Connect with us

Hi, what are you looking for?

သတင်း

ဖမ်းမိ ငါးခိုးလှေများကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံ AA လွှဲပြောင်း

လွှဲပြောင်းရန် ကျန်နေသည့် လှေ ၈ စီးကို လုံခြုံရေး အာမခံချက်ရှိသောအချိန်တွင် ဆက်လက်လွှဲပြောင်းပေးအပ်သွားမည် ဟု AA က ထုတ်ပြန်သည်။

(ငါးခိုးဖမ်း​သော ဘင်္ဂလားဒေ့ရှ် စက်​လှေနှင့် နိုင်ငသားများကို ဖမ်းဆီးထားစဥ်နှင့် ပြန်လွှဲ​ပြောင်းရန် စီစဥ်​နေစဥ်။ဓါတ်ပုံ-AA Info Desk)
(ငါးခိုးဖမ်း​သော ဘင်္ဂလားဒေ့ရှ် စက်​လှေနှင့် နိုင်ငသားများကို ဖမ်းဆီးထားစဥ်နှင့် ပြန်လွှဲ​ပြောင်းရန် စီစဥ်​နေစဥ်။ဓါတ်ပုံ-AA Info Desk)

▪︎ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ရေးရာ ပူးပေါင်းဆောင်ရွက်မှု ပိုအားကောင်းစေရန် ရည်ရွယ်ပြီး ငါးခိုးဖမ်းသူများကို ပြန်လွှတ်ပေးခဲ့သော်လည်း နောင်တွင် အရေးယူမည်ဟု အသိပေး

ရှိုင်း/People’s Spring

အာရက္ခတပ်တော်(AA)က ဖမ်းမိထားသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများပိုင် ငါးခိုးဖမ်း​သောလှေများအနက် ၇ စီးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း AAက ဗုဒ္ဓဟူး​နေ့တွင် ထုတ်ပြန်သည်။

အာရက္ခရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား များအနက် ရေလုပ်သား ၂၀ ဦးနှင့် ငါးဖမ်းလှေ ၁၅ စီးကို နိုဝင်ဘာ ၅ရက်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

(ငါးခိုးဖမ်း​သော ဘင်္ဂလားဒေ့ရှ် စက်​လှေနှင့် နိုင်ငသားများကို ဖမ်းဆီးထားစဥ်နှင့် ပြန်လွှဲ​ပြောင်းရန် စီစဥ်​နေစဥ်။ဓါတ်ပုံ-AA Info Desk)
(ငါးခိုးဖမ်း​သော ဘင်္ဂလားဒေ့ရှ် စက်​လှေနှင့် နိုင်ငသားများကို ဖမ်းဆီးထားစဥ်နှင့် ပြန်လွှဲ​ပြောင်းရန် စီစဥ်​နေစဥ်။ဓါတ်ပုံ-AA Info Desk)

အာရက္ခရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ငါးဖမ်းလှေ အစီး (၆၀) ခန့်ကို အာရက္ခတပ်တော်၊ ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တွေ့ရှိခဲ့၍ ခေါ်ယူ ဖမ်းစီးခဲ့ရာ စက်တပ် လှေ ၂စီး၊ စက်မပါသည့် လှေ ၁၃ စီး ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ဖမ်းမိ ရေလုပ်သား ၂၀ ဦးကို နိုဝင်ဘာ ၇ရက်၌ပင် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ထံ ပြန်လည်လွှဲပြောင်းပေးထားပြီး နိုဝင်ဘာ ၂၀ရက်တွင် ငါးဖမ်းလှေ ၇စီးကို ထပ်မံလွှဲပေးခြင်းဖြစ်သည်ဟုနိုဝင်ဘာ ၂၀ ရက်ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

