Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမြို့ခံပြည်သူများ ပြန်လာနေထိုင်ရန် စစ်ကောင်စီ စည်းရုံးနေ၊ မိုးဗြဲမြို့ပြန်ရရေးအတွက်လည်း စစ်ရှိန်မြှင့်နေဟုဆို

စစ်ကောင်စီ၏ စစ်ဆင်ရေးကွက်ကဲမှု ဌာနချုပ်အမှတ်(၇)အပြင် ခမရ (၄၂၁)၊ ခမရ(၃၃၆)တို့ရှိသည့် ဖယ်ခုံမြို့ကို စစ်ကောင်စီက နိုဝင်ဘာတတိယပတ်ကစ၍ ပြန်လည်နေရာယူခဲ့သည်ဟု ဆိုသည်။

(ဖယ်ခုံမြို့နယ် ဆောင်နန်းခဲကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို ၂၀၂၂ မေ ၁၆ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ဖယ်ခုံမြို့နယ် ဆောင်နန်းခဲကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို ၂၀၂၂ မေ ၁၆ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ရဲခေါင်/People’s Spring

ရှမ်း – ကရင်နီပြည်နယ်အစပ် ဖယ်ခုံမြို့သို့ မြို့ခံပြည်သူများ ပြန်လာနေထိုင်ရန် စစ်ကောင်စီကစည်းရုံးနေပြီး မိုးဗြဲမြို့ပြန်ရရေးအတွက်လည်း စစ်ရှိန်မြှင့်နေကြောင်း ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီ၏ စစ်ဆင်ရေးကွက်ကဲမှု ဌာနချုပ်အမှတ်(၇)အပြင် ခမရ (၄၂၁)၊ ခမရ(၃၃၆)တို့ရှိသည့် ဖယ်ခုံမြို့ကို စစ်ကောင်စီက နိုဝင်ဘာတတိယပတ်ကစ၍ ပြန်လည်နေရာယူခဲ့သည်ဟု ဆိုသည်။

“ပြည်သူတွေကို ပြန်လာနေခိုင်းတယ်။သူတို့ရဲ့ သန်းခေါင်စာရင်း နဲ့ရွေးကောက်ပွဲအတွက် အဓိကဖြစ်တယ်။ပြီးတော့ သူတို့ရည်းမှန်းချက်ဖြစ်တဲ့ ပြည်သူ့စစ်လိုပုံစံမျိုးတွေ ဖွဲ့ဖို့အတွက်ပဲပေါ့”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ရှောင်ပြည်သူများ၏ ပင်ပန်းခက်ခဲမှုကို နားလည်သော်လည်း စစ်ကောင်စီ၏ ယန္တရားအောက်တွင် ပြန်လည်နေထိုင်ပါက ဖြစ်ပေါ်လာမည့် ထိခိုက်မှုများကို သတိပြုရန်လည်း ၎င်းက တိုက်တွန်းသည်။

ဖယ်ခုံမြို့နှင့် ကပ်လျက်ရှိသည့် မိုးဗြဲမြို့စစ်ရေးအခြေအနေမှာ နေ့စဥ်ထိတွေ့မှုရှိနေပြီး စစ်ကောင်စီက ဒရုန်း၊လက်နက်ကြီး အဆမတန်အသုံးပြုတိုက်ခိုက်နေကြောင်း ကရင်နီတပ်ပေါင်းစု တာဝန်ရှိသူက အသိပေးသည်။

“မိုးဗြဲကို မရ၊ရအောင်သူတို့(စစ်ကောင်စီ) ပြန်ယူမယ့် အခြေအနေမျိုးတွေ့ရတယ်။တပ်တွေလှန့်တယ်။တပ်တွေ ပြင်ဆင်နေတာရှိတယ်။စစ်ကြောင်းထိုးနေတယ်”ဟု ၎င်းက ပြောသည်။

‘၁၁၁၁ စစ်ဆင်ရေး’အလွန်တွင် ဆုံးရှုံးသွားသည့် နယ်မြေများကို ပြန်ရရှိရန် စစ်ကောင်စီက PNO ပအိုဝ်းပြည်သူ့စစ်ဒေသတွင် ပြန်လည်စုစည်းပြီး ပင်လောင်းမြို့မှတဆင့် ဖယ်ခုံနှင့် မိုးဗြဲမြို့ကို စက်တင်ဘာကစ၍ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်။

လက်ရှိ နှစ်ဖက်ထိတွေ့မှုပြင်းထန်နေသော မိုးဗြဲမြို့တွင် စစ်ကောင်စီ၏ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ(၄၂၂)တပ်ရင်း ရှိသည်။

ကရင်နီပြည်နယ်သို့ ဝင်ပေါက်တစ်ခုဖြစ်သည့် ဖယ်ခုံ – မိုးဗြဲမြို့သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၏ စစ်ဗျူဟာအမှတ်(၁)နယ်မြေဖြစ်ပြီး စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ခုခံနေကြောင်း အသိပေးထားသည်။

လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိင်မြို့နှင့် မိုင်(၄၀)ခန့်ကွာဝေးသော လွိုင်ကော်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်က နယ်မြေစိုးမိုးမှုရရန် ကျေးရွာများအား စစ်ကြောင်းထိုးမှုများပြုလုပ်နေသည်။

ထို့ကြောင့် မြို့နှင့် ခြောက်မိုင်ခန့်အကွာ လွိုင်ကော်မြို့၏ အ နောက်ဘက်ခြမ်းတွင်ရှိသော ကျေးရွာများမှာ ဝင်ဘာ ၂၀ ရက်ကစ၍ ဒီးမော့ဆိုမြို့အနောက်ခြမ်းသို့ ရွှေ့ပြောင်းလိုက်ရကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီသည် ကရင်နီပြည်နယ်၌ ၎င်းတို့ဆုံးရှုံးထားသည့် နယ်မြေ များကို ပြန်လည်ရရှိရေးအတွက် ထိုးစစ်ဆင်နေပြီး လက်ရှိတွင် မိုးဗြဲမြို့တွင်လည်း တိုက်ပွဲပြင်းထန်နေသည်။ ဆီဆိုင်မြို့နှင့် မိုးဗြဲမြို့မှာလည်း မိုင်(၄၀)ခန့်သာ ကွာဝေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

ရှမ်း - ကရင်နီပြည်နယ်စပ် မိုးဗြဲမြို့မှာ အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ်တို့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ မကြာခဏဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-MBPDF က ဒီကနေ့ မေလ ၂၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။