Connect with us

Hi, what are you looking for?

သတင်း

မုန်းမြို့တွင် စစ်တပ်လက်နက်ကြီးပစ်ခတ်၍ ပြည်သူ ၂ဦးသေ၊ ၁ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊ မုန်း(မူး) မြို့နယ်တွင် စစ်ကောင်စီတပ် က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူ ၂ဦး သေဆုံးကာ ၁ဦး ဒဏ်ရာရခဲ့ဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက် ကြီးဖြင့် ပစ်ခတ်ခဲ့၍ ကျည်ထိမှန်သူတဦးအား တွေ့ရစဉ် ဓာတ်ပုံ − KNU

စက်တင်ဘာ−၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊ မုန်း(မူး) မြို့နယ်တွင် စစ်ကောင်စီတပ် က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူ ၂ဦး သေဆုံးကာ ၁ဦး ဒဏ်ရာရခဲ့ဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။

စက်တင်ဘာ၄ရက်ညပိုင်းတွင်စစ်ကောင်စီ၏ခမရ(၃၅၁)နှင့် ခလရ (၆၀) တပ်ရင်းမှရည်ရွယ်ချက်ရှိရှိ ကျေးရွာများအတွင်းသို့လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းဖြစ်ဟု ဆိုသည်။

ထိုသို့ပစ်ခတ်ခဲ့၍မုန်းမြို့နယ်၊ဖိုးသောင်းစုရွာနေ အသက် (၅၅) နှစ်အရွယ် အမျိုးသား ၁ဦးနှင့် အသက် (၅၀)အရွယ် အမျိုးသား ၁ဦး သေဆုံးကာ (၅၈)နှစ်အရွယ် အမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့ပြီး နွားအချို့ ထိမှန်သေဆုံးဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ၃ရက်ကလည်းစစ်ကောင်စီ လက်နက်ကြီးကြောင့် မုန်းမြို့နယ် ငထွေစုတ်ကျေးရွာနေ အမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့သည်။

စက်တင်ဘာ၂ရက်ကလည်း နတ်သံကွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်၍ ရေလဲအရှေ့ဘက်ကမ်းကျေးရွာမှ အမျိုးသား ၁ဦးသေဆုံးကာ အသက် ၇၅နှစ်အရွယ် အဘိုးအို ၁ဦး ဒဏ်ရာရရှိပြီး နွား အချို့ ထိခိုက်သေဆုံးခဲ့သည်။

အာဏာသိမ်းစစ်တပ်မှလက်နက်ကြီးဖြင့်အဆက်မပြတ် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူများထိခိုက်သေဆုံးရပြီး နေအိမ်များပျက်စီးသည့်အပြင် ပြည်သူများထိတ်လန့် ကြောက်ရွံမှုများစွာဖြင့် နေထိုင်ကြရဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook