Connect with us

Hi, what are you looking for?

သတင်း

ရေနံချောင်းမြို့နယ် တိုက်ပွဲ PDFရဲဘော် ၃ဦး ကျဆုံး

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ် တစ်နေရာ၌ တိုက်ပွဲဖြစ်ပွားရာ ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့(နိုဝင်ဘာ ၂၀ရက်)အသိပေးသည်။

(ရေနံချောင်း PDFမှ ရဲဘော်များအား စစ်ဆင်ရေးတစ်ခုအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - YNG-PDF)
(ရေနံချောင်း PDFမှ ရဲဘော်များအား စစ်ဆင်ရေးတစ်ခုအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - YNG-PDF)

ထားမြတ်/People’s Spring

နိုဝင်ဘာ ၁၆ရက်မှ ၁၈ရက်အတွင်း စစ်ကောင်စီနှင့် PDF အဖွဲ့များအကြား ရေနံချောင်းမြို့နယ်အတွင်းထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း ကနဦး သတင်းအသိပေးထားပြီး တိုက်ပွဲဖြစ်ပွားမှု အခြေအနေအသေးစိတ်ကို ဖော်ပြမထားပေ။

ထို့ပြင် စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်တွင် ဖော်ပြထားသကဲ့သို့ ကာကွယ်ရေးတပ်ဖွဲ့များ၏ လက်နက် ၁လက်နှင့် ကျည်များ စစ်ကောင်စီက သိမ်းရသည်ဆိုသည်မှာ လုံး၀ မဟုတ်မှန်ဟုလည်း ရေနံချောင်း PDFက ရှင်းလင်းခဲ့သည်။

သုံးရက်ကြာဖြစ်ပွားခဲ့သည့် ထိတွေ့ တိုက်ပွဲသတင်း အသေးစိတ်အား ဆက်လက်ထုတ်ပြန်သွားမည်ဟုလည်း ရေနံချောင်း PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

ရေနံချောင်း PDFသည် ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့အချို့နှင့် ပူးပေါင်းပြီး ရေနံချောင်းမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ စက်တင်ဘာနှင့် အောက်တိုဘာအတွင်းကလည်း တိုက်ပွဲအချို့ ဖြစ်ခဲ့သည်။

အောက်တိုဘာ ၂၁ရက်က ရေနံချောင်းမြို့နယ် မကျည်းကန်အုပ်စု ရွှေကျင်ကန်ရွာအနီး၊ အောက်တိုဘာ ၂၂ရက်တွင် အလယ်ကုန်းရွာအနီးတွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်က စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။