Connect with us

Hi, what are you looking for?

သတင်း

မုန်းမြို့တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတဦး ဒဏ်ရာအပြင်းအထန်ရ

ပဲခူးတိုင်း၊ မုန်းမြို့တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီးတောင်ငူဆေးရုံ၌ ​ဆေးကုသမှုခံယူနေရသည်။

(မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရအမျိုးသမီးကို ဆေးရုံသို့ ပို့ဆောင်စဉ်။ဓါတ်ပုံ-CJ)
(မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရအမျိုးသမီးကို ဆေးရုံသို့ ပို့ဆောင်စဉ်။ဓါတ်ပုံ-CJ)

အိမ်သွင်/People’s Spring

မုန်းမြို့ ရပ်ကွက်(၄)မှ အသက် ၅၀ ခန့်အမျိုးသားတစ်ဦးသည် ‌၎င်းနေထိုင်ရာတောင်ယာအနီး ယနေ့ (နိုဝင်ဘာလ ၂၂ရက် )နံနက်ပိုင်း၌ မိုင်းနင်းမိ၍ ခြေ ထောက်တစ်ဖက် ဒဏ်ရာအပြင်းအထန်ရရှိသွားခြင်းဖြစ်သည်။

“တောင်ငူကို အချိန်မှီလွှဲနိုင်လိုက်တယ်။အခု ခွဲစိပ်ခန်းဝင်နေရပြီ။ရွာမှာကစစ်ရေးအခြေအနေက တင်းမာနေတဲ့အနေအထားပါ” ဟု မုန်းမြို့ခံတဦးကပြောသည်။

(မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရအမျိုးသမီးကို ဆေးရုံသို့ ပို့ဆောင်စဉ်။ဓါတ်ပုံ-CJ)
(မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရအမျိုးသမီးကို ဆေးရုံသို့ ပို့ဆောင်စဉ်။ဓါတ်ပုံ-CJ)

မုန်းမြို့သည် ကရင်အမျိုးသာအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်တွင်ပါဝင်သည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၂၀ ရက်ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဒေသခံ ၄ ဦး ဒဏ်ရာရခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး( KNU)က သတင်းထုတ်ပြန်ထားသည်။ ထို့အပြင် မုန်းမြို့နယ်တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုမကြာခဏဖြစ်ပြီး ဒေသခံများအတွက် မိုင်းအန္တရာယ်ကြီးမားနေသည်။

မြန်မာနိုင်ငံတဝှမ်းတွင် ပြီးခဲ့သည့် ၂၀၂၃ခုနှစ်အတွင်း မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၁၀၀၀ကျော်ရှိခဲ့ပြီး ကမ္ဘာ​ပေါ်တွင် အများဆုံးဖြစ်ခဲ့သည်။

(မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရအမျိုးသမီးကို ဆေးရုံသို့ ပို့ဆောင်စဉ်။ဓါတ်ပုံ-CJ)
(မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရအမျိုးသမီးကို ဆေးရုံသို့ ပို့ဆောင်စဉ်။ဓါတ်ပုံ-CJ)

ယခင်နှစ်များက အများဆုံးဖြစ်သော ဆီရီးယားနိုင်ငံကို ကျော်လွန်ကာ မြန်မာ နိုင်ငံက ကမ္ဘာ​ပေါ်တွင် အများဆုံးစံချိန်တင်ခဲ့ခြင်းဖြစ်​ကြောင်း မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေး နိုင်ငံတကာစည်းရုံးလှုံ့ဆော်ရေးအဖွဲ့ (ICBL) က နိုဝင်ဘာလ ၂၀ရက် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်များသည် ၎င်းတို့စီးနင်းတိုက်ခိုက်ခဲ့သည့် ကျေးရွာများတွင် မြေမြုပ်မိုင်းအများအပြားထောင်ထားခဲ့ပြီး အဆိုပါလုပ်ရပ်ကြောင့် အရပ်သားများထိခိုက်သေဆုံးမှုမကြာခဏကြုံတွေ့နေရသည်ဟု တော်လှန်ရေးအင်အားစုများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မှာဒီနေ့ မနက်အစောပိုင်းကစပြီးတိုက်ပွဲပြင်းထန်ဖြစ်နေသလို စစ်တပ်ကမြို့ထဲကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

နိုင်ငံတကာ

မက္ကဆီကို နိုင်ငံက ကုန်စုံဆိုင် တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး မီးလောင်ခဲ့တာကြောင့် လူ ၂ ဒါဇင်နီးပါး သေဆုံးခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊ မုန်း(မူး) မြို့နယ်တွင် စစ်ကောင်စီတပ် က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူ ၂ဦး သေဆုံးကာ ၁ဦး ဒဏ်ရာရခဲ့ဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။

သတင်း

မူးမြို့နယ်အတွင်း စစ်ကောင်စီက ပြည်သူများကို ပစ်မှတ်ထား၍ လက်နက်ကြီးပစ်ခတ်ခဲ့ရာ နိုဝင်ဘာ ၂၀ရက် တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ခဲ့ခြင်းဖြစ်သည်။