Connect with us

Hi, what are you looking for?

သတင်း

အညာစစ်ဘေးသင့်ဒေသများတွင် စိုက်ပျိုးရေးဆေးများ လက်ငင်းပေးဝယ်နေရ၍ တောင်သူများ အခက်တွေ့နေ

မြေဆီနှင့် ပိုးသတ်ဆေးစျေးနှုန်းများမှာလည်း ယခင်ထက်နှစ်ဆကျော်မြင့်တက်သွား၍ ကုန်ကျစရိတ်ပိုမိုမြင့်တက်လာကြောင်း သိရသည်။

(စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကောက်စိုက်​နေသူများအားတွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကောက်စိုက်​နေသူများအားတွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

ဇေအောင်/People’s Spring

အညာစစ်ဘေးသင့်ဒေသများတွင် စိုက်ပျိုးရေးသုံးမြေဆီ၊ အားဆေးနှင့် ပိုးသတ်ဆေးများ လက်ငင်းစနစ်ဖြင့် ဝယ်ယူသုံးစွဲနေရ၍ အခက်အခဲရှိနေကြောင်း အဆိုပါဒေသရှိ တောင်သူများက ပြောသည်။

စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းရှိ ဒေသအချို့တွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ လမ်းတလျှောက် စစ်ကောင်စီဂိတ်များအား ငွေပေးရမှုများပြားခြင်း၊ နယ်မြေတည်ငြိမ်မှုမရှိခြင်းများကြောင့်ဆိုကာ ကုမ္ပဏီများက စိုက်ပျိုးရေးသုံး မြေဆီ၊ အားဆေးနှင့် ပိုးသတ်ဆေးများအား ကုန်ကြွေးစနစ်ဖြင့် ရောင်းချခြင်းမရှိတော့ကြောင်း တောင်သူများက ပြောသည်။

“အရင်ကတော့ သီးနှံပေါ်မှရှင်းတဲ့စနစ်နဲ့ ရောင်းပေးတာ။ အခုမရတော့ဘူး။”ဟု ရေဦးမြို့နယ်မှ စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် တောင်သူများမှာ လက်ငင်းစနစ်ဖြင့်သာ ဝယ်ယူသုံးစွဲနေရ၍ အခက်အခဲများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

“ကျွန်တော်တို့မြင်းခြံဆိုရင်ကို စက်ရုံတွေ ကုမ္ပဏီတွေကလေ ကျန်တဲ့နယ်နဲ့မတူဘူး ဆက်ဆံတာက။ ပိုက်ဆံကြိုရှင်းရတာတို့၊ ပစ္စည်းရောက်တာနဲ့ ကြိုရှင်းရတာတို့။ အရင်တုန်းကဆိုရင် သုံးပတ်တို့ တစ်လတို့ ကစားလို့ရတယ်။ လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်ကတည်းက ကုမ္ပဏီတွေစက်ရုံတွေက ဒီဘက်ဆိုရင် ကြိုက်မှဝယ် ကြိုရှင်းရတယ်။”ဟု မြင်းခြံမြို့နယ်ရှိ တောင်သူတစ်ဦးက ပြောသည်။

ထို့အပြင် မြေဆီနှင့် ပိုးသတ်ဆေးစျေးနှုန်းများမှာလည်း ယခင်ထက်နှစ်ဆကျော်မြင့်တက်သွား၍ ကုန်ကျစရိတ်ပိုမိုမြင့်တက်လာကြောင်း သိရသည်။

မြေဆီနှင့် ပိုးသတ်ဆေးများမှာ စိုက်ပျိုးသည့်သီးနှံနှင့် ဧကပေါ်မူတည်၍ ကျပ်သိန်းချီ ကုန်ကျလေ့ရှိသည်။ သီးနှံပေါ်ချိန်တွင်လည်း နယ်မြေအခြေအနေအရ ပွဲစားများ မလာရောက်နိုင်ပါက အခက်အခဲများဖြင့် ရင်ဆိုင်ရလေ့ရှိကြောင်း တောင်သူများက ပြောသည်။

စိုက်ပျိုးရေးနိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းအပါအဝင် ပြည်နယ်အချို့ရှိ ကျေးလက်ဒေသများအား စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ခြင်း၊ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေ၍ စိုက်ပျိုးရေးလုပ်ငန်းများကိုပါ များစွာထိခိုက်မှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက လူဦးရေ ၂သိန်းကျော် ရေဘေးဒုက္ခကြုံနေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်၊ ရေဘေးကြောင့် သေဆုံးပျောက်ဆုံး ၂၄ဦးရှိ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းမှာ ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ဧကပေါင်း သိန်းနဲ့ချီ ပျက်စီးနိုင်ကြောင်း ဒေသခံတောင်သူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ရေကြီးမှုကြောင့် စိုက်ပျိုးဧကပေါင်း ၈၀၀ ကျော် ပျက်စီးနိုင်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။