Connect with us

Hi, what are you looking for?

သတင်း

မိုးမောက်-ဗန်းမော်ကြားတိုက်ပွဲပြင်းထန်

စစ်ရေး အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့လည်း ဆက်သွယ်မေးမြန်းထားသည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား စစ်မြေပြင်၌ တွေ့ရစဉ်။ ဓာတ်ပုံ - CJ၊ ပုံအဟောင်းဖြစ်ပါသည်)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား စစ်မြေပြင်၌ တွေ့ရစဉ်။ ဓာတ်ပုံ - CJ၊ ပုံအဟောင်းဖြစ်ပါသည်)

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဗန်းမော်မှ မိုးမောက်ဘက်သို့ စစ်ကောင်စီကယနေ့ နိုဝင်ဘာ ၁၇ရက်တွင် ထိုးစစ်ဆင်လာ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဒီမနက်၅နာရီခွဲ၆နာရီလောက်ကဗန်းမော်ကနေ စစ်အင်အား တင့်ကားနဲ့ရော ဒရုန်းနဲ့ရော အဲဒီလိုထိုးတာ။ အဲဒီလို စစ်အင်အားပြန်ပြီး တိုးချဲ့တာ။

ဒီနေ့၇မိုင်ဘက်မှာအကြီးအကျယ်ပြန်ဖြစ်တာ” ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ရေး အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့လည်း ဆက်သွယ်မေးမြန်းထားသည်။

ဗန်းမော်မြို့ ၏ အဓိက ခံစစ်စခန်းဖြစ်​သောအမှတ်(၄၃၇) ​​ခြေမြန်တပ်ရင်း( ခမရ၄၃၇)ကို KIAက ယခုနှစ် ဩဂုတ် တတိယပတ်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထို့​နောက် ဗန်​မော်မြို့ အတိုက်ခံရမည်စိုး​သော စစ်ကောင်စီက ဗန်းမော်မှ အကြိမ်ကြိမ်ထိုးစစ်ဆင်နေ၍ ဗန်းမော်-မိုးမောက်ကြား ၇မိုင် အောင်မြင်ရွာဘက်၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေခြင်းဖြစ်သည်။

“ဗန်းမော်ဘက်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒီမိုးမောက်ဘက်ကို အင်အားဖြည့်ထိုးစစ်ဆင်လာတဲ့အတွက်ကြောင့် တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတယ်။ ဗန်းမော်နဲ့မိုးမောက်ကြား ၇မိုင် အောင်မြေကျေးရွာမှာ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတာ။ အဲဒီ ၇မိုင် အောင်မြေကျေးရွာမှာ ကတော့ တောက်လျှောက်နေ့စဉ်ဆိုသလိုတိုက်ပွဲတွေဖြစ်ပွားနေတာပါ။ မနေ့ကလည်းတိုက်ပွဲတွေဖြစ်ပွားနေတာပါ” ဟု ကချင်သတင်းရင်းမြစ်တစ်ဦးကပြောသည်။

ခမရ (၄၃၇)ကို သိမ်းပြီး​သော်လည်း ဗန်​မော်မြို့ရှိ စစ်တပ်စခန်းများကို KIA ကထိုးစစ်ဆင် သိမ်းပိုက်ခြင်း မလုပ်​ခြင်းမှာ တရုတ်အစိုးရက ဗန်​မော်မြို့ကိုမသိမ်းပိုက်ရန် တားဆီး​နေ​သော​ကြောင့်ဖြစ်​ကြောင်းလည်း စုံစမ်းသိရသည်။

တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်ဟုလည်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။တိုက်ပွဲအတွင်းစစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ပစ်ကူ သုံးတိုက်ခိုက်မှုများ ရှိခဲ့သည့်အပြင် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် မိုးမောက်မြို့နယ်အတွင်း ပြည်သူနေထိုင်ရာနေရာများကို လည်း စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

နိုဝင်ဘာ ၁၅ရက်ည နေပိုင်းက မိုးမောက်မြို့နယ် ကုန်းလောရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း ကို စစ်ကောင်စီက အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ် ၇ဦး အပါအဝင် ပြည်သူ ၉ဦးသေဆုံးကာ ဒဏ်ရာရသူများလည်းရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