Connect with us

Hi, what are you looking for?

သတင်း

ပအိုဝ်းဒေသ၌ PNLAနှင့် စစ်ကောင်စီ၊ PNOပူးပေါင်းတပ် တစ်ပတ်ကျော်ကြာတိုက်ပွဲဖြစ်နေ

PNLAတပ်ရှိနေရာသို့ စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ် PNOတို့က ထိုးစစ်ဆင်လာ၍ နိုဝင်ဘာ ၂၀ရက်ကစ၍ တိုက်ပွဲဖြစ်နေသည်ဟု ဆိုသည်။

(မောက်မယ်ဒေသတိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ပြည်သူ့စစ်ထံမှ သိမ်းရသော လက်နက်အချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)
(မောက်မယ်ဒေသတိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ပြည်သူ့စစ်ထံမှ သိမ်းရသော လက်နက်အချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)

▪️စစ်ကောင်စီနှင့် ပြည်သူ့စစ် ၃၀ကျော်သေဆုံးခဲ့ဟု PNLAပြော

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ် အပါအဝင်ပအိုဝ်းဒေသ၌ စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)အကြားတိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

PNLAတပ်ရှိနေရာသို့ စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ် PNOတို့က ထိုးစစ်ဆင်လာ၍ နိုဝင်ဘာ ၂၀ရက်ကစ၍ တိုက်ပွဲဖြစ်နေသည်ဟု ဆိုသည်။

“၂၀ရက်နေ့ကနေ ဒီနေ့အထိ နေ့စဉ်ဖြစ်ပွားနေပါတယ်။ ပြင်းထန်တဲ့တိုက်ပွဲရယ် မပြင်းထန်တဲ့ တိုက်ပွဲရယ် ပဲရှိတာပေါ့။ တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေပါတယ်။ အဓိကတော့ ကျနော်တို့ နေတဲ့တောထဲကို ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပွားနေရတဲ့ အခြေအနေဖြစ်ပါတယ်။ တိုက်ပွဲအတွင်း ကျနော်တို့ အတည်ပြုရသလောက်တော့ စစ်ကောင်စီနဲ့ စစ်ကောင်စီလက်ပါးစေ ပြည်သူ့စစ်ဘက်ကသေဆုံးတာ ၃၁ယောက်ပေါ့နော်”ဟု ခွန်ရိန်းယံက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့၏ လက်နက်အချို့ကို PNLAက သိမ်းဆည်းရရှိထားသည်။

မောက်မယ်ဒေသတွင် တိုက်ပွဲများမဖော်ဆောင်ရန် ပအိုဝ်းသံဃာတော်များက ယခုနှစ် မတ်လတွင် မေတ္တာရပ်ခံထားရာ စစ်ကောင်စီနှင့် PNOဘက်က မလိုက်နာဘဲ ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု ဆိုသည်။ ပအိုဝ်းသံဃာတော်များက RCSS၊ PNO ပြည်သူ့စစ်နှင့် PNLA တပ်များကို မေတ္တာရပ်ခံထားခြင်းဖြစ်သည်။

” ပအိုဝ်းရဟန်းသံဃာတော်တွေရဲ့ မေတ္တာရပ်ခံချက်ကို ပစ်ပယ်ထားပြီးတော့မှ စစ်ကောင်စီနဲ့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်က ကျနော်တို့ စခန်းတွေရှိတဲ့ တောတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ထိုးစစ်ဆင်လာတယ်ပေါ့။ ပြီးတော့ ကျေးရွာတွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာရှိတယ်။ ပြည်သူလူထုတွေရဲ့ နေအိမ်တွေလည်း ထိခိုက်ပျက်စီးတာရှိတယ်။ ထိခိုက်ပျက်စီးမှုရဲ့ အသေးစိတ်တော့ မသိရသေးပါဘူး”ဟု ခွန်ရိန်းယံက ပြောသည်။

PNLAကလည်း တိုက်ပွဲသတင်းထုတ်ပြန်ထားရာ ပအိုဝ်းဒေသကို စစ်ကောင်စီနှင့် PNOက ကျူးကျော်စစ်ကြောင်းထိုး တိုက်ခိုက်သဖြင့် မောက်မယ်မြို့နယ် ဟိုနမ့်ဒေသတွင် တိုက်ပွဲပြင်းထန်နေကြောင်း အသိပေးသည်။

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့သည် နိုဝင်ဘာ၂၀ ရက်ကစတင်ပြီး ပအိုဝ်းဒေသ မောက်မယ်မြို့နယ် ဟိုနမ့်ဒေသကို စစ်ကြောင်းများဖြင့် အင်အားအလုံးအရင်းဖြင့် ဝင်ရောက် ကာ PNLAကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာ ၂၆ ရက်တွင်လည်း မောက်မယ်မြို့နယ် ဟိုနမ့်ဒေသ တောင်ဘက်ရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၏ တပ် စခန်းကို စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ထိုသို့ တိုက်ခိုက်ရာတွင် ပအိုဝ်းဒေသအတွင်းရှိ ပအိုဝ်းကျေးရွာများကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။