Connect with us

Hi, what are you looking for?

သတင်း

ထိုင်းစစ်သား​တွေက မြန်မာတစ်ဦးကို သေဆုံးတဲ့ထိ ညှင်းပန်းနှိပ်စက်ခဲ့ကြောင်း Fortify Rights ထုတ်ပြန်

(ထိုင်းစစ်သား​တွေက ဖမ်းဆီး နှိပ်စက်ရာက ဒဏ်ရာအပြင်းအထန်ရ​သေဆုံးခဲ့တဲ့ ​အောင်ကိုကို နဲ့ သူ ​စေတနာ့ဝန်ထမ်းလုပ်ခဲ့တဲ့အဖွဲ့ ။ဓါတ်ပုံ-Fortify Rights)
(ထိုင်းစစ်သား​တွေက ဖမ်းဆီး နှိပ်စက်ရာက ဒဏ်ရာအပြင်းအထန်ရ​သေဆုံးခဲ့တဲ့ ​အောင်ကိုကို နဲ့ သူ ​စေတနာ့ဝန်ထမ်းလုပ်ခဲ့တဲ့အဖွဲ့ ။ဓါတ်ပုံ-Fortify Rights)

-People’s Spring

ထိုင်းစစ်တပ်က ညှင်းပန်းနှိပ်စက်လို့ မြန်မာနိုင်ငံသားတစ်ဦး အခုနှစ်ဆန်းပိုင်းတုန်းက သေဆုံးခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Fortify Rights ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံသားဖြစ်တဲ့ ​စေတနာ့ဝန်ထမ်း အသက် ၃၇ အရွယ် အောင်ကိုကိုဟာ ထိုင်းစစ်သား​တွေရဲ့ ဖမ်းဆီးမှုခံရပြီး သူ့ကို စစ်ကြောမေးမြန်းချိန်မှာ သစ်သားတုတ်နဲ့ ရိုက်နှက် ခံခဲ့ရပြီး အသက်ဆုံးရှုံးတဲ့ထိ ဖြစ်ခဲ့တာလို့Fortify Rightsက ဆိုပါတယ်။

Fortify Rightsက အဲဒီ ဖြစ်စဉ်ကို မျက်မြင်သက်သေ ထွက်ဆိုချက်တွေ၊ အခင်းဖြစ်တဲ့ နေရာရဲ့ ဓာတ်ပုံမှတ်တမ်းတွေ၊ ရင်ခွဲစစ်ဆေးမှု မှတ်တမ်းတို့နဲ့အတူ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

(ထိုင်းစစ်သား​တွေက ဖမ်းဆီး နှိပ်စက်ရာက ဒဏ်ရာအပြင်းအထန်ရ​သေဆုံးခဲ့တဲ့ ​အောင်ကိုကို နဲ့ သူ ​စေတနာ့ဝန်ထမ်းလုပ်ခဲ့တဲ့အဖွဲ့ ။ဓါတ်ပုံ-Fortify Rights)
(ထိုင်းစစ်သား​တွေက ဖမ်းဆီး နှိပ်စက်ရာက ဒဏ်ရာအပြင်းအထန်ရ​သေဆုံးခဲ့တဲ့ ​အောင်ကိုကို နဲ့ သူ ​စေတနာ့ဝန်ထမ်းလုပ်ခဲ့တဲ့အဖွဲ့ ။ဓါတ်ပုံ-Fortify Rights)

အဲဒီလို ထိတ်လန့်တုန်လှုပ်စရာ ကိစ္စမျိုးကို ထိုင်းစစ်တပ်က ဇန်နဝါရီ ၁၂ ရက်နေ့တုန်းက နယ်စပ်မြို့ မဲဆောက်မှာ ကျူးလွန်ခဲ့တာ ဖြစ်ကြောင်း၊ အောင်ကိုကိုဟာ အပြင်းအထန် ရိုက်နှက် ခံရမှုတွေကြောင့် ဆိုးရွားပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး နာရီပိုင်း အကြာမှာ သေဆုံးခဲ့ကြောင်း Fortify Rightsက ဆိုပါတယ်။

