Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေး တရုတ်နိုင်ငံ ပါဝင်လာမှုအပေါ် တောင်ကိုရီးယားလွှတ်တော်၌ ဆွေးနွေးပွဲကျင်းပ

တောင်ကိုရီးယားရှိ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်(MFDMC)ဥက္ကဌ ဦးဇော်မိုးအောင်၊ CDM ဗိုလ်ကြီး လင်းထက်အောင် နှင့် MFDMC တာ၀န်ခံများလည်းအတူတက်ရောက်ခဲ့ကြောင်း သိရသည်။

(တောင်ကိုရီးယား အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ဆွေးနွေးနေစဉ်နှင့် လွှတ်တော်အဆောက်အအုံရှေ့ MFDMC တာဝန်ရှိသူများ၊ မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
(တောင်ကိုရီးယား အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ဆွေးနွေးနေစဉ်နှင့် လွှတ်တော်အဆောက်အအုံရှေ့ MFDMC တာဝန်ရှိသူများ၊ မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

People’s Spring

မြန်မာ့နိုင်ငံရေးတွင် တရုတ်နိုင်ငံ ပါဝင်လာမှုနှင့်ပတ်သက်၍ ဆွေးနွေးပွဲတရပ်ကို တောင်ကိုရီးယားနိုင်ငံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ယနေ့(နိုဝင်ဘာ ၂၅ရက်)ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အမျိုးသားလွှတ်တော် အဆောက်အအုံ၊ အစည်းအဝေးအခန်းအမှတ် ၇ ၌ ယနေ့ မွန်းလွဲ ၂နာရီမှ ညနေ ၆နာရီအထိ မြန်မာ့နွေဦးတော်လှန်ရေးနှင့် တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုများ၊ အကျိုးသက်ရောက်မှုများ၊ သဘောထားအမြင်များကို ဆွေးနွေးခဲ့ကြောင်း တက်ရောက်ဆွေးနွေးခဲ့သူ CDM ဗိုလ်ကြီး ကိုလင်းထက်အောင်က ပြောသည်။

(တောင်ကိုရီးယား အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ဆွေးနွေးနေစဉ်နှင့် လွှတ်တော်အဆောက်အအုံရှေ့ MFDMC တာဝန်ရှိသူများ၊ မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
(တောင်ကိုရီးယား အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ဆွေးနွေးနေစဉ်နှင့် လွှတ်တော်အဆောက်အအုံရှေ့ MFDMC တာဝန်ရှိသူများ၊ မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများအား တွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့)

အဆိုပါဆွေးနွေးပွဲကို မြန်မာ့တော်လှန်ရေးအား တစိုက်မတ်မတ် ထောက်ခံအားပေးနေသည့် အီယုန်ဆွန်း အမတ်နှင့် အခြားလွှတ်တော်အမတ် ၇-ဦးက ကမကထပြု၍ ဆောင်ဂုန်ဝဲတက္ကသိုလ် အာရှအန်ဂျီအိုဌာန ‌ပါမောက္ခ ဘတ်အွန်ဟွန်းက ဦးဆောင် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဓိကအားဖြင့် မြန်မာ့အရေးတွင် တရုတ်နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး စွက်ဖက်မှု၏ အလားအလာသည် တော်လှန်ရေးနှင့် ဒီမိုကရေစီ လှုပ်ရှားမှုအပေါ် သက်ရောက်မှု၊ နိုင်ငံတကာ ပံ့ပိုးကူညီမှုဖြင့် တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုကို ကျော်လွှားရန် မြန်မာတော်လှန်ရေးအတွက် မဟာဗျူဟာနှင့် ကိုရီးယားနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းသည် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးတွင် လက်တွေ့ကျသော နည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

(တောင်ကိုရီးယား အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ဆွေးနွေးနေစဉ်နှင့် လွှတ်တော်အဆောက်အအုံရှေ့ MFDMC တာဝန်ရှိသူများ၊ မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
(တောင်ကိုရီးယား အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ဆွေးနွေးနေစဉ်နှင့် လွှတ်တော်အဆောက်အအုံရှေ့ MFDMC တာဝန်ရှိသူများ၊ မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများအား တွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့)

ထို့အပြင် ဆိုးလ်တက္ကသိုလ် အာရှသုတေသနဌာန ပါမောက္ခ ချွဲဂျောင်ဟွီ၊ နိုင်ငံတကာရေးရာဌာန ပါမောက္ခဟောင်း ဘဲဂုံချန်၊ ဆောင်ဂယွန်းတက္ကသိုလ် အရှေ့အာရှဌာန ပါမောက္ခ လီယူးဘီ၊ ကိုရီးယားတက္ကသိုလ် အရှေ့တောင်အာရှသုတေသနဌာန ပါမောက္ခ ဂျန်းဂျွန်ယောင်း၊ ဆိုးလ်တက္ကသိုလ် နိုင်ငံရေးသိပ္ပံ ပါရဂူကျောင်းသား ချန်ဘိဂျယ်၊ ဘုဂယောင်းတက္ကသိုလ် သတင်းပညာ ပါရဂူကျောင်းသား ကိုခန့်တို့က စာတမ်းအသီးသီး တင်ပြ၍ ပါဝင်ဆွေးနွေးခဲ့သည်။

အထက်ပါဆွေးနွေးပွဲကို တောင်ကိုရီးယားရှိ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်(MFDMC)ဥက္ကဌ ဦးဇော်မိုးအောင်၊ CDM ဗိုလ်ကြီး လင်းထက်အောင် နှင့် MFDMC တာ၀န်ခံများလည်းအတူတက်ရောက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့တွင်လည်း MFDMC နှင့် နွေဦးတော်လှန်ရေးသပိတ်အင်အားစုတောင်ကိုရီးယားရှိ မြန်မာနိုင်ငံသားများ၊ မြန်မာ့ဒီမိုကရေစီအရေးအားပေးထောက်ခံသော ကိုရီးယားနိုင်ငံရေး၊ ဘာသာရေးအဖွဲ့အစည်းများ ပူးပေါင်း၍ မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်ခြယ်လှယ်နေသော တရုတ်အစိုးရဆန့်ကျင်ရှုတ်ချပွဲကို ဆိုးလ်မြို့၌ ပြုလုပ်ခဲ့ပြီး ဆိုးလ်မြို့ ဆိုးလ်ဘူတာရှေ့မှ တရုတ်သံရုံးအထိ လမ်းလျှောက်ချီတက်ကာ မြန်မာပြည်သူများကိုယ်စား အိတ်ဖွင့်ပေးစာနှင့် ထုတ်ပြန်ကြေငြာချက်များ တရုတ်သံရုံးထံ ပေးပို့ခဲ့ကြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်ကိုရီးယားရဲ့ ပထမဆုံး ပြည်တွင်းဖြစ် တိုက်လေယာဉ်ဖြစ်တဲ့ KF-21 Boramaeရဲ့ ပထမဆုံး တစ်စီးကို အောင်အောင်မြင်မြင် ထုတ်လုပ်ပြီး လေတပ်ဆီ လွှဲအပ်ပေးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား လက်နက်တွေ ထုတ်လုပ်မှုကို မတားမြစ်ဘူးဆိုရင် နောင်တစ်ချိန် စျေးကွက်ထဲ အဲဒီလက်နက်တွေ ရောင်းချတဲ့ အန္တရာယ်မျိုး ဖြစ်လာနိုင်ကြောင်း တောင်ကိုရီးယား သမ္မတက သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

Facebook