မှာ ကျည်ခွံတစ်ခုကို ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။ သူ့အလောင်းမှာ မိုဘိုင်းဖုန်းတစ်လုံး၊ ငွေသားတချို့၊ ရွှေ့ပြောင်းလုပ်သားကတ်၊ ယာဉ်မောင်းလိုင်စင်တွေ ရှိနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကိုက် ၃၀၀ လောက် အကွာမှာတော့ နောက်ထပ် အလောင်းတစ်ခု ထပ်တွေ့ခဲ့ပြီး သေဆုံးသူဟာ စောစော ဆိုတဲ့ အမျိုးသားလို့ ရဲတွေက နောက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။ အခင်းဖြစ်ရာ နေရာမှာ သွေးတွေ အိုင်ထွန်းနေခဲ့ပြီး စောစော ဝတ်ဆင်ခဲ့တာလို့ ယူဆရတဲ့ ဖိနပ်နှစ်ဖက်နဲ့ ကျည်ခွံနှစ်ခုတို့ကို အလောင်းနားမှာ တွေ့ခဲ့ရပါတယ်။

အလောင်းတွေ တွေ့တဲ့ လမ်းဟာ အရမ်းကျဉ်းပြီး ကားတွေ သွားဖို့ အဆင်မပြေဘဲ မော်တော်ဆိုင်ကယ်တွေသာ အဓိက အသုံးပြုလေ့ ရှိတယ်လို့ ရဲတွေက ပြောပါတယ်။ တရားခံတွေဟာ အဲဒီလမ်းကြောကို ကောင်းကောင်း ရင်းနှီးသူတွေ ဖြစ်လိမ့်မယ်လို့လည်း ရဲတွေက ကနဦး ကောက်ချက်ချထားပါတယ်။

သေဆုံးသူ မြန်မာနှစ်ဦးဟာ ဆမွတ်ဆခွန်မှာ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ကြပြီး နိုဝင်ဘာ ၁၃ ရက် ညပိုင်းက တခြား သူငယ်ချင်း ၄ ဦးနဲ့အတူ နေအိမ်ကနေ ထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်သူတို့ကိုဆွေမျိုးသားချင်းတွေက အဆက်အသွယ် လုပ်လို့ မရတော့ဘဲ ဖုန်းလည်း မကိုင်တော့ပါဘူး။

ရဲတွေက အခုလူသတ်မှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေဆဲလို့ ပြောပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မှတ်ချက် မပေးသေးပါဘူး။ လောလောဆယ်မှာ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို စုဆောင်းပြီး ကျူးလွန်သူတွေကို ဖော်ထုတ် အတည်ပြုဖို့ ကြိုးစားနေပါတယ်။ တရားခံတွေဟာ လွတ်မြောက်နေဆဲဖြစ်ပြီး လူသတ်မှုရဲ့ နောက်ကွယ်က အကြောင်းရင်းကိုလည်း ဆက်လက်စုံစမ်းနေဆဲလို့ သိရပါတယ်။

ကိုးကား-Bangkok Post

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ ရုရှားလူငယ် မောင်နှမကို လူသတ်သမားတွေက မြှုပ်နှံထားခဲ့ရာ နေရာမှာ သူတို့အတွက် ရည်စူးပြီး ဆုတောင်းပွဲ တစ်ခုကို ကျင်းပခဲ့ပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကြိုဆိုခဲ့တဲ့ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)ထဲ ဝင်ရောက်ဖို့ အားထုတ်မှုတွေကို ထိခိုက်လာစေနိုင်ကြောင်းထိုင်းရဲ့အဓိကအတိုက်အခံ နိုင်ငံရေး ပါတီက သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။