အောင်ကိုကို သေဆုံးမှုနဲ့ ပတ်သက်ပြီး ဖြေရှင်းချက် မရှိဘဲ မျက်နှာလွှဲပေးလိုက်ဖို့ မဖြစ်နိုင်ကြောင်း၊ ထိုင်းစစ်တပ် အနေနဲ့ အခုလုပ်ရပ်ကို ကျူးလွန်ခဲ့တဲ့ စစ်သားတွေကို စစ်ဆေးဖော်ထုတ်ပြီး တရားဥပဒေနဲ့အညီ အရေးယူမှုတွေ အမြန်ဆုံး လုပ်ဆောင်သင့်ကြောင်း Fortify Rightsရဲ့ အမှုဆောင်ချုပ် မက်သရူး စမသ်စ်က ပြောပါတယ်။

ဒါတင်မကသေးဘဲ အဲဒီလုပ်ရပ်ကို မျက်မြင်ကြုံတွေ့ခဲ့တဲ့ တခြား အသက် ၂၄ နှစ်အရွယ် မြန်မာ တစ်ဦးဟာ အောင်ကိုကို သေဆုံးမှုအတွက် နောက်ပိုင်းမှာ စွပ်စွဲ အရေးယူ ခံခဲ့ရကြောင်း စမသ်စ်က ဆိုပါတယ်။ အဲဒီ မျက်မြင်သက်သေ မြန်မာနိုင်ငံသားကို ထောင်ဒဏ် လပေါင်း ၄၀ ချမှတ်ခဲ့ခြင်းဟာလည်း တရားဥပဒေကို အလွဲသုံးစား လုပ်ဆောင်မှုလို့ သူက ဝေဖန်ခဲ့ပါတယ်။

ထိုင်းစစ်သား​တွေက နှိပ်စက်ညှင်းပန်းပြီး ဒဏ်ရာအပြင်းအထန်ရပြီးတဲ့​နောက်မှာ ​အောင်ကိုကို နဲ့အတူလုပ်ပြီး လာ​ခေါ်တဲ့ မြန်မာသူငယ်ချင်းကိုမြန်မာဘက်ခြမ်းသွားပို့စဥ်မှာ ​သေဆုံးခဲ့တာဖြစ်ပါတယ် ။မိသားစုက မဲ​ဆောက်ရဲစခန်းမှာ အမှုဖွင့်​ပေမယ့် ကျူးလွန်တဲ့ ထိုင်းစစ်သား​တွေဟာ ဖမ်းဆီးအ​ရေးယူခံရခြင်းမရှိဘူးလို့သိရပါတယ် ။

အောင်ကိုကို သေဆုံးမှုက ထိုင်းစစ်မှုထမ်းတွေက ရွှေ့ပြောင်းလုပ်သားတွေနဲ့ နိုင်ငံခြားသားတွေအပေါ် ကြမ်းကြုတ်ရက်စက်မှုတွေ ကျူးလွန်ခဲ့ပေမယ့် ထိုက်သင့်တဲ့ ပြစ်ဒဏ် စီရင်မခံရဘဲကင်းလွတ်ခွင့် ရနေတယ် ဆိုတာကို သိသာစေခဲ့ကြောင်း သူက ဆက်ပြောပါတယ်။

ထိုင်းစစ်တပ်ကတော့ အခုစွပ်စွဲမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ အချက်အလက်တွေကို စုဆောင်းပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် ဆောင်ရွက်နေကြောင်း၊ ထိုင်းစစ်တပ်ဟာ လူ့အခွင့်အရေး၊ တန်းတူညီမျှရှိခွင့်တွေကို အမြဲတမ်း ဦးစားပေးကြောင်း စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် သာနာသစ် ဆွမ်ဆန်က ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုနောက်ပိုင်း ထိုင်းပိုင်နက်ဖက်ခြမ်းကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးသူတွေ အများအပြား ရှိနေပြီး ထိုင်းအာဏာပိုင်တွေက ကြားဖြတ် ဖမ်းဆီးမှုတွေကို အာရုံစူးစိုက် လုပ်ဆောင်နေပါတယ်။ ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ မြန်မာဖက်ကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ လှေတွေကို တားမြစ်ပြီး ပင်လယ်ပြင်ဆီ ပြန်နှင်ထုတ်တဲ့ ကိစ္စတွေလည်း ရှိနေကြောင်း စွပ်စွဲခံထားရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။