စစ်ဆေးမေးမြန်းချက်များအရ ငါးဝင်ခိုးသည့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သားများသည် ဆင်းရဲနွမ်းပါးသူများဖြစ်ပြီး မိသားစုစားဝတ်နေရေးအကျပ်အတည်းများကို ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ ဖြေရှင်းနေကြသူများဖြစ်ကြောင်း ၊ နောင်တွင် အာရက္ခပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်ပြီး ငါးဖမ်းခြင်းများမပြုလုပ်ရန် ခံဝန်ကတိလက်မှတ်ထိုးပြီးမှ ပြန်လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း AAက အသိပေးသည်။

(ငါးခိုးဖမ်း​သော ဘင်္ဂလားဒေ့ရှ် စက်​လှေနှင့် နိုင်ငသားများကို ဖမ်းဆီးထားစဥ်နှင့် ပြန်လွှဲ​ပြောင်းရန် စီစဥ်​နေစဥ်။ဓါတ်ပုံ-AA Info Desk)
(ငါးခိုးဖမ်း​သော ဘင်္ဂလားဒေ့ရှ် စက်​လှေနှင့် နိုင်ငသားများကို ဖမ်းဆီးထားစဥ်နှင့် ပြန်လွှဲ​ပြောင်းရန် စီစဥ်​နေစဥ်။ဓါတ်ပုံ-AA Info Desk)

ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် AA အဖွဲ့အစည်းအကြား နှစ်ဖက်နယ်စပ်ရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်မှု ယခင်ထက် ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ငါးခိုးဖမ်းသူများကို ချက်ချင်း ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း ဖော်ပြသည်။

နောက်နောင်တွင် အာရက္ခရေပိုင်နက်အတွင်းသို့ ယခုကဲ့သို့ ကျူးကျော်၍ ငါးခိုးဖမ်းရန် ဝင်ရောက်လာမည်ဆိုပါက မည်သူ့ကိုမဆို တရားဥပဒေနှင့်အညီ စစ်ဆေး၊ အပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်းလည်း AAက ထုတ်ပြန်သည်။

ငါးဖမ်းလှေများအား ရက်အနည်းငယ်ကြာမှ ပြန်လည်ပေးအပ်နိုင်ခြင်းမှာ မောင်တောဒေသ၌ စစ်ရေးပြင်ထန်နေခြင်း၊ ငါးဖမ်းလှေများထိမ်းသိမ်းထားရာနေရာမှ ပြန်လည်ပေးအပ်မည့်နေရာသို့ ပို့ဆောင်ရာတွင် စစ်ကောင်စီ လေကြောင်းအန္တရာယ် ရှိနေခြင်း တို့ကို သတိထားနေရ၍ ဖြစ်သည်ဟု ​ဖော်ပြထားသည်။

လွှဲပြောင်းရန် ကျန်နေသည့် လှေ ၈ စီးကို လုံခြုံရေး အာမခံချက်ရှိသောအချိန်တွင် ဆက်လက်လွှဲပြောင်းပေးအပ်သွားမည် ဟု AA က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူ့အသက်ကို ခြိမ်းခြောက် ခံရမယ် ဆိုရင်တောင်မှ ဘင်္ဂလားဒေ့ရှ်ကို ဒီနှစ်မကုန်ခင် ကျိန်းသေပေါက် ပြန်သွားမယ်လို့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ အနီးကပ်ဆုံး နိုင်ငံရေး မဟာမိတ် တစ်ဦးဖြစ်သူ ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်ဟာ ကျန်းမာရေးကိစ္စ အကြောင်းပြပြီး ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာနဲ့ ပတ်သက် ဆက်နွှယ်တယ်လို့ ယုံကြည်ရတဲ့ ပိုင်ဆိုင်မှု အစုစု တန်ဖိုး ဒေါ်လာ ၆.၂ ဘီလီယံလောက်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက သိမ်းယူလိုက်ပါတယ်။

နိုင်ငံတကာ

မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ရေကြီး၊ မြေပြိုမှုတွေ ကြုံပြီး ဘင်္ဂလားဒေ့ရှ်မှာ တစ်ပတ်အတွင်း လူ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် လူပေါင်း သောင်းနဲ့ချီပြီး ယာယီ ရွှေ့ပြောင်းခဲ့ရပါတယ်။