Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီလေကြောင်း တိုက်ခိုက်

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက ယနေ့(နိုဝင်ဘာ ၁၈ရက်)နေ့လည်ပိုင်းတွင် လေကြောင်း တိုက်ခိုက်ခဲ့သည်။

(လေကြောင်းမှ တိုက်ခိုက်ခံရအပြီး ဘန်ကောက်စစ်ရှောင်စခန်းကိုတွေ့ရစဥ်။ ဓာတ်ပုံ - KNA)
(လေကြောင်းမှ တိုက်ခိုက်ခံရအပြီး ဘန်ကောက်စစ်ရှောင်စခန်းကိုတွေ့ရစဥ်။ ဓာတ်ပုံ - KNA)

◾️လူထိခိုက်မှုရှိဟုဆို

ရဲခေါင်/People’s Spring

“လအိရွာ အစပ်နား လေယာဉ်ကြဲသွားပါတယ်။ခုလဲ ၂စီးနဲ့ ပတ်နေပါတယ်။သတိထားကြပါဗျာ။အရင် ဘန်ကောက်စစ်ရှောင် နေရာဟောင်းကိုပဲပြန်ကြဲတာပါ”ဟု ဖယ်ခုံအခြေစိုက်စစ်ရှောင်ကူညီနေသူက ပြောသည်။

ဘန်ကောက်စစ်ရှောင်စခန်းသည် ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက် ညပိုင်းကလည်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်များနှင့် အရပ်သားပြည်သူ ၁၀ ဦးအထိ သေဆုံးခဲ့ရသည်။

Public Service Announcement

Public Service Announcement

ယခုတစ်ကြိမ်တိုက်ခိုက်ခံရမှုတွင်လည်း လူထိခိုက်မှုရှိပြီး အသေးစိတ်အခြေအနေကို စစ်ရှောင်ကူညီသူများက စုံစမ်းနေဆဲ ဖြစ်သည်။

“ပြည်သူ ထိခိုက်မှုရှိတယ်လို့ပဲ ကနဦးသိရပါသေးတယ်”ဟု ဖယ်ခုံမြို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

တိုက်ပွဲ ဖြစ်ပွားသည့်နေရာမဟုတ်ဘဲ လူထုအပေါ်ပစ် မှတ်ထားသည့် စစ်​ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်ပေါ်ကျူး လွန်သည်ရာဇဝတ်မှုဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)၏ ဦးဗညားက မှတ်ချက်ပြုသည်။

ယခု နိုဝင်ဘာဒုတိယပတ်အထိ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုတို့ကြောင့် (၈)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူ (၆) ဥးသေဆုံးခဲ့ရပြီး (၅) ဦး ဒဏ်ရာရထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်ကဘုရားကျောင်းတစ်ခုမှာပစ်ခတ်မှု ကျူးလွန်ခဲ့တဲ့သံသယတရားခံအမျိုးသားဟာကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့ကြောင်း သိရပါတယ်။