Connect with us

Hi, what are you looking for?

သတင်း

ဒေါနတပ်ရင်းအမည်သုံး ငွေကြေးကောက်ခံမှုများရှိနေ၍ တိုင်ကြားနိုင်ကြောင်း အသိပေး

ဒေါနစစ်ကြောင်းသည် တနင်္သာရီနှင့် မွန်ဒေသတွင် ဒေသတွင်းတော်လှန်ရေးတပ်များနှင့်ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေသည့် တပ်ဖွဲ့ဖြစ်သည်။

(ဒေါနစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ဒေါနစစ်ကြောင်း)
(ဒေါနစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ဒေါနစစ်ကြောင်း)

ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ်(၃)၊ ဒေါနတပ်ရင်း အမည်သုံးပြီး ငွေကြေးကောက်ခံမှုများရှိနေ၍ ထိုသို့ပြုလုပ်မှုများတွေ့ရှိပါက တိုင်ကြားနိုင်ကြောင်း ဒေါနစစ်ကြောင်းက ကြေညာချက် ထုတ်ပြန်သည်။

ဒေါနတပ်ရင်းအနေဖြင့် ပြည်သူလူထုထံမှ ငွေကြေးကောက်ယူခြင်း၊ငွေညှစ်ခြင်း၊လောင်းကစားဝိုင်းများခွင့်ပြုခြင်း၊အခွန်/ဆက်ကြေးကောက်ခံခြင်းများ စသည့် ပြည်သူလူထုပေါ် အကျင့်ပျက်အနိုင်ကျင့်သည့် လုပ်ရပ်များကို အဖွဲ့အစည်းစတင်တည်ထောင်ချိန်မှစ၍ ယခုအချိန်ထိ ပြုလုပ်ခဲ့ခြင်းမရှိဟု အသိပေးပြီး နောက်နောင်တွင်လဲ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း ဖော်ပြသည်။

” စစ်ကြောင်းအမည်နဲ့ တချို့လက်နက်ကိုင်အဖွဲ့တွေ အသုံးချနေတာကြောင့်ဖြစ်ပါတယ်”ဟု ဒေါနစစ်ကြောင်း စစ်ကြောင်းမှူးစောဒါးကိုကကြေညာချက် ထုတ်ပြန်ရခြင်းအပေါ် ပြောပြသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်သူများအနေဖြင့် ဒေါနတပ်ရင်းအမည်သုံး၍သော်လည်းကောင်း ငွေကြေးကောက်ခံမှုလုပ်ရပ်များ ပြုလုပ်ပါက (သို့မဟုတ်) ပြုလုပ်သည်ကိုတွေ့ရှိပါက သက်သေနှင့်တကွ တိုင်ကြားနိုင်ပြီး အကျင့်ပျက်လုပ်ရပ်များအား ထိထိရောက်ရောက်အရေးယူများမည်ဖြစ်ကြောင်း အသိပေးသည်း။

တိုင်ကြားနိုင်သည့် ဖုန်းနံပါတ် ၀၉ ၈၈၄၈၉၆၇၄၅ ကို ထုတ်ပြန်ခဲ့ပြီး ဒေါနတပ်ရင်း၏ တရားဝင် Daw Na Column -P29902 (ဒေါနစစ်ကြောင်း) Facebook Page သို့လည်း သက်သေနှင့်တကွဆက်သွယ်တိုင်ကြားနိုင်သည်ဟု အသိပေးသည်။

ဒေါနစစ်ကြောင်းသည် တနင်္သာရီနှင့် မွန်ဒေသတွင် ဒေသတွင်းတော်လှန်ရေးတပ်များနှင့်ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေသည့် တပ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၍ထိခိုက်သေဆုံးသူများနေကြောင်း ဒေါနစစ်ကြောင်း -၂ YGFက ယနေ့(ဩဂုတ် ၂၉ရက်) ထုတ်ပြန်သည်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ​၏ ခမရ(၅၈၈) တပ်ရင်းမှူးနေအိမ်နှင့်လက်နက်တိုက်ကို တော်လှန်​ရေးတပ်များ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၃၃) စစ်ဆင်ရေးမှူး၊ ဒေါနစစ်ကြောင်းမှူးလည်းဖြစ်သူ စောဒါးကိုက လူထုနွေဦးသို့ပြောသည်။

သတင်း

တနင်္သာရီမြို့နယ်အခြေစိုက် ခမရ(၅၅၈) တပ်ရင်းက တပ်ကြပ်ကြီးတစ်ဦးဦဆောင်တဲ့ စစ်သားသစ် ခုနစ်ဦးဟာ လက်နက်တွေနဲ့ မနေ့က (ဖေဖော်ဝါရီ ၁၉ရက်)မှာ အလင်းဝင်လာတယ်လို့ ဒေါနစစ်ကြောင်းရဲ့ ပြောရေးဆိုခွင်ရှိသူ ဒုတပ်ရင်းမှူး ရဲဘော်ဝေကြီးက ပြောပါတယ်။

သတင်း

■စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများဟု ဒေါနစစ်ကြောင်း ပြော