Connect with us

Hi, what are you looking for?

သတင်း

ရေဖြူအခြေစိုက် ခလရ(၂၇၃)မှတပ်သားသစ်များအပါအဝင် စစ်ကောင်စီတပ်သား ၆ဦး ဒေါနစစ်ကြောင်းထံ အလင်းဝင်

တောင်ပိုင်းတိုင်း စစ်ဒေသခွဲအမှတ်(၃)၊ဗျူဟာ(၃၃)၊ဒေါနတပ်ရင်းနယ်မြေအတွင်းသို့ စစ်ကောင်စီဘက်မှ တပ်သား(၆)ဦးအလင်းဝင်ရောက်ခဲ့ရာ တပ်သားတစ်ဦးသည် MA1 (၁)လက် နှင့် ကျည်များယူလာခဲ့သည်ဟု ဖော်ပြသည်။

(ဒေါနစစ်ကြောင်းထံ အလင်းဝင်လာသူအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - ဒေါနစစ်ကြောင်း)
(ဒေါနစစ်ကြောင်းထံ အလင်းဝင်လာသူအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - ဒေါနစစ်ကြောင်း)

▪️လက်နက်တစ်လက်နှင့် ကျည်များပါဟု အသိပေး

ဟန်နွေ/People’s Spring

တနင်္သာရီတိုင်း ရေဖြူမြို့နယ်အခြေစိုက် ခလရ(၂၇၃)မှ တပ်သားသစ်များအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦး ပြည်သူကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းထံ အလင်းဝင်လာကြောင်း အဆိုပါစစ်ကြောင်းက အသိပေးထုတ်ပြန်သည်။

တောင်ပိုင်းတိုင်း စစ်ဒေသခွဲအမှတ်(၃)၊ဗျူဟာ(၃၃)၊ဒေါနတပ်ရင်းနယ်မြေအတွင်းသို့ စစ်ကောင်စီဘက်မှ တပ်သား(၆)ဦးအလင်းဝင်ရောက်ခဲ့ရာ တပ်သားတစ်ဦးသည် MA1 (၁)လက် နှင့် ကျည်များယူလာခဲ့သည်ဟု ဖော်ပြသည်။

(ဒေါနစစ်ကြောင်းထံ အလင်းဝင်လာသူအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - ဒေါနစစ်ကြောင်း)
(ဒေါနစစ်ကြောင်းထံ အလင်းဝင်လာသူအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ – ဒေါနစစ်ကြောင်း)

“အခု လက်ရှိ ဝင်လာတာက တနင်္သာရီတိုင်း ရေဖြူမြို့နယ် ခလရ(၂၇၃)က အများဆုံးပါ။ သူတို့တွေက အဓိကတော့ စစ်မှုထမ်း အပတ်စဉ်(၁)က ပါတယ်။ အပတ်စဉ် (၂)ကပါတယ်။ ပြီးတော့ နောက်ထပ်လည်း ဝင်လာဖို့အတွက် ကျနော်တို့ဆီ ဆက်သွယ်ထားတာလည်းရှိတယ်။ နောက်တစ်ဦးက မောရ၀တီရေတပ်ကဝင်လာတဲ့ဟာပေါ့။သူ့မှာတော့လက်နက်တွေပါပါတယ်။ အဲဒီမှာလည်းပဲ နောက်ထပ် ဝင်လာဖို့ဆက်သွယ်ထားတာလည်းရှိတာပေါ့”ဟု ဒေါနစစ်ကြောင်း စစ်ကြောင်းမှူး စောဒါးကိုက ပြောသည်။

Public Service Announcement

Public Service Announcement

(ဒေါနစစ်ကြောင်းထံ အလင်းဝင်လာသူအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - ဒေါနစစ်ကြောင်း)
(ဒေါနစစ်ကြောင်းထံ အလင်းဝင်လာသူအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ – ဒေါနစစ်ကြောင်း)

စစ်ကောင်စီက အတင်းအဓမ္မ စစ်သားစုဆောင်း ထားသူများကို ရှေ့တန်းနယ်မြေများ၌ အသုံးပြုလာသည်ကိုတွေ့ရကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏အသုံးချမှုကို လက်မခံဘဲ တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်သွယ်ပူးပေါင်းကြရန် လိုအပ်ကြောင်း ဒေါန စစ်ကြောင်းမှူးက တိုက်တွန်းသည်။

(ဒေါနစစ်ကြောင်းထံ အလင်းဝင်လာသူအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - ဒေါနစစ်ကြောင်း)
(ဒေါနစစ်ကြောင်းထံ အလင်းဝင်လာသူအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ – ဒေါနစစ်ကြောင်း)

“အကြမ်းဖက်မင်းအောင်လှိုင်ကတော့ မဟုတ်တဲ့နည်းနဲ့ စည်းရုံးပြီးတော့ လုပ်ဆောင်နေတာ အများကြီးရှိသလို ပြည်သူကို ပြည်သူချင်း ပြန်ပြီး အိုးမဲသုတ်ပြီး လက်နက်ကိုင်ပြီး တိုက်ခိုင်းတဲ့သဘော သက်ရောက်မှုရှိတယ်။ အဲဒါကြောင့် ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းမှာ လာရောက်ပြီး ကျနော်တို့နဲ့ ပူးပေါင်းပေးဖို့ အဲဒါ တိုက်တွန်းချင်ပါတယ်။ နိုင်ငံတဝန်းလုံးမှာ အကြမ်းဖက်စစ်ကောင်စီက ပြည်သူတွေကို ပြန်ပေးဆွဲအတင်း အဓမ္မ စစ်သားစုဆောင်းပြီး အခုလိုမျိုး လုပ်နေတာတွေကိုလည်း ပြည်သူတွေအနေနဲ့ လက်မခံဖို့ပေါ့”ဟု စစ်ကြောင်းမှူး စောဒါးကိုက ပြောသည်။

စစ်ကောင်စီတပ်၏စစ်မှုထမ်းအမိန့်ကြေညာချက် များကြောင့် အတင်းအဓမ္မတပ်သားစုဆောင်းခံရသူများအပါအဝင် ပြည်သူဘက်ရပ်တည်လိုသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူကာကွယ်ရေးတပ်မတော်ဒေါနတပ်ရင်းနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များသို့ ချိတ်ဆက်ကာ အလင်းဝင်ရောက်နိုင်ကြောင်းလည်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။