Connect with us

Hi, what are you looking for?

သတင်း

လားရှိုးတွင် ကုန်စည်ဝယ်ယူရောင်းချမှုအဆင်ပြေစေရေး စီမံချက်များချမှတ်ဆောင်ရွက်မည်ဟု MNDAA အသိပေး

အထူးဒေသ(၁)လားရှိုးမြို့၌တာဝန်ရှိသူများနှင့် ဈေးတာဝန်ခံများ၊ဈေးသူ၊ဈေးသားများတွေ့ဆုံကာ အခြေခံစားသောက်ကုန်ဈေးနှုန်းညှိနှိုင်းစည်းဝေးပွဲပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာ ၁၆ရက်တွင်

(လားရှိုးမြို့ အောင်မင်္ဂလာဈေးအတွင်း တွေ့ရသော ဈေးသည်များနှင့် ဈေးဝယ်သူများ။ ဓာတ်ပုံ - ားရှိုးမြို့ ပြန်လည်ထူထောင်ရေး)
(လားရှိုးမြို့ အောင်မင်္ဂလာဈေးအတွင်း တွေ့ရသော ဈေးသည်များနှင့် ဈေးဝယ်သူများ။ ဓာတ်ပုံ - ားရှိုးမြို့ ပြန်လည်ထူထောင်ရေး)

ဟန်နွေ/People’s Spring

လားရှိုးမြို့ကိုသိမ်းပိုက်ထားသည့် ကိုးကန့်တပ်မတော်(MNDAA)က မြို့တွင်း၌ သယ်ယူပို့ဆောင်ရေးစရိတ်များ သက်သာစေရေးအပါအဝင် ကုန်စည်ဝယ်ယူရောင်းချမှုများ အဆင်ပြေစေရေး ရေရှည် အစီအမံများချမှတ် ဆောင်ရွက်မည်ဟု (နိုဝင်ဘာ ၂၈ရက်)တွင် ထုတ်ပြန်အသိပေးသည်။

အထူးဒေသ(၁)လားရှိုးမြို့၌တာဝန်ရှိသူများနှင့် ဈေးတာဝန်ခံများ၊ဈေးသူ၊ဈေးသားများတွေ့ဆုံကာ အခြေခံစားသောက်ကုန်ဈေးနှုန်းညှိနှိုင်းစည်းဝေးပွဲပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာ ၁၆ရက်တွင်

အသားငါးဈေးနှုန်းသတ်မှတ်ချက်တစ်ခုကို ထုတ်ပြန်ခဲ့ခြင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူက ရေရှည်ဆောင်ရွက်မည့် အစီအမံကို ရှင်းပြခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တရုတ်အစိုးရ၏ ဖိအားကြောင့် လားရှိုးမြို့ကို MNDAAက လက်လွှတ်ရလိမ့်မည်ဖြစ်ကြောင်း သုံးသပ်မှုများ၊ စိုးရိမ်ပူပန်မှုများရှိနေချိန် MNDAAက အုပ်ချုပ်ရေးလုပ်ငန်းနှင့် ဒေသခံ ပြည်သူများ အဆင်ပြေစေရေးဝန်ဆောင်မှုများနှင့် လားရှိုးမြို့ ပြန်လည်ထူထောင်ရေးကို ရေရှည်အစီအမံဖြင့် ဆောင်ရွက်မည့်အကြောင်း အသိပေးလာခြင်းဖြစ်သည်။

လားရှိုးမြို့ပြန်လည်‌ထူထောင်ရေးကာလအတွင်းကုန်ဈေးနှုန်းကြီးခြင်းများကြောင့် ဒေသခံပြည်သူများစားဝတ်နေရေးခက်ခဲရမှုအပေါ် အခြေခံစားသောက်ကုန်များထဲမှ အသားငါးဈေးကြီးမှုကိုထိန်းချုပ်နိုင်ရန် ရည်ရွယ်ကာ သက်ဆိုင်သူများ တွေ့ဆုံစည်းအဝေး ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

လက်ရှိအသားငါးဈေးကို ထိန်းပြီးရောင်းပေးကြရန်နှင့် ရေရှည်တွင် အဆင်ပြေစေရန်အတွက် မွေးမြူရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးမှာဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူက ပြောကြားခဲ့ဟု MNDAAက ထုတ်ပြန်သည်။

“ရောင်းချသူနဲ့ ဝယ်ယူစားသုံးသူနှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့ဈေး ရောင်းနိုင်အောင်တော့ညှိယူရမှာဘဲ၊ရှိတဲ့အခက်အခဲကိုတော့ ဖြေရှင်းလို့ရတဲ့နည်းနဲ့ပြေလည်အောင်တော့လုပ်ရမှာပေါ့၊နောက်ပိုင်း‌ရေရှည်အတွက်တော့သယ်ယူပို့ဆောင်‌ရေး စရိတ်တွေသက်သာအောင် မြို့ထဲမှာဘဲ မွေးမြူရေးလုပ်ငန်းတွေကို မွေးမြူရေးခြံပိုင်ရှင်တွေနဲ့လက်တွဲပြီး လုပ်ဆောင်သွားဖို့ စဉ်းစားထားပါတယ်”ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

လက်ရှိတွင် အသားဈေးနှုန်းသတ်မှတ်ချက်နှင့်ပတ်သက်ပြီးတရားဝင် ထုတ်ပြန်ကြေညာခဲ့ရာ ဝက်သား၊ အမဲသား၊ ကြက်သား စျေးသတ်မှတ်ချက်များကို ဖော်ပြခဲ့ပြီး သတ်မှတ်စျေးထက်လုံး၀ ပိုမရောင်းရန် သတိပေးထားသည်ဟုဆိုသည်။

MNDAAသည် လားရှိုးမြို့ကို ယခုနှစ် ဩဂုတ် ၃ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့သည်။ စစ်ကောင်စီက ဩဂုတ် လကုန်ပိုင်းမှစ၍ လားရှိုးကို လေကြောင်း တိုက်ခိုက်ဗုံးကြဲမှုအကြိမ်ကြိမ်ပြုလုပ်ပြီး စစ်ရေးအရ ဖိအားပေးနေသည်။ ထို့အပြင် တရုတ်အစိုးရကလည်း MNDAA ကို ပိတ်ဆို့မှု၊ ခြိမ်းခြောက်မှုများ ပုံစံမျိုးစုံ ပြုလုပ်ကာ လားရှိုးအပါအဝင်သိမ်းပိုက်နယ်မြေအချို့ စစ်ကောင်စီကို ပြန်လည်ပေးအပ်ရန်ဖိအားပေးနေကြောင်း သတင်းများထွက်ပေါ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီ‌နေ့ (မေလ ၆ရက်) ညနေပိုင်းကမိုးသက်လေပြင်းကျလို့ နေအိမ်အဆောက်အအုံ၊သစ်ပင်အချို့ထိခိုက်ပျက်စီးခဲ့ပြီး သစ်ပင်နဲ့ လျှပ်စစ်မီးတိုင်တွေလဲကျခဲ့ပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့မှာ မနေ့က အမျိုးသမီးတစ်ဦးကိုပြန်ပေးဆွဲဖို့ကြိုးစားမှုဖြစ်ခဲ့သလို ဒီက​နေ့မှာလည်း လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီထိန်းချုပ်ပြီးတဲ့နောက်ပိုင်း လုယက်သတ်ဖြတ်မှုတွေ မကြာ ခဏဖြစ်ပွားနေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့မှာ အမျိုးသားတစ်ဦးကို လူတစ်စုက ပြန်ပေးဆွဲဖို့ကြိုးပမ်းခဲ့ပေမယ့် အဆိုပါအမျိုးသား ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။