Connect with us

Hi, what are you looking for?

သတင်း

ဗန်း​မော်​လေယာဥ်ကွင်းတွင် ​ပေါက်ကွဲမှုဖြစ်ပြီး ​လေယာဥ်ခရီးစဥ်များယာယီဖျက်သိမ်း

ပေါက်ကွဲမှုသည် နံနက်၁၁နာရီခန့်ကဖြစ်ပွားခဲ့ခြင်းဟု ဒေသခံ အချို့ကပြောသည်။ စစ်ကောင်စီနှင့်ရဲကား ငါးစီးသည် မြို့ထဲတွင်ကင်းလှည့်နေသည်ဟု သိရသည်။

(ဗန်​မော်​လေယာဥ်ကွင်းကို​ ၂၀၂၄ မတ်လ ၇ ရက်တွင်တိုက်ခိုက်ခံရပြီး​နောက်တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(ဗန်​မော်​လေယာဥ်ကွင်းကို​ ၂၀၂၄ မတ်လ ၇ ရက်တွင်တိုက်ခိုက်ခံရပြီး​နောက်တွေ့ရစဥ်။ဓါတ်ပုံ-CJ)

အိမ်သွင်၊ထားမြတ် /People’s Spring

စစ်ကောင်စီက ထောက်ပို့လမ်းကြောင်းအဖြစ်အသုံးပြုနေသည့် ဗန်းမော်လေယာဉ်ကွင်းအတွင်း ယ‌နေ့ (နိုဝင်ဘာ ၂၆) နံနက်ပိုင်းတွင် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လေယာဉ်ခရီးစဉ်များ ယာယီဖျက်သိမ်းလိုက်ကြောင်း ​ဒေသခံများကပြောသည်။

“ပေါက်ကွဲသံကြီးကြားလိုက်တယ်။ လက်နက်ကြီးကျတယ်လို့လည်းပြောတယ်။ လေယာဉ်ကွင်းထဲမှာ ဗုံးပေါက်တယ်လို့လည်းပြောတယ်။ ဘာမှန်းတော့သေချာမသိသေးဘူး။ အခုကတော့ လေယာဉ်ခရီးစဉ်တွေအကုန်ပိတ်လိုက်တာဟုတ်တယ်” ဟု ဗန်းမော်မြို့ခံတစ်ဦးကပြောသည်။

ပေါက်ကွဲမှုသည် နံနက်၁၁နာရီခန့်ကဖြစ်ပွားခဲ့ခြင်းဟု ဒေသခံ အချို့ကပြောသည်။ စစ်ကောင်စီနှင့်ရဲကား ငါးစီးသည် မြို့ထဲတွင်ကင်းလှည့်နေသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

“ဘယ်အဖွဲ့လည်းဆိုတာတော့ သေချာမသိသေးပါဘူး။KIA ဘက်ကလည်း ဘာမှပြောဆိုထားတာမရှိသေးပါဘူး”ဟု သတင်းရင်းမြစ် တစ်ဦးက ဗန်းမော်လေဆိပ် တိုက်ခိုက်ခံရမှု နှင့်ပတ်သက်ပြီးပြောသည်။

ဗန်းမော်မြို့နှင့် ကိုးမိုင်ခန့်ဝေးသောမိုးမောက်မြို့နယ်တွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ပွဲများဖြစ်ပွားနေသည်။ စစ်ကောင်စီသည် ဗန်းမော်လေဆိပ်ကိုအသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသလို လက်နက်၊ရိက္ခာနှင့်လူရင်အားလည်း ဖြည့်တင်းနေသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တဦးကပြောသည်။

ပေါက်ကွဲမှုကြောင့်ထိခိုက်ပျက်စီးမှုမှုအခြေအနေကိုမသိရှိရသေးပေ။ KIA​၏ ၀၇၀၃ စစ်ဆင်​ရေးစတင်သည့် ၂၀၂၄ မတ် လ ၇ ရက်ကလည်း ဗန်းမော်လေယာဥ်ကွင်းအတွင်းရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲခဲ့၍ လေယာဉ်‌‌​ပြေးလမ်းပျက်စီးခဲ့ပြီး လေဆိပ်အား စစ်ကောင်စီက ယာယီပိတ်ပစ်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook