Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော်မြို့နယ်ရှိ ဆည်မြောင်းရုံးကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ဝါရှောင်ဆရာတော်ကလည်း လေကြောင်း တိုက်ခိုက်ခံရမှု အခြေအနေကို ယနေ့(နိုဝင်ဘာ ၂၇ရက်) နံနက်က လူမှုကွန်ရက်တွင် ရေးသားအသိပေးထားသည်။

(ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာရှိ ဆည်းမြောင်းရုံးကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ဝါရှောင်ဆရာတော်)
(ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာရှိ ဆည်းမြောင်းရုံးကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ဝါရှောင်ဆရာတော်)

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာရှိ ဆည်းမြောင်းရုံးကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရုံးအဆောက်အဦးထိခိုက်ပျက်စီးပြီး လူထိခိုက်မှုမရှိဟု ဒေသသတင်းရင်းမြစ်အချို့က အသိပေးသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက် သိမ်းပိုက်ထိန်းချုပ်ထားသည့် ဝါရှောင်ကျေးရွာကို နိုဝင်ဘာ ၂၆ရက် နေ့လယ် ၃နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

(ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာရှိ ဆည်းမြောင်းရုံးကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ဝါရှောင်ဆရာတော်)
(ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာရှိ ဆည်းမြောင်းရုံးကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – ဝါရှောင်ဆရာတော်)

” ဝါရှောင်မှာ ကျောင်းဆရာတွေနေတဲ့ ရုံးခန်းပေါ့ နော်။ အဲဒီ ရုံးခန်းဘေးနားမှာ သူတို့ လေယာဉ်ဗုံးသွားကြဲလိုက်တာ”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ဝါရှောင်ဆရာတော်ကလည်း လေကြောင်း တိုက်ခိုက်ခံရမှု အခြေအနေကို ယနေ့(နိုဝင်ဘာ ၂၇ရက်) နံနက်က လူမှုကွန်ရက်တွင် ရေးသားအသိပေးထားသည်။

(ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာရှိ ဆည်းမြောင်းရုံးကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ဝါရှောင်ဆရာတော်)
(ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာရှိ ဆည်းမြောင်းရုံးကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – ဝါရှောင်ဆရာတော်)

” မနေ့က လိုင်းမရလို့ အခုမှတင်လိုက်ရတယ်။ ဝါရှောင်မှာ ကြဲချလေတဲ့ ဗုံး။ ၃း၁၂မိနစ်အချိန်ဒရုန်းနဲ့လေယာဉ်နဲ့ ကြဲချခဲ့တာ။ ကျောင်းဆင်းချိန်ဆိုတော့ ရင်တထိတ်ထိတ်နဲ့ပေါ့။ ကလေးတွေအတွက် စိုးရိမ်နေမိတာ။ ကျသွား၊ ထိသွားတဲ့နေရာကလူမရှိ၊ သူမရှိမို့သာတော်သေးတာ။ ဆည်ထိပ်က ဆည်မြောင်းရုံး ရှင်းလင်းဆောင်တိုက်ပုလေးကို ထိသွားတာ။ ကိုယ်ရောက်သွားတော့ ဗုံးဆံအပဲ့ကြီးတွေတောင်ပူရှိန်ရှိနေဆဲ”ဟု ဝါရှောင်ဆရာတော်က လေကြောင်း တိုက်ခိုက်ခံရမှု ဓာတ်ပုံမှတ်တမ်း၊ ရုပ်သံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။

(ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာရှိ ဆည်းမြောင်းရုံးကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ဝါရှောင်ဆရာတော်)
(ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာရှိ ဆည်းမြောင်းရုံးကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – ဝါရှောင်ဆရာတော်)

ထို့အပြင် အပြစ်မဲ့ပြည်သူများ၊ အပြစ်မဲ့ကလေးသူငယ်များလုံခြုံအေးချမ်းစေရန်နှင့် ဗုံးလက်နက်၊ လေယာဉ် ၊ မီးဘေးကင်းပါစေဟုလည်း ဝါရှောင်ဆရာတော်က ရေးသားထားသည်။

ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအများစုကို KIAက တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ရာ သိမ်းရန်ကျန်နေသည့် ခလရ(၅၈)တပ်ရင်း တွင်လည်း စစ်ကောင်စီက နိုဝင်ဘာ ၂၇ရက်တွင် ပြည်သူများအား ဖြတ်သန်းသွားလာခွင့် ပိတ်ထားသည်ဟု သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook