Connect with us

Hi, what are you looking for?

သတင်း

မကွေးတိုင်း မြို့နယ်သုံးခု၌ စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူငါးဦး သေဆုံး

ဇူလိုင်၂၈ရက် နံနက် ၅နာရီခန့်က ရေနံချောင်းမြို့အခြေစိုက် စစ်ကောင်စီ ခလရ (၇၇)တပ်ရင်းမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရေနံချောင်းမြို့နယ် ကုက္ကိုကွအုပ်စုရှိ စစ်ဘေးရှောင်စခန်း၌ ကျရောက် ပေါက်ကွဲခဲ့ကြောင်း ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ရေစကြိုမြို့နယ်၊ တောင်ဦးကျေးရွာအုပ်စု၊ မေမြို့ရွာ၌ စစ်တပ်ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီးနောက် နေအိမ်တစ်လုံး ပျက်စီးသွားစဥ်။ ဓာတ်ပုံ - Info Committee Yesagyo

ဟာနာဆန်/People’s Spring

မကွေးတိုင်း ရေနံချောင်း၊ ဆိပ်ဖြူ၊ ရေစကြိုမြို့နယ်များ၌ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့၍ ငါးရက်အတွင်း ပြည်သူ ငါးဦး သေဆုံးခဲ့သည်။

ဇူလိုင်၂၈ရက် နံနက် ၅နာရီခန့်က ရေနံချောင်းမြို့အခြေစိုက် စစ်ကောင်စီ ခလရ (၇၇)တပ်ရင်းမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရေနံချောင်းမြို့နယ် ကုက္ကိုကွအုပ်စုရှိ စစ်ဘေးရှောင်စခန်း၌ ကျရောက် ပေါက်ကွဲခဲ့ကြောင်း ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှုကြောင့် စစ်ဘေးရှောင်စခန်းရှိ အသက် (၅၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးကာ အသက် (၂၀)ဝန်းကျင်အမျိုးသား နှစ်ဦးနှင့် အသက် (၃၀)ဝန်းကျင် အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရေနံချောင်းပကဖက အသိပေးသည်။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင်လည်း ဇူလိုင် ၂၆ရက် နံနက် ၁၀နာရီဝန်းကျင်က ကူရှည်ကျေးရွာ(ရွာမ)သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လက်သမားဆရာများဖြစ်သော အသက်(၃ဝ)နှစ်အရွယ်ရှိ ကိုပေါ်ပေါ်နှင့် ကိုဖိုးတုတ်တို့ နေရာတင်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း We Love Seikphyu အဖွဲ့က ပြောသည်။

ဒဏ်ရာရရှိသူ ခြောက်ဦးကို ဆေးရုံသို့ပို့ဆောင်ရာ လမ်းတွင် အသက်(၄၀)ခန့်အရွယ် ကိုစိုးမင်းထွန်းဆိုသူ သေဆုံးခဲ့ကြောင်း We Love Seikphyu အဖွဲ့က ပြောသည်။

“လက်သမားတွေ အလုပ်နားနေတဲ့အချိန် စုထိုင်နေတဲ့နေရာကိုကျတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူများတွင် အရွယ်မရောက်သေးသည့် ကလေးငယ်များ ကျန်ရစ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဆင်သားမွှေးရွာ စာသင်ကျောင်းကိုပါ စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ကျောင်းဆောင်များ ပျက်စီးသွားကြောင်း ​ဒေသခံများက ပြောသည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် လည်း ဇူလိုင် ၂၄ရက် နံနက် ၁နာရီခွဲခန့်က စစ်ကောင်စီ၏ ခလရ (၂၅၇)တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာလက်နက်ကြီးတစ်လုံးသည် တောင်ဦးကျေးရွာအုပ်စု၊ မေမြို့ရွာတွင် ကျရောက်ပေါက်ကွဲခဲ့သည်။

ပေါက်ကွဲမှုကြောင့် ၎င်းရွာနေ အသက် (၂၉) နှစ်အရွယ် မောင်စိုင်း (ခ)စိုင်းမြတ်သူ ဆိုသူ သေဆုံးခဲ့ကြောင်း ရေစကြိုသတင်းအချက်လက်ကော်မတီ(Info Committee Yesagyo)က ပြောသည်။

“သက်သက်ရမ်းကားပြီးတော့ ပစ်တာပါ။”ဟု ၎င်းကော်မတီတာဝန်ရှိသူက ပြောသည်။

ဇူလိုင် ၂၈ရက် ညနေပိုင်းကပင် မကွေးတိုင်း၊ စလင်းမြို့နယ်၊ ထုံးခေါင်းရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့၍ ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

အလားတူ စလင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာများအား အာဏာသိမ်းစစ်တပ်က ဇူလိုင် ၂၃ရက်မှ ၂၅ရက်အထိ သုံးရက်ဆက် လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ လေးဦးသေဆုံးခဲ့ပြီး ၁၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

စစ်ကောင်စီသည် စစ်ရှုံးလာသည်နှင့်အမျှ ရှုံးမဲ မဲကာ ပြည်သူများနှင့် အရပ်သားပစ်မှတ်များအပေါ် လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာ၍ ပြည်သူများ သတိပြုနေထိုင်ကြရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

(ရေစကြိုမြို့နယ်၊ တောင်ဦးကျေးရွာအုပ်စု၊ မေမြို့ရွာ၌ စစ်တပ်ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီးနောက် နေအိမ်တစ်လုံး ပျက်စီးသွားစဥ်။ ဓာတ်ပုံ – Info Committee Yesagyo)

ဆက်စပ်သတင်းများ

သတင်း

မကွေးမြို့ကနေထွက်လာတဲ့ စစ်တပ်ရဲ့ စစ်ကားအစီးရေ ၂၀၀ နီးပါးဟာ ချင်းတောင်အစပ် ဆောမြို့နယ်၊လောင်းရှည်မြို့ကို ဦးတည်လာနေပြီး ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းတပ်စခန်းက အင်အားတွေ ပါ၀င်တယ်လို့ မကွေးတိုင်းပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်းကမြို့တွေမှာ အပူချိန်မြင့်တက်နေမှုကြောင့် ၂၄နာရီအတွင်း သက်ကြီးပိုင်း ၂ဦး ဦးနှောက်သွေးကြောပြတ် သေဆုံးပြီး သက်ကြီးပိုင်းတစ်ဦးလည်း အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။