Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်း အမှတ်(၁၆)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ

စစ်ကောင်စီထောက်ခံသူများက တစ်အိမ်တည်းကျေးရွာဘက်မှ ပစ်ခတ်သည်ဟု စွပ်စွဲပြီး ပြန်လည်တိုက်ခိုက်ရန် ရေးသားခဲ့ပြီး နောက်တစ်ရက်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

(စစ်ကိုင်းမြို့ အမှတ်(၁၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)
(စစ်ကိုင်းမြို့ အမှတ်(၁၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)

▪️ရဲတပ်ရင်းက ပစ်ခတ်၍ ကလေးတစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ အမှတ်(၁၆)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ ပစ်ခတ်တိုက်ခိုက်ခံရပြီးအဆိုပါ ရဲတပ်ရင်းက ပစ်ခတ်၍ ကလေးတစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၂ရက် နေ့လည် ၁နာရီခွဲခန့်က စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်ရှိ အမှတ်(၁၆)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး ရဲတပ်ဝင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ​ပြောသည်။

နောက်တရက် နိုဝင်ဘာလ ၁၃ ရက် ညနေ ၄နာရီခန့်တွင် အဆိုပါ အမှတ်(၁၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုကြောင့် တပ်ဖွဲ့ခွဲ၏ အနောက်မြောက် ဘက်(၆)မိုင်ခန့်အကွာရှိ တစ်အိမ်တည်းကျေးရွာပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး (၁၄)နှစ်အရွယ် ကလေးတစ်ဦးသေဆုံးကာ (၁၈)နှစ်နှင့် (၁၄)နှစ်အရွယ် ကလေး ၂ ဦး၊အသက် (၅၀)နှင့် (၆၅)နှစ်အရွယ် အမျိုးသမီးကြီး ၂ဦး စုစုပေါင်း ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အရင်ရက်တွေက ရဲစခန်းဘက်(အမှတ်၁၆ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ)ကို ထုကြတာ။ ဟိုဘက်ကပြန်ထုတော့ ရွာဘက်ကိုကျတာ။ အဲမှာကလေးတွေပါထိတာ။”ဟု တစ်အိမ်တည်းကျေးရွာအနီး နေထိုင်သူတစ်ဦးက ပြောသည်။

အမှတ်(၁၆) လုံခြုံရေးရဲတပ်ဖွဲ့ တိုက်ခိုက်ခံရမှုတွင် ထိခိုက်မှုမရှိဟု စစ်ကောင်စီ လော်ဘီတယ်လီဂရန်ချန်နယ်များက ရေးသားခဲ့သည်။

စစ်ကောင်စီထောက်ခံသူများက တစ်အိမ်တည်းကျေးရွာဘက်မှ ပစ်ခတ်သည်ဟု စွပ်စွဲပြီး ပြန်လည်တိုက်ခိုက်ရန် ရေးသားခဲ့ပြီး နောက်တစ်ရက်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အမှတ်(၁၆)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ တိုက်ခိုက်မှုအား ဒေသတွင်းတော်လှန်ရေးအဖွဲ့များက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

နိုဝင်ဘာ ၅ ရက်ကလည်း အမှတ်(၁၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲနှင့် အနီးရှိ စစ်ကိုင်းတက္ကသိုလ် အဝင်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိပြီး တိုက်ပွဲပြင်းထန်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